Pages

Monday, May 20, 2013

Tumblr ဘလော့ဂ် ဝန်ဆောင်မှုအား ဒေါ်လာ ၁.၁ ဘီလီယံဖြင့် Yahoo ဝယ်တော့မည်

Tumblr ဘလော့ဂ် ဝန်ဆောင်မှုအား ဒေါ်လာ ၁.၁ ဘီလီယံဖြင့် Yahoo ဝယ်တော့မည်

အမှုဆောင်အရာရှိချုပ် Marissa Mayer ၏ ဦးဆောင်မှုဖြင့် ညှိနှိုင်းဆွေးနွေးမှုများ အပြီးတွင် Yahoo အနေဖြင့် ဘလော့ဂ် ဝန်ဆောင်မှု အင်တာနက်စာမျက်နှာ Tumblr အား ဒေါ်လာ ၁.၁ ဘီလီယံဖြင့် ဝယ်ယူရန် ဘုတ်အဖွဲ့မှ ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ 

Yahoo ၏ ပထမဦးဆုံးဖြစ်သလို နည်းပညာလောက၏ အကြီးဆုံး ကုမ္ပဏီများထဲမှ ပထမဦးဆုံးသော အမျိုးသမီး CEO ဖြစ်သူသည် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် Yahoo အား ဦးဆောင်ရန် ၂၀၁၂ ဂျွန်လအတွင်းက ရောက်ရှိလာခဲ့သည်။ ယခု သဘောတူညီချက်မှာ သူမ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့သည့် အကြီးဆုံးသော စီးပွားရေး ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး Yahoo အနေဖြင့် ယခင်ကာလများကလို အမှားအယွင်းမရှိအောင် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။ 

Tumblr ဆိုသည်မှာလည်း အင်တာနက်၏ နာမည်အကျော်ဆုံး သုံးစွဲသူဖန်တီးမှုဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် အင်တာနက် စာမျက်နှာတစ်ခုဖြစ်သည်။ Tumblr အား ဝယ်ယူပြီးပါက Yahoo အနေဖြင့် အဓိက ရင်ဆိုင်နေရသည့် ပြဿနာဖြစ်သည့် လူမှုကွန်ယက်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိခြင်းအား ဖြေရှင်းနိုင်မည် ဖြစ်သည်။ 

သို့သော်လည်း Yahoo အနေဖြင့်မူ ဤအရောင်းအဝယ်အတွက် “မတန်” သည့် ပမာဏအား ပေးချေရမည်ဖြစ်ကြောင်း ၊ Tumblr ၏ ၂၀၁၂ ခုနှစ်ဝင်ငွေမှာ ဒေါ်လာ ၁၂ သန်းခန့်သာ ရှိခဲ့ကြောင်း ၊ ယင်းအတွက်ကြောင့် Yahoo အဆိုပြုထားသည့် ဒေါ်လာ ၁.၁ ဘီလီယံဆိုသည်မှာ Tumblr ၏ ပကတိတန်ဖိုး မဖြစ်နိုင်ကြောင်း၊ Yahoo အနေဖြင့် ဆုံးဖြတ်ချက် မှန်ကန်ပါစေလို့သာ ဆုတောင်းရမည်ဖြစ်ကြောင်း ကျွမ်းကျင်းသူများက ဆိုနေကြသည်။ 

ယင်းသတင်း ထွက်ရှိလာပြီးနောက် Yahoo ၏ စတော့ရှယ်ရာ ဈေးနှုန်းမှာ ၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေါ်လာ ၂၆.၅၂ ဈေးပေါက်လျက် ရှိနေသည်။

အမှုဆောင်အရာရှိချုပ် Marissa Mayer ၏ ဦးဆောင်မှုဖြင့် ညှိနှိုင်းဆွေးနွေးမှုများ အပြီးတွင် Yahoo အနေဖြင့် ဘလော့ဂ် ဝန်ဆောင်မှုအင်တာနက်စာမျက်နှာTumblr အား ဒေါ်လာ ၁.၁ ဘီလီယံဖြင့်ဝယ်ယူရန်ဘုတ်အဖွဲ့
မှ ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
Yahoo ၏ ပထမဦးဆုံးဖြစ်သလို နည်းပညာလောက၏ အကြီးဆုံး ကုမ္ပဏီများထဲမှပထမဦးဆုံးသောအမျိုးသ
မီးCEO ဖြစ်သူသည်အခက်အခဲများနှင့်ရင်ဆိုင်နေရသည့် Yahoo အား ဦးဆောင်ရန် ၂၀၁၂ ဂျွန်လအတွင်း
က ရောက်ရှိလာခဲ့သည်။ ယခု သဘောတူညီချက်မှာ သူမ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့သည့် အကြီးဆုံး
သောစီးပွားရေးဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီးYahoo အနေဖြင့်ယခင်ကာလများကလိုအမှားအယွင်းမရှိအောင်
ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။

Tumblr ဆိုသည်မှာလည်းအင်တာနက်၏နာမည်အကျော်ဆုံးသုံးစွဲသူဖန်တီးမှုဖြင့်ဖွဲ့စည်းတည်ဆောက်ထား

သည့်အင်တာနက်စာမျက်နှာတစ်ခုဖြစ်သည်။ Tumblr အား ဝယ်ယူပြီးပါက Yahoo အနေဖြင့် အဓိက ရင်ဆိုင်
နေရသည့် ပြဿနာဖြစ်သည့်လူမှုကွန်ယက်များနှင့်ယှဉ်ပြိုင်နိုင်စွမ်းမရှိခြင်းအား ဖြေရှင်းနိုင်မည်ဖြစ်သည်။

သို့သော်လည်းYahooအနေဖြင့်မူဤအရောင်းအဝယ်အတွက် “မတန်”သည့်ပမာဏအား ပေးချေရမည်ဖြစ်

ကြာင်း ၊Tumblr ၏၂၀၁၂ ခုနှစ်ဝင်ငွေမှာ ဒေါ်လာ၁၂ သန်းခန့်သာ ရှိခဲ့ကြောင်း ၊ ယင်းအတွက်ကြောင့် Yahoo 
အဆိုပြုထားသည့် ဒေါ်လာ၁.၁ဘီလီယံဆိုသည်မှာTumblr ၏ ပကတိတန်ဖိုး မဖြစ်နိုင်ကြောင်း၊ Yahoo အနေ
ဖြင့် ဆုံးဖြတ်ချက် မှန်ကန်ပါစေလို့သာ ဆုတောင်းရမည်ဖြစ်ကြောင်း ကျွမ်းကျင်းသူများက ဆိုနေကြသည်။

ယင်းသတင်းထွက်ရှိလာပြီးနောက်Yahoo ၏ စတော့ရှယ်ရာ ဈေးနှုန်းမှာ၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေါ်

လာ ၂၆.၅၂ ဈေးပေါက်လျက် ရှိနေသည်။

Rangonnewsdaily
RND:  :20.5.2013

0 comments:

Post a Comment