Pages

Monday, August 25, 2014

စာချုပ်ပါအချက်ဖောက်ဖျက်မှုဖြင့် မြန်မာ့ဆက်သွယ်ရေးကို အမေရိကန်တွင် တရားစွဲမည်

RangonNewsDaily:: August . 24 .2014
သဘောတူစာချုပ်ပါအချက်ကို ဖောက်ဖျက်မှုအတွက် မြန်မာ့ဆက်သွယ်ရေးကို အမေရိကန်နိုင်ငံတွင် တရားစွဲ ဆိုသွား
မည်ဟု အမေရိကန်အခြေစိုက် IIWS Telecommunication ကုမ္ပဏီ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှ ယ် ဒေါက်တာမြတ်နုခိုင်က မဇ္ဈိမကို ပြောသည်။
အမေရိကန်အခြေစိုက် IIWS ကုမ္ပဏီအနေဖြင့် ဖုန်းပြောဆိုမှုတွင် အသံပိုင်းဆိုင်ရာ ဝန်ဆောင်မှုကောင်းမွန်စေ ရေး လုပ်ဆောင်ရန် မြန်မာ့ဆက်သွယ်ရေးနှင်၁၉၉၉ခုနှစ်တွင်သဘောတူစာချုပ်ချုပ်ဆိုခဲ့သော်လည်းလက်ရှိချိန်ထိ လုပ်ဆောင်
ရန်ပျက်ကွက်ခဲ့သည့်အတွက် အမေရိကန်တွင် တရားစွဲဆိုရန် ပြင်ဆင်နေခြင်းဖြစ်သည်။

“စာချုပ်ပါ အချက်တွေကို ဖောက်ဖျက်တဲ့အတွက် ကုမ္ပဏီရဲ့ ဆုံးရှုံးမှုနဲ့ ဌာနေကိုယ်စားလှယ်ရဲ့ နိုင်ငံသားအခွင့် အရေး

ဆုံးရှုံးခဲ့ရတာကြောင့် အမေရိကန်နိုင်ငံမှာ တရားစွဲဖို့အသင့်ပြင်ထားပါပြီ။ ကုမ္ပဏီရဲ့ မူရင်း မိခင်ဌာနက အမေရိကန်က
ဆိုတော့ အမေရိကားမှာပဲ သွားပြီး စွဲဖို့အသင့်ပြင်ထားပါတယ်။စာချုပ်ပါအချက်တွေ အတိုင်းစွဲမှာပါ။ မြန်မာနိုင်ငံက ဥပဒေနဲ့စွဲမှာ မဟုတ်ပါဘူး” ဟု ဒေါက်တာမြတ်နုခိုင်က ပြောသည်။

စာချုပ်ပါအချက် ဖောက်ဖျက်မှုကြောင့် တရားစွဲဆိုသွားမည်ဟု ရေးသားထားသည့် အကြောင်းကြားစာကို မြန်မာ့ဆက်

သွယ်ရေးထံ နှစ်ကြိမ် ပေးပို့ထားပြီးဖြစ်သည်။

“စာချုပ်ပါအတိုင်းကို ဟိုဘက်က အခွင့်အရေးအတိုင်းတရားစွဲမှာပါ။ စာချုပ်မှာတော့ အန်တီ တို့က ဘာလုပ်ပါမယ်။ mpt က ဘာလုပ်ပါမယ်ဆိုတာတွေ ပါမယ်။ အငြင်းပွားမှု ဖြစ်လာရင် ကုလ သမဂ္ဂဆိုင်ရာ ဥပဒေ နဲ့ ဖြေရှင်းပါမယ်လို့ လက်

မှတ်ထိုးထားကြတာ။ အခု သူတို့ကဘာမှ အကြောင်းမ ကြားဘူးဆိုတော့ အငြင်းပွားသလို ဖြစ်တာပေါ့ ” ဟု ၄င်းက ပြောသည်။

ယခုကိစ္စအပေါ် မြန်မာ့ဆက်သွယ်ရေး အဝေးဆက်ဌာနမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက “နား လည်မှုလွဲတာမျိုးပါ။ တရားဥပဒေအတိုင်းပဲ ဖြစ်သွားမှာပါ။ ကျွန်တော်တို့အဝေးဆက်အနေနဲ့ကတော့ သူတို့ လိုအပ်မယ့် အချက်အလက်တွေကိုရှာပေးတာမျိုးပဲဖြစ်ပါတယ်။ သူတို့ဆီကိုလည်း အီးမေးလ်နဲ့ အကြောင်းပြန်ပေးထားပါတယ်” ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးက စာချုပ်ပါအချက်များကို ဖောက်ဖျက်သဖြင့် အမေရိကန်အခြေစိုက် IIWS ကုမ္ပ ဏီအနေဖြင့် ကုမ္ပဏီ၏ ဆုံးရှုံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၃ဝ ခန့် နှင့် ဌာနေကိုယ် စားလှယ်၏ နိုင်ငံသားအခွင့်အရေးဆုံးရှုံးခဲ့သည့်နစ်နာကြေး အမေရိကန်ဒေါ်လာ သန်း ၁၅ဝ ခန့်ရလို မှုဖြင့် တရားစွဲဆိုသွားရန်စီစဉ် ခြင်းဖြစ်သည်ဟု IIWS ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးတင်အေးက ပြောသည်။

ယင်းကဲ့သို့ တရားစွဲဆိုရန် စီစဉ်ထားမှုများနှင့် လက်ရှိအခြေအနေများကို သြဂုတ် ၂၉ ရက် တွင် စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ပြီး အသိပေးသွားမည်ဖြစ်သည်။

mizzima , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment