Pages

Monday, August 25, 2014

ဆင်းရဲသားပပျောက်ရေး ................

RangonNewsDaily:: August . 25 .2014
ဆင်းရဲသားပပျောက်အောင် အနုနည်းနဲ့ ပြည်သူတွေကို အသေသတ်ပစ်နည်းမှာ ၂ပေ ၃ပေ
အမြင့်သာရှိတဲ့ ဓနိကာအိမ်သာတွေသာသုံးနိုင်အောင်မွဲတေအောင်လုပ်ထားခြင်းဖြစ်သည်။ 

စားအုံးဆီနဲ့ ကျန်းမာရေးမညီညွတ်သောအဆီအခဲအစားအစာများစားသုံးမှုများလာသဖြင့်ပြည်
သူတွေမှာ အဆီပိတ်သွေးကြောပိတ်ရောဂါများသည်အသံတိတ်လူသတ်သမားများသဖွယ် လူတွေနားရောက်လာတယ်။ 

ဒူးကွေးထိုင်အိမ်သာများသည် ဒူးကွေးထားလို့ ဒူးအထက်ပိုင်းသွေးကြောတွေပိတ်မိသလိုဖြစ်ကာ အိမ်သာတက်ပြီး ထွက်လာတိုင်း ရုတ်တရက်မူးဝေပြီး ဦးနှောက်သွေးကြောပြတ်ကာသေဆုံးသော တောရွာနေဆင်းရဲသားပြည်သူတွေ တနေ့တခြားများပြားလာတာတွေ့ရတယ်။ 
::
ရာသီဥတုကလည်း ပူလိုက်အေးလိုက်နဲ့ လယ်ကွင်းပြင်မှာနေကြရသူတွေကို မိုးလုံလေလုံ ရာသီဥ
တုခံနိုင်ရည်ရှိသော တဲကြီးကြီးဆောက်ခွင့်မပေးတဲ့အပြင် အိမ်သာဆိုပိုဆိုးဖြစ်နေသဖြင့် လယ်
ထဲမှာ လယ်စိုက်ရင်း တဲထိုးနေတဲ့မိသားစုတွေဘဝမှာ သေမင်းနှုတ်ခမ်းနားနေသလို
မျိုးဖြစ်နေလေသည်။ 

အိမ်သာမတက်မီ ရေအဝသောက်တဲ့အကျင့်မရှိတော့ အိမ်သာတက်တိုင်း ရုတ်တရက်လေဖြတ်
တတ်မှုမှာလည်း တနေ့တခြားများပြားလာသဖြင့် ရွာတွေမှာ လူမှုကျန်းမာရေးအသိအမြင်တွေ
နည်းပါးနေကြလို့ ဆင်းရဲသားပြည်သူတွေဘဝပျက်အောင် ဒုက္ခပေးနေကြသော ငွေကုန်ကြေး
ကျများတဲ့ လေဖြတ်ရောဂါနဲ့ ကလေးငယ်များငယ်ငယ်ရွယ်ရွယ်နဲ့ အုပ်ထိန်းသူမဲ့အောင် လုပ်နေ
ကြတဲ့ ဦးနှောက်သွေးကြောပြတ်ရောဂါများ လျှော့နည်းစေဖို့ ဘိုထိုင်အိမ်သာများ ရွာတွေမှာ ဆောက်နိုင်အောင် အပူရှိန်မြင့်လွန်းတဲ့ တဲသေးသေးအစား လေဝင်လေထွက်ကောင်းပြီး အပူမျှ
တတဲ့တဲမျိုးတွေကို ဆောက်လုပ်နေခွင့်ပေးရန်၊ 
::
အိမ်သာတက်တိုင်း ရေအဝသောက်နိုင်ဖို့ သောက်ရေများအလုံအလောက်ရှိအောင် တာဝန်ရှိ
သူများက ဆင်းရဲသားပြည်သူများ အသေအပျောက်များပြားပြီး လေဖြတ်ရောဂါကြောင့် ဆင်းရဲ
သထက် ဆင်းရဲကာဘဝပျက်တဲ့ အဖြစ်မျိုးမရှိစေရန်အစိုးရအနေနဲ့ ပညာပေးဖို့ တာဝန်များ
စွာရှိနေပါသည်။ 

ကာကွယ်ခြင်းသည် ကုသခြင်းထက် ကုန်ကျစရိတ်များစွာသက်သာသဖြင့် ဆင်းရဲသားပြည်သူတွေ ကျန်းမာရေးညီညွတ်စွာနေထိုင်နိုင်ဖို့ အစိုးရအနေဖြင့် လူလိုသူလိုနေထိုနိုင်ဖို့ တဲကြီးကြီးဆောက်
ခွင့်ပေးခြင်း၊ ဘိုထိုင်အိမ်သာများကို ရွာတွေမှာမဖြစ်မနေ အသုံးပြုအောင် အားပေးထောက်ပံ့ ပညာပေးခြင်း၊ 
::
အိမ်သာမတက်မီ ရေမချိုးမီ ရေအဝသောက်ကာ ကြိုအနားယူတတ်တဲ့အကျင့်မျိုးတွေကို လုပ်ဆောင်ပေးဖို့အရေးတကြီးလိုအပ်နေပါပြီ။ ထိုအချက်တွေကို ဆင်းရဲသားပြည်သူတွေ
သိအောင် ပညာမပေးပဲ သိသိကြီးနဲ့ ပစ်ထားသောအစိုးရသည် ဆင်းရဲသားပပျောက်အောင် ဆင်းရဲသားတွေကို အနုနည်းနဲ့ သတ်နေသည်ဟုပင်ဆိုချင်သည်။ 

AungKyawSoe ::--
 KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment