Pages

Monday, May 20, 2013

အကြမ်းဖက်ခံ ဥက္ကံ ရွာများသို့ ဗိုလ်တထောင် NLD အဖွဲဝင်များနှင့် လူငယ်ကွန်ရက်များ သွားရောက်လှူဒါန်း

M-Media

အကြမ်းဖက်ခံ ဥက္ကံ ရွာများသို့ ဗိုလ်တထောင် NLD အဖွဲဝင်များနှင့် လူငယ်ကွန်ရက်များ သွားရောက်လှူဒါန်း========================မေလ ၁၉၊ ၂၀၁၃M-Mediaသတင်း - ဆူးထက် ဗိုလ်တထောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ဘိုကလေးဈေး လူငယ်များ၊ မဇ္ဖျိမ လူငယ်ကွန်ရက်များမှ မေလ ၁၉ရက်နေ့ မနက် ၈နာရီတွင် အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်ပွားခဲ့သော မြို့များ၊ ကျေးရွာများ အနက် ဥက္ကံမြို့ ကျွဲကုန်းလေး၊ ခြောက်တဲ၊ ပနီပင် ကုလားစု၊ မီးလောင်စခန်း ကျေးရွာများသို့ ကားအစီးရေ (၆)စီးဖြင့် လှူဒါန်းပစ္စည်းများ သယ်ဆောင်ကာ သွားရောက်ပေးလှူခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ကျေးရွာများသို့ ဆန်၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီ၊ ကုလားပဲ၊ ကြက်ဥ၊ ဆီ၊ အ၀တ်အထည်၊ အိပ်ယာခင်း၊ ကော်ဖီမစ်၊ ငါးသေတ္တာ၊ ရေသန့်၊ ငွေ အားလုံး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ် တစ်ဆယ့်ငါးသိန့်း (၁၅၀၀၀၀၀) ကျော်ခန့် အလှူရှင်များမှ ပေးအပ်ခဲ့ကြောင်း သိရသည်။ မီးလောင်ပျက်စီးကာ ပြာကျခဲ့သော ကျေးရွာများ ဖြစ်သည့် ကျွဲကုန်းလေး အိမ်ခြေ (၄၉) အိမ်၊ ခြောက်တဲ (၁၆)အိမ်၊ ပနီပင် ကုလားစု (၆) အိမ်၊ မီးလောင်စခန်း (၁၀) အိမ် စုစုပေါင်း ၈၁ အိမ် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်

မေလ ၁၉၊ ၂၀၁၃

ဗိုလ်တထောင်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ဘိုကလေးဈေး လူငယ်များ၊ မဇ္ဖျိမ လူငယ်
ကွန်ရက်များမှ မေလ ၁၉ရက်နေ့ မနက် ၈နာရီတွင် အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်ပွားခဲ့
သော မြို့များ၊ ကျေးရွာများအနက်ဥက္ကံမြို့ကျွဲကုန်းလေး၊ ခြောက်တဲ၊ပနီပင်ကုလားစု၊မီးလောင်စခန်းကျေးရွာ
များသို့ ကားအစီးရေ (၆)စီးဖြင့် လှူဒါန်းပစ္စည်းများ သယ်ဆောင်ကာ သွားရောက်ပေးလှူခဲ့ကြောင်း သတင်းရ
ရှိသည်။
အဆိုပါ ကျေးရွာများသို့ ဆန်၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီ၊ ကုလားပဲ၊ ကြက်ဥ၊ ဆီ၊ အ၀တ်အထည်၊ အိပ်
ယာခင်း၊ ကော်ဖီမစ်၊ ငါးသေတ္တာ၊ ရေသန့်၊ ငွေ အားလုံး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ် တစ်ဆယ့်ငါးသိန့်း (၁၅၀၀၀၀၀) ကျော်ခန့် အလှူရှင်များမှ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

မီးလောင်ပျက်စီးကာ ပြာကျခဲ့သော ကျေးရွာများ ဖြစ်သည့် ကျွဲကုန်းလေးအိမ်ခြေ(၄၉) အိမ်၊ ခြောက်တဲ (၁၆)
အိမ်၊ပနီပင်ကုလားစု(၆) အိမ်၊မီးလောင်စခန်း (၁၀) အိမ် စုစုပေါင်း ၈၁ အိမ် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သတင်း
ရရှိသည်။

M-Media , Rangonnewsdaily
RND:  :20.5.2013

သတင်း - ဆူးထက်

0 comments:

Post a Comment