Pages

Monday, May 20, 2013

၁၅၀၀ ကျပ်တန် ဖုန်းလိုင်းသစ်များ သုံးမရဖြစ်နေ

ဓနုဖြူ၊ မေ ၂၀။

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့မှ လိုင်းသစ်ချပေးသည့် CDMA-800 ၁၅၀၀ ကျပ်တန် ဖုန်းလိုင်းသစ်များသည် (၁၅-၅-၂၀၁၃)နေ့မှ ယနေ့ထိ NO SERVICE သာပြနေပြီး အ၀င်အထွက်ခေါ်ဆိုမှု လုံးဝမရကြောင်း သိရသည်။ ဆက်သွယ်ရေးသို့မေးမြန်းရာတွင်လည်း အဆိုပါလိုင်းသစ်အား ခ.မ.ရ(၁၀၈) စစ်တပ်တိုင်မှ တိုက်ရိုက်ကိုင်ကြောင်း၊ စစ်တပ်တိုင်နှင့် သာဆိုင်ကြောင်း ပြောကြားသည်။ “CDMA-800 ကလိုင်းဆွဲအားကောင်းတယ် တောမှာလည်းမိနေတော့ ကျွန်တော့် GSM ဖုန်းကဒ်လေးေ
ရာင်းပြီး ၁၅၀၀ တန်လေးဝယ်မိပါတယ် လုံးဝပြောမရတာ (၅) ရက်ရှိပြီ” ဟု CDMA-800 ကိုင်ဆောင်သူတစ်ဦးက ပြောသည်။

Hinthata HumanRights ,Rangonnewsdaily
RND:  :20.5.2013

0 comments:

Post a Comment