Pages

Monday, May 20, 2013

Tumblr ဘလော့ဂ် ဝန်ဆောင်မှုအား ဒေါ်လာ ၁.၁ ဘီလီယံဖြင့် Yahoo ဝယ်တော့မည်

Tumblr ဘလော့ဂ် ဝန်ဆောင်မှုအား ဒေါ်လာ ၁.၁ ဘီလီယံဖြင့် Yahoo ဝယ်တော့မည်

အမှုဆောင်အရာရှိချုပ် Marissa Mayer ၏ ဦးဆောင်မှုဖြင့် ညှိနှိုင်းဆွေးနွေးမှုများ အပြီးတွင် Yahoo အနေဖြင့် ဘလော့ဂ် ဝန်ဆောင်မှု အင်တာနက်စာမျက်နှာ Tumblr အား ဒေါ်လာ ၁.၁ ဘီလီယံဖြင့် ဝယ်ယူရန် ဘုတ်အဖွဲ့မှ ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ 

Yahoo ၏ ပထမဦးဆုံးဖြစ်သလို နည်းပညာလောက၏ အကြီးဆုံး ကုမ္ပဏီများထဲမှ ပထမဦးဆုံးသော အမျိုးသမီး CEO ဖြစ်သူသည် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် Yahoo အား ဦးဆောင်ရန် ၂၀၁၂ ဂျွန်လအတွင်းက ရောက်ရှိလာခဲ့သည်။ ယခု သဘောတူညီချက်မှာ သူမ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့သည့် အကြီးဆုံးသော စီးပွားရေး ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး Yahoo အနေဖြင့် ယခင်ကာလများကလို အမှားအယွင်းမရှိအောင် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။ 

Tumblr ဆိုသည်မှာလည်း အင်တာနက်၏ နာမည်အကျော်ဆုံး သုံးစွဲသူဖန်တီးမှုဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် အင်တာနက် စာမျက်နှာတစ်ခုဖြစ်သည်။ Tumblr အား ဝယ်ယူပြီးပါက Yahoo အနေဖြင့် အဓိက ရင်ဆိုင်နေရသည့် ပြဿနာဖြစ်သည့် လူမှုကွန်ယက်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိခြင်းအား ဖြေရှင်းနိုင်မည် ဖြစ်သည်။ 

သို့သော်လည်း Yahoo အနေဖြင့်မူ ဤအရောင်းအဝယ်အတွက် “မတန်” သည့် ပမာဏအား ပေးချေရမည်ဖြစ်ကြောင်း ၊ Tumblr ၏ ၂၀၁၂ ခုနှစ်ဝင်ငွေမှာ ဒေါ်လာ ၁၂ သန်းခန့်သာ ရှိခဲ့ကြောင်း ၊ ယင်းအတွက်ကြောင့် Yahoo အဆိုပြုထားသည့် ဒေါ်လာ ၁.၁ ဘီလီယံဆိုသည်မှာ Tumblr ၏ ပကတိတန်ဖိုး မဖြစ်နိုင်ကြောင်း၊ Yahoo အနေဖြင့် ဆုံးဖြတ်ချက် မှန်ကန်ပါစေလို့သာ ဆုတောင်းရမည်ဖြစ်ကြောင်း ကျွမ်းကျင်းသူများက ဆိုနေကြသည်။ 

ယင်းသတင်း ထွက်ရှိလာပြီးနောက် Yahoo ၏ စတော့ရှယ်ရာ ဈေးနှုန်းမှာ ၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေါ်လာ ၂၆.၅၂ ဈေးပေါက်လျက် ရှိနေသည်။

အမှုဆောင်အရာရှိချုပ် Marissa Mayer ၏ ဦးဆောင်မှုဖြင့် ညှိနှိုင်းဆွေးနွေးမှုများ အပြီးတွင် Yahoo အနေဖြင့် ဘလော့ဂ် ဝန်ဆောင်မှုအင်တာနက်စာမျက်နှာTumblr အား ဒေါ်လာ ၁.၁ ဘီလီယံဖြင့်ဝယ်ယူရန်ဘုတ်အဖွဲ့
မှ ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

အကြမ်းဖက်ခံ ဥက္ကံ ရွာများသို့ ဗိုလ်တထောင် NLD အဖွဲဝင်များနှင့် လူငယ်ကွန်ရက်များ သွားရောက်လှူဒါန်း

M-Media

အကြမ်းဖက်ခံ ဥက္ကံ ရွာများသို့ ဗိုလ်တထောင် NLD အဖွဲဝင်များနှင့် လူငယ်ကွန်ရက်များ သွားရောက်လှူဒါန်း========================မေလ ၁၉၊ ၂၀၁၃M-Mediaသတင်း - ဆူးထက် ဗိုလ်တထောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ဘိုကလေးဈေး လူငယ်များ၊ မဇ္ဖျိမ လူငယ်ကွန်ရက်များမှ မေလ ၁၉ရက်နေ့ မနက် ၈နာရီတွင် အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်ပွားခဲ့သော မြို့များ၊ ကျေးရွာများ အနက် ဥက္ကံမြို့ ကျွဲကုန်းလေး၊ ခြောက်တဲ၊ ပနီပင် ကုလားစု၊ မီးလောင်စခန်း ကျေးရွာများသို့ ကားအစီးရေ (၆)စီးဖြင့် လှူဒါန်းပစ္စည်းများ သယ်ဆောင်ကာ သွားရောက်ပေးလှူခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ကျေးရွာများသို့ ဆန်၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီ၊ ကုလားပဲ၊ ကြက်ဥ၊ ဆီ၊ အ၀တ်အထည်၊ အိပ်ယာခင်း၊ ကော်ဖီမစ်၊ ငါးသေတ္တာ၊ ရေသန့်၊ ငွေ အားလုံး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ် တစ်ဆယ့်ငါးသိန့်း (၁၅၀၀၀၀၀) ကျော်ခန့် အလှူရှင်များမှ ပေးအပ်ခဲ့ကြောင်း သိရသည်။ မီးလောင်ပျက်စီးကာ ပြာကျခဲ့သော ကျေးရွာများ ဖြစ်သည့် ကျွဲကုန်းလေး အိမ်ခြေ (၄၉) အိမ်၊ ခြောက်တဲ (၁၆)အိမ်၊ ပနီပင် ကုလားစု (၆) အိမ်၊ မီးလောင်စခန်း (၁၀) အိမ် စုစုပေါင်း ၈၁ အိမ် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်

မေလ ၁၉၊ ၂၀၁၃

ဗိုလ်တထောင်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ဘိုကလေးဈေး လူငယ်များ၊ မဇ္ဖျိမ လူငယ်
ကွန်ရက်များမှ မေလ ၁၉ရက်နေ့ မနက် ၈နာရီတွင် အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်ပွားခဲ့
သော မြို့များ၊ ကျေးရွာများအနက်ဥက္ကံမြို့ကျွဲကုန်းလေး၊ ခြောက်တဲ၊ပနီပင်ကုလားစု၊မီးလောင်စခန်းကျေးရွာ
များသို့ ကားအစီးရေ (၆)စီးဖြင့် လှူဒါန်းပစ္စည်းများ သယ်ဆောင်ကာ သွားရောက်ပေးလှူခဲ့ကြောင်း သတင်းရ
ရှိသည်။

ပဒူတုပ်၍ သေဆုံးမှု ရှိလာသဖြင့် ဆေးဖျန်းရန် စည်ပင်အသင့်ရှိဟုဆို

ရန်ကုန်မြို့တွက် ငါးရက်အတွင်း ပဒူတုပ်၍ လူတစ်ဦးသေဆုံးပြီး လေးဦးဆေးရုံတင်ခဲ့ရပြီးနောက် ပဒူသတင်းရပါကပိုးသတ်ဆေးဖျန်း ရှင်းလင်းနိုင်ရန် အဆင်သင့်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ စီမံရေးရာဌာနမှ အရာရှိတစ်ဦးက ပြောသည်။

ဂီယာနှစ်မျိုး အသုံးပြုနိုင်သည့် Probox Succeed အရောင်းသွက်လာ


ဂီယာနှစ်မျိုး အသုံးပြုနိုင်သည့် Probox Succeed အရောင်းသွက်လာ
Monday, May 20, 2013

ရန်ကုန်ကားဈေးကွက်တွင်း ကုမ္ပဏီတစ်ခုထဲမှထုတ်လုပ်သည့် Probox ကားများထက် Probox Succeed ကားများမှာ ပိုမိုအရောင်းအ၀ယ်မြင့် တက်နေသည်ဟု ကားရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတို့က ဆိုသည်။ 

"ပရိုဘောက်နဲ့ ပရိုဘောက် Succeedက ဈေးသိပ်မကွာဘူး။ ဘယ်ပစ္စည်း ဘယ်အရာပဲဖြစ်ဖြစ် အားနည်းချက် အားသာချက်ကတော့ ရှိကြတာပဲ၊ ဈေးနှုန်းကြည့် ကြသလို အကြိုက်ချင်းလည်း မတူကြဘူး"ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုမောင်မောင်လတ်က ပြောသည်။ 

အဆိုပါ Probox ကားများအား ဂျပန်နိုင်ငံ Toyota ကုမ္ပဏီမှ ထုတ်လုပ်၍ ပြည်တွင်း ရန်ကုန် ကားဈေးကွက် အတွင်း၌  Probox Succeed ကားများ အရောင်းအ၀ယ်ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ကားဈေးကွက်တွင်း Probox ကားများမှာ မော်ဒယ်အမျိုးအစား ပေါ်မူတည်၍ ကျပ် သိန်း ၁၀၀ မှ ကျပ် သိန်း ၁၃၀ ၀န်းကျင် ဈေးကွက်ရှိပြီး Probox Succeed ကားများမှာ မော်ဒယ်အမျိုးအစားပေါ် မူတည်၍ ကျပ် သိန်း ၁၂၀ ၀န်းကျင်မှ ကျပ် သိန်း ၁၇၀ ၀န်းကျင် အထိ ဈေးရှိကြောင်း စုံစမ်းသိရှိရသည်။

 "ပရိုဘောက် Succeed က ၀င်တာနည်းနည်း နောက်ကျတယ်။ ပရိုဘောက်တွေ အရောင်းအ၀ယ် သွက်ခဲ့ တယ်။ နောက်ပိုင်း ပရိုဘောက် Succeed တွေ လူကြိုက်များလာတယ်။ သုံးစွဲတာလည်း များလာတယ်"ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ကားအရောင်းစင်တာတစ်ခုမှ မင်းကိုထက်က ပြောသည်။

Probox နှင့် Probox Succeed ကားများသည် ပုံစံတူ အနေအထားရှိပြီး Succeed အမျိုးအစားတွင် Auto ဂီယာနှင့် Manual ဂီယာနှစ်မျိုးရှိကာ ရွေးချယ်အသုံးပြုနိုင်ခြင်းကြောင့် Probox Succeed ကားများကို နှစ်သက် ၀ယ်ယူမှုများပြားလာခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ ကားရောင်းဝယ်ရေးစင်တာအချို့က ဆိုသည်။ 

ပြည်တွင်းကားဈေးကွက်သို့ ၂၀၁၀ ခုနှစ် နောက်ပိုင်း သက်ဆိုင်ရာဌာနမှ ကားတင်သွင်းခွင့်ဆိုင်ရာ ဖြေလျှော့ မှုများ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ကားတင်သွင်းမှု တိုးမြှင့်လာခဲ့ပြီး လက်ရှိ ၂၀၁၃ ခုနှစ်တွင် ဈေးနှုန်း၊ အမျိုး အစား၊ အရည်သွေး ပေါ်မှုတည်၍ ကားရွေးချယ် ၀ယ်ယူနိုင်မှု မြင့်တက်လာခဲ့သည်ဟု ကားဈေးကွက်အတွင်း က သိရှိရသည်။

ရန်နောင်ဖြိုး (မြစ်မခ)
http://myitmakhamediagroup.com/detail.php?newid=4619

Monday, May 20, 2013

ရန်ကုန်ကားဈေးကွက်တွင်းကုမ္ပဏီတစ်ခုထဲမှထုတ်လုပ်သည့် Probox ကားများထက် Probox Succeed ကား
များမှာ ပိုမိုအရောင်းအ၀ယ်မြင့် တက်နေသည်ဟု ကားရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတို့က ဆိုသည်။

မျက်စိအကြောင်းသိကောင်းစရာ

မျက်စိအကြောင်းသိကောင်းစရာ
Monday, May 20, 2013

၁) လူတွေဟာ ပျမ်းမျှအားဖြင့် တစ်မိနစ်ကို ၁၂ ကြိမ်လောက် မျက်တောင်ခတ်ကြပါတယ်...

၂) မျက်လုံးတစ်လုံးမှာ အလုပ်လုပ်ဆောင်တဲ့အစိတ်အပိုင်းပေါင်း ၂ သန်းကျော် ပါဝင်ဖွဲ့စည်းထားပါတယ်...

၃) လူတွေရဲ့မျက်လုံးဟာ 576 Mega pixel ရှိပါတယ်...

၎) မျက်ကြည်လွှာတွေဟာ သွေးမလိုအပ်တဲ့ တစ်ခုတည်းသော တစ်သျှူးအမျိုးအစားဖြစ်ပါတယ်...

၅) တစ်နာရီတိုင်းမှာ အချက်အလက်ပေါင်း 36000 bits ကို မျက်လုံးက process လုပ်နိုင်ပါတယ်....

၆) လူတစ်ယောက်ရဲ့မျက်ဆန်ဟာ ခန့်မှန်းအားဖြင့် ၂၈ ဂရမ် အလေးချိန်ရှိပါတယ်...

၇) မျက်စိဖွင့်ပြီး နှာချေလို့မရပါဘူး...

၈) လူတွေဟာ တစ်နေ့ကို အကြိမ် တစ်သောင်းလောက် မျက်တောင်ခတ်ကြပါတယ်....

Source: Engineering vs Medical

နှိုင်းရင့်နွေ


Monday, May 20, 2013

၁) လူတွေဟာ ပျမ်းမျှအားဖြင့် တစ်မိနစ်ကို ၁၂ ကြိမ်လောက် မျက်တောင်ခတ်ကြပါတယ်...

၂) မျက်လုံးတစ်လုံးမှာ အလုပ်လုပ်ဆောင်တဲ့အစိတ်အပိုင်းပေါင်း ၂ သန်းကျော် ပါဝင်ဖွဲ့စည်းထားပါတယ်...

အမေရိကန်မှဘရာဇီးလ်သို့ ဘောလုံးကိုပုတ်၍သွားသူကားတိုက်သေဆုံး

အမေရိကန်မှဘရာဇီးလ်သို့ ဘောလုံးကိုပုတ်၍သွားသူကားတိုက်သေဆုံး
Monday, May 20, 2013

အမေရိကန်ပြည်ထောင်စု၊ ဆီယဲတဲလ်မြို့မှ အသက် ၄၂ နှစ် အရွယ်ရှိ ရစ်ချတ်စွမ်ဆန်သည် ၎င်း၏မြို့မှ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအား အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဘရာဇီးလ်နိုင်ငံအထိ ခရီးကီလိုမီ တာ ၁၆၀၀၀ ကို ဘောလုံးအား လက်ဖြင့်ပုတ်၍သယ်ဆောင်သွားရန် ကြံစည်ခဲ့သည်။
သို့ရာတွင်၎င်းသည်ခရီးစတင် ထွက်ခွာ၍ ရက်သတ္တပတ်နှစ် ပတ်မပြည့်မီတွင်ပင်အော်ရီဂွန် ပြည်နယ်ကမ်းခြေ၌ကားတိုက်ခံ ရ ၍သေဆုံးသွားခဲ့ပြီး ၎င်း၏ အပြာရောင်ဘောလုံးမှအနီးအနား တွင်တွေ့ရှိရကြောင်း ရဲဘက်မှ ပြောကြားလိုက်သည်။

စွမ်ဆန်သည် ၂၀၁၄ ခုနှစ် ဇွန်လတွင်ကျင်းပမည့်ကမ္ဘာ့ဘောလုံး ပွဲအမီ ဘရာဇီးလ်နိုင်ငံ၏မြို့တော် ရီယိုဒီဂျနေးရိုးမြို့သို့ရောက်ရှိရန် စီစဉ်ထားခဲ့သည်။ ၎င်းသည် ဘရာဇီးလ်နိုင်ငံသို့ရောက်ရှိရန် အတွက်မက္ကဆီကို နီကရာဂွါနှင့် ကိုလံဘီယာနိုင်ငံများအားဖြတ် ကျော်သွားရမည်ဖြစ်သည်။

ဆွမ်ဆန်သည်သူ၏ခရီးစဉ် အား မေလ ၁ ရက်နေ့တွင်စတင် ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီးအော်ရီဂွန် ပြည်နယ်၏ ပင်လယ်ကမ်းခြေမြို့ တစ်မြို့ဖြစ်သည့် နယူပို့မြို့တွင် နောက်တစ်ဆင့်ခရီးတစ်ထောက် ရပ်နားရန်ရည်ရွယ်ထားသော်လည်း ထိုမြို့သို့မရောက်ရှိမီ ၈ ကီလိုမီ တာအကွာတွင် ကားတိုက်ခံခဲ့ ရခြင်းဖြစ်သည်။

ဆွမ်ဆန်သည်၎င်း၏ခရီးစဉ် အားရိုက်ကူးထားသည့်နောက်ဆုံး ဗီဒီယိုပိုင်းကလေးအား မေလ ၁၃ ရက်နေ့ကအင်တာနက်သို့နောက်ဆုံး လွှင့်တင်ထားခဲ့သည်။ ထိုစဉ်က ၎င်းသည်လင်ကွန်းမြို့သို့ရောက် ရှိနေခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာကမ်း ခြေ၏အလှအားကြည့်ရှု၍ကြည်နူး ပျော်ရွှင်နေချိန်ဖြစ်သည်။

ဆွမ်ဆန်ကွယ်လွန်သွားချိန်၌ ၎င်းတွင် အသက် ၂၂ နှစ်အရွယ် နှင့် ၁၈ နှစ်အရွယ်သားနှစ်ဦး ကျန်ရစ်ခဲ့ကြောင်းလည်းသိရသည်။

Source: Reuters
ဥက္ကာအောင်

The Hot News



Monday, May 20, 2013

အမေရိကန်ပြည်ထောင်စု၊ ဆီယဲတဲလ်မြို့မှ အသက် ၄၂ နှစ် အရွယ်ရှိ ရစ်ချတ်စွမ်ဆန်သည် ၎င်း၏မြို့မှ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအား အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဘရာဇီးလ်နိုင်ငံအထိ ခရီး
ကီလိုမီ တာ ၁၆၀၀၀ ကို ဘောလုံးအား လက်ဖြင့်ပုတ်၍သယ်ဆောင်သွားရန် ကြံစည်ခဲ့သည်။

မက္ကဟ်နှင့် မဒီနာ ရှိ မြင့်မြတ်သော ဗလီဝတ် ကျောင်းတော် ၂ ခုတွင် တရားဟော အစီအစဉ်များ အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုပေးမည်

မက္ကဟ်နှင့် မဒီနာ ရှိ မြင့်မြတ်သော ဗလီဝတ် ကျောင်းတော် ၂ ခုတွင် တရားဟော အစီအစဉ်များ အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုပေးမည်
Monday, May 20, 2013

မက္ကဟ်မြို့ရှိ ဗလီဝတ်ကျောင်းတော်

မက္ကာ နှင့် မဒီနာ တွင်ရှိသော မြင့်မြတ်သည့် ဗလီဝတ်ကျောင်းတော် နှစ်ခု၌ ဘာသာရေး ဟောကြားချက်များအား ကမ္ဘာတဝှမ်းတွင်ရှိသော အာရပ်
ဘာသာစကား မပြောတတ်သူများအတွက် အင်္ဂလိပ်ဘာသာရပ် တစ်ဘာသာ
တိုး၍ ဟောကြားပေးမည်ဖြစ်ကြောင်း။ 

ဗလီဝတ် ကျောင်းတော် နှစ်ခု၏ အုပ်ချူပ်ရေးမှူး နှင့် Imam Muhammad bin Saud Islamic University (IMIU) တို့ ဘာသာရေး ဟောကြားချက်အား အင်္ဂလိပ်လို ဘာသာပြန်ဆိုပေးရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

တက္ကသိုလ်မှ တရားဓမ္မဘာသာပြန်ဆိုချက်များအားကြပ်မတ်မည်ဖြစ်ကြောင်း
နှင့် ဗလီဝတ်ကျောင်းတော် နှစ်ခုတွင်ပြောကြားသော အင်္ဂလိပ်ဘာသာဖြင့်
ဟောကြားချက်များအားလည်း ကြီးကြပ်မည် ဖြစ်ကြောင်း သိရသည်။

မြင့်မြတ်သော ဗလီဝတ်ကျောင်းတော် နှစ်ခု၏ အုပ်ချူပ်ရေးမှူး Sheikh Abdul Rahman Al-Sudais နှင့် IMIU ၏ ပါမောက္ခချုပ် Suleiman bin Abdullah Aba Al-Khail တို့ စာချုပ်အား သဘောတူချုပ်ဆိုခဲ့ကြပြီး၊ IMIU ရှိ ဘာသာရပ် နှင့် ဘာသာပြန်ဆိုမှု ဌာန (Dean of Languages and Translation) မှ ယခုလက်ရှိအချိန်အထိ ဘာသာရေးဟောကြားချက် ၇၆ ခု၊ စုစုပေါင်း စာမျက်နှာ ၁,၀၂၇ ရွက်အား ဘာသာပြန်ပြီးကြောင်းသိရသည်။

အလ်ဆောလ်ဒ်စ် (Al-Sudais) မှ ဆော်ဒီနိုင်ငံခေါင်းဆောင်များနှင့် တက္ကသိုလ်အား အစ္စလာမ် သာသနာ့ အဆုံးအမများအား ကမ္ဘာတဝှမ်း
ပြန့်ပွားစေမည့် စီမံချက်အား အထောက်ကူပေးခဲ့သဖြင့် အထူးကျေးဇူး
တင်ကြောင်း ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗီးယားနိုင်ငံ၊ မက္ကဟ်မြို့ရှိ ဗလီဝတ်ကျောင်းတော်နှင့် မဒီနာမြို့ရှိ တမန်တော် မုဟမ္မဒ် ဗလီဝတ်ကျောင်းတော်တို့ကို ကမ္ဘာ့အမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်များအဖြစ် အစ္စလာမ်
ဘာသာဝင်တို့က သတ်မှတ်ယုံကြည်ထားကြသည်။

M-Media
မက္ကဟ်မြို့ရှိ ဗလီဝတ်ကျောင်းတော် (သို့) ကအ်ဘာဝတ်ကျောင်းတော်

မက္ကာ နှင့် မဒီနာတွင်ရှိသော မြင့်မြတ်သည့်ဗလီဝတ်ကျောင်းတော် နှစ်ခု၌ ဘာသာရေး ဟောကြားချက်များ
အား ကမ္ဘာတဝှမ်းတွင်ရှိသော အာရပ်ဘာသာစကား မပြောတတ်သူများအတွက် အင်္ဂလိပ်ဘာသာရပ် တစ်
ဘာသာတိုး၍ ဟောကြားပေးမည်ဖြစ်ကြောင်းသိရသည်။

၁၅၀၀ ကျပ်တန် ဖုန်းလိုင်းသစ်များ သုံးမရဖြစ်နေ

ဓနုဖြူ၊ မေ ၂၀။

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့မှ လိုင်းသစ်ချပေးသည့် CDMA-800 ၁၅၀၀ ကျပ်တန် ဖုန်းလိုင်းသစ်များသည် (၁၅-၅-၂၀၁၃)နေ့မှ ယနေ့ထိ NO SERVICE သာပြနေပြီး အ၀င်အထွက်ခေါ်ဆိုမှု လုံးဝမရကြောင်း သိရသည်။ ဆက်သွယ်ရေးသို့မေးမြန်းရာတွင်လည်း အဆိုပါလိုင်းသစ်အား ခ.မ.ရ(၁၀၈) စစ်တပ်တိုင်မှ တိုက်ရိုက်ကိုင်ကြောင်း၊ စစ်တပ်တိုင်နှင့် သာဆိုင်ကြောင်း ပြောကြားသည်။

'၀'ပြည်နယ် တောင်းဆိုမှုသည် တောင်းဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း '၀'တိုင်းဥက္ကဋ္ဌ ပြောကြားဟု စံတော်ချိန် သတင်းစာတွင် ဖော်ပြ

'၀'ပြည်နယ် တောင်းဆိုမှုသည် တောင်းဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း '၀'တိုင်းဥက္ကဋ္ဌ ပြောကြားဟု စံတော်ချိန် သတင်းစာတွင် ဖော်ပြ
Monday, May 20, 2013

'၀' ပြည်နယ်တောင်းဆိုမှုသည် တောင်းဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း'၀'တိုင်း ဥက္ကဋ္ဌ ဦးခွန်ထွန်းလူက ပြောကြားခဲ့သည်ဟု မေ ၁၉ ရက်ထုတ် စံတော်ချိန်သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြခဲ့ပါသည်။

''ဒါကငြိမ်းချမ်းရေး ဆွေးနွေးပွဲတိုင်း သူတို့တောင်းဆိုနေတဲ့ အချက်ပါ။ နောက်တစ်ခုက အင်္ဂလိပ်လက်ထက်က မြေပုံမှာ 'Wa' (State) ဆိုပြီး အင်္ဂလိပ်လို ရေးထားတာလဲ ရှိပါတယ်။ အဲဒီအတိုင်းပဲ ပြန်အကောင်အထည် ဖော်ပေးပါ ဆိုတဲ့သဘောလဲ ဖြစ်တယ်။ တောင်းသင့် တောင်းထိုက်လို့ တောင်းတယ်လို့ပဲ ယူဆပါတယ်''ဟု ဦးခွန်ထွန်းလူက ပြောကြားခဲ့ကြောင်း စံတော်ချိန် သတင်းစာတွင် ဖော်ပြခဲ့သည်။

မေ ၁၉ ရက်ထုတ် 7 Day သတင်းစာ မျက်နှာဖုံးတွင်လည်း '၀'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုမှုကို '၀' ပါတီများ ထောက်ခံကြောင်း သတင်းကို မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့ပြီး အဆိုပါ သတင်းတွင် '၀' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ နာယက ဦးဖီးလစ်ဆန်က 'မရမက' လုပ်ဆောင်မည်ဟု ပြောကြားခဲ့ပါသည်။

မေ ၁၀ ရက်က ရှမ်းပြည်နယ် '၀' အထူးဒေသ(၂)ပန်ဆန်းမြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့နှင့် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီတို့ တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုတွင်'၀'ပြည် သွေးစည်းညီညွတ်ရေး ပါတီဒုတိယဥက္ကဋ္ဌ ဦးရှောင်းမီလျံက '၀'ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ခွင့်ပြုပေးရန် ထပ်မံတောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ တောင်းဆိုမှုသည် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ကြောင်း အခြားသော တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများက သုံးသပ်ခဲ့ပြီးနောက် '၀'နှင့် ပတ်သက်အ ဖွဲ့အစည်းများက တုံ့ပြန် ပြောဆိုလာခဲ့ခြင်း ဖြစ်ပါသည်။

လက်ရှိအချိန်တွင် '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုမှုသည် ၀ိဝါဒ ကွဲပြားစရာ ကိစ္စဖြစ်နေပြီး လုပ်နည်းလုပ်ဟန်အရ ယင်းကိစ္စကို လွှတ်တော်ကသာ ကိုင်တွယ်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် သမ္မတဦးသိန်းစိန် အမေရိကန်နိုင်ငံသို့ သွားရောက်နေစဉ် ကာလအတွင်း '၀'နှင့်ပတ်သက်သော အဖွဲ့အစည်းများ၏ တုံ့ပြန်သံများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ရှိဟို ပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်မြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်ခမ်း) မြို့နယ် ခြောက်မြို့နယ်ကို ခရိုင်နှစ်ခု ဖွဲ့စည်းပြီး '၀'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ထိုကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သတ်မှတ်ပေးခဲ့ပြီးနောက် ပြည်နယ်အဆင့်သို့ တိုးမြှင့်ပေးရန် '၀' ဘက်မှ ဆက်တိုက် တောင်းဆိုလာခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

၂၀၁၂ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သော '၀'ဒေသ ငြိမ်းချမ်းရေး တည်ဆောက်မှု(၂၃)နှစ်ပြည့် အခမ်းအနားကို တရုတ်ဘာသာစကားပြော ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော ပုံရိပ်များ
၂၀၁၂ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သော '၀'ဒေသ ငြိမ်းချမ်းရေး တည်ဆောက်မှု(၂၃)နှစ်ပြည့် အခမ်းအနားကို တရုတ်ဘာသာစကားပြော ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော ပုံရိပ်များ
Monday, May 20, 2013

'၀' ပြည်နယ်တောင်းဆိုမှုသည် တောင်းဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း'၀'တိုင်း ဥက္ကဋ္ဌ ဦးခွန်ထွန်းလူက ပြော
ကြားခဲ့သည်ဟု မေ ၁၉ ရက်ထုတ် စံတော်ချိန်သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြခဲ့ပါသည်။

VOA သတင်းငှာနနှင့် မြန်မာသမ္မတဦးသိန်းစိန် အင်တာဗျုးယမန်နေ့ကပြုလုပ်