Pages

Monday, August 25, 2014

အိပ်ချိန်၈နာရီ ပြည့်ပြည့်၀၀ အိပ်ထားတဲ့ပုံစံမျိုးဖြစ်အောင် ၈မိနစ်အတွင်း ပြင်ဆင်ကြည့်ချင်တယ် ဆိုရင်


RangonNewsDaily:: August . 24 .2014
ညဘက်တွေမှာ သူငယ်ချင်းတွေနဲ့ လျှောက်သွား၊ လျှောက်စားနဲ့ အိပ်ယာဝင်ချိန်တွေ နောက်ကျ၊ ဒါမှမဟုတ်လည်း အကြောင်းအမျိုးမျိုးကြောင့် ညဘက် အိပ်ယာဝင်ချိန်တွေ နောက်ကျပြီး မနက်နိုးတဲ့အခါ အိပ်ရေးမ၀တဲ့ပုံစံမျိုး ဖြစ်မနေစေဖို့ ဒီလို အချက်လေးတွေအတိုင်း လုပ်ဆောင်ကြည့်လိုက်ပါလား။
၁။ဇွန်းတွေကို အသုံးချဖို့ အချိန်ရောက်ပါပြီ။

အိပ်ယာနိုးနိုးချင်း ဇွန်းရှည်နှစ်ချောင်းကို ထုတ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ အဲ့ဒီထည့်ထားတဲ့အချိန်မှာ ရေသောက်တာတို့၊ အပေါ့သွားတာတို့ လုပ်နေလိုက်ပေါ့။ ဇွန်းတွေ နည်းနည်းအေးသွားလောက်ပြီလို့ထင်ရင် အဲ့ဒီဇွန်းတွေ ထုတ်ပြီး မျက်လုံးတစ်ဝိုက်ကို အုပ်ပေးထားလိုက်ပါ။ ဒါပြီးရင်တော့ မျက်လုံးတစ်ဝိုက်ကို eye cream လေး နည်းနည်း လိမ်းပေးထားလိုက်ပါ။

၂။အေးမြတဲ့ရေနဲ့ မျက်နှာသစ်ပါ။

နွေးတဲ့ရေထက် အေးမြတဲ့ရေက သင့်ကို ပိုလန်းဆန်းစေပါတယ်။ ဒါ့အပြင် အေးမြတဲ့ရေဟာ မျက်နှာနီနေတာမျိုးတွေ မဖြစ်စေသလို အသားအရေကို ပိုကျစ်လစ်သွားစေနိုင်တာမို့ သင့်မျက်နှာအသားအရေအတွက် အဆင်ပြေစေမှာပါ။

၃။မျက်နှာကို နည်းနည်း နှိပ်နယ်ပေးပါ။

မျက်နှာလိမ်းနေကျ အဆီတစ်မျိုးမျိုးကို ယူပြီး ပါး၊ နဖူးနဲ့ မေးစေ့အားလုံးကို သင့်လက်ချောင်းထိပ်လေးတွေနဲ့ ညင်ညင်သာသာ နှိပ်နယ်ပေးလိုက်ပါ။ ဖြစ်နိုင်မယ်ဆိုရင် နားတွေ၊ မေးရိုးတစ်လျှောက်ကိုလည်း နှိပ်ပေးဖို့ လိုပါတယ်။ အဲ့ဒီလို သုံးခါလောက် မျက်နှာကို နှိပ်နယ်ပေးလိုက်တဲ့အခါ အသားအရေပုံစံဟာ ပိုမိုကောင်းမွန်လာတာ တွေ့ရမှာပါ။

၎။အသားအရေ တောက်ပနေပါစေ။

အရင်ညတွေက ကောင်းကောင်းအိပ်ခဲ့ရလို့ နောက်နေ့မနက် လိမ်းနေကျခရင်မ်လေးလုံး အပြင်သွားလိုက်တာ ကိစ္စမရှိပါဘူး။ ခုတစ်ခါကတော့ အဲ့ဒီလို ပုံမှန်ခရင်မ်ထက်စာရင် ကိုယ်လိမ့်မယ့် ခရင်မ်မှာ အသားအရေကို ပိုမိုတောက်ပနေစေမယ့် လက်ဖက်စိမ်းသတ္တိပါဝင်နေတာမျိုး၊ ဒါမှမဟုတ်လည်း ကဖင်းဓာတ်တစ်ခုခု ပါဝင်နေတဲ့ ခရင်မ်မျိုးက သင့်အသားအရေကို ကြည်လင်တောက်ပနေစေမှာပါ။

၅။မိတ်ကပ်လိမ်းခြယ်မှုကိုလည်း သတိထားပါ။

အရင်လိမ်းနေကျ မိတ်ကပ်ပုံစံမျိုးထက်စာရင် တက်တက်ကြွကြွနဲ့ အိပ်ရေးဝတဲ့ မျက်နှာမျိုးဖြစ်စေဖို့ မေးရိုးကို အသားပေးလိမ်းခြယ်ရမှာပါ။ ဖြစ်နိုင်မယ်ဆိုရင် ခရင်မ်နဲ့ မိတ်ကပ်သား နည်းနည်းရောပြီး လိမ်းပေးဖို့ပါပဲ။ မိတ်ကပ်သားက ရွှေအိုရောင်ဘက်သမ်းတဲ့ အေ၇ာင်ဆိုရင် ပိုလို့တောင် ကောင်းပါသေးတယ်။

၆။မျက်လုံးကို အသားပေးခြယ်သပါ။

အရင်တုန်းက smokey eye ပုံစံမျိုး ခြယ်နေကျဆိုရင်တောင် ဒီလိုနေ့မျိုးမှာတော့ မျက်လုံးကို အသားပေးတဲ့ ခြယ်သမှုမျိုးကို ဦးစားပေးလိုက်ပါ။ အသားရောင်လိုင်နာနဲ့သာ ခြယ်ပါ။ အသားရောင်ဟာ အဖြူရောင်ထက်စာရင် မျက်လုံးကို ပိုကျယ်ပြီး၊ ပိုကြီးသယောင် ဖြစ်သွားစေတာမို့ပါ။ (Trend)

We Match , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment