Pages

Monday, August 25, 2014

ဟီရိုရှီးမား မြေပြိုမှုကြောင့် သေဆုံးသူ ၅၀ အထိ ရှိလာ


RangonNewsDaily:: August . 24 .2014
ဂျပန်နိုင်ငံ အနောက်ပိုင်း ဟီရိုရှီးမား မြို့ပြင်တွင် သြဂုတ် ၂၀ ရက်က ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် သေဆုံးသူအရေအတွက်မှာ သြဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် သေဆုံးသူအရေအတွက် ၅၀ အထိ ရှိလာကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းပြီးဖြစ်ပွားခဲ့သည့် မြေပြိုမှုတွင် အိမ်ပေါင်းများစွာ မြေမြုပ်သွားခဲ့ပြီး လေးရက်အကြာတွင် ပျောက်ဆုံးနေသူ ၃၈ ဦးအထိ ရှိနေသေးကြောင်း နယ်မြေရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်ထားသည်။

မီးသတ်သမားများ၊ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ကယ်ဆယ်ရေးသမား ၃၀၀၀ ခန့်က ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း သြဂုတ် ၂၄ ရက်က မိုးများ ရုတ်တရက် ထပ်မံရွာသွန်းပြီး မြေပြိုမှုများ ထပ်မံဖြစ်ပွား နိုင်သောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရကြောင်း သိရသည်။

Ref:AFP ,Mizzima - 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time