Pages

Monday, May 20, 2013

ဂီယာနှစ်မျိုး အသုံးပြုနိုင်သည့် Probox Succeed အရောင်းသွက်လာ


ဂီယာနှစ်မျိုး အသုံးပြုနိုင်သည့် Probox Succeed အရောင်းသွက်လာ
Monday, May 20, 2013

ရန်ကုန်ကားဈေးကွက်တွင်း ကုမ္ပဏီတစ်ခုထဲမှထုတ်လုပ်သည့် Probox ကားများထက် Probox Succeed ကားများမှာ ပိုမိုအရောင်းအ၀ယ်မြင့် တက်နေသည်ဟု ကားရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတို့က ဆိုသည်။ 

"ပရိုဘောက်နဲ့ ပရိုဘောက် Succeedက ဈေးသိပ်မကွာဘူး။ ဘယ်ပစ္စည်း ဘယ်အရာပဲဖြစ်ဖြစ် အားနည်းချက် အားသာချက်ကတော့ ရှိကြတာပဲ၊ ဈေးနှုန်းကြည့် ကြသလို အကြိုက်ချင်းလည်း မတူကြဘူး"ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုမောင်မောင်လတ်က ပြောသည်။ 

အဆိုပါ Probox ကားများအား ဂျပန်နိုင်ငံ Toyota ကုမ္ပဏီမှ ထုတ်လုပ်၍ ပြည်တွင်း ရန်ကုန် ကားဈေးကွက် အတွင်း၌  Probox Succeed ကားများ အရောင်းအ၀ယ်ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ကားဈေးကွက်တွင်း Probox ကားများမှာ မော်ဒယ်အမျိုးအစား ပေါ်မူတည်၍ ကျပ် သိန်း ၁၀၀ မှ ကျပ် သိန်း ၁၃၀ ၀န်းကျင် ဈေးကွက်ရှိပြီး Probox Succeed ကားများမှာ မော်ဒယ်အမျိုးအစားပေါ် မူတည်၍ ကျပ် သိန်း ၁၂၀ ၀န်းကျင်မှ ကျပ် သိန်း ၁၇၀ ၀န်းကျင် အထိ ဈေးရှိကြောင်း စုံစမ်းသိရှိရသည်။

 "ပရိုဘောက် Succeed က ၀င်တာနည်းနည်း နောက်ကျတယ်။ ပရိုဘောက်တွေ အရောင်းအ၀ယ် သွက်ခဲ့ တယ်။ နောက်ပိုင်း ပရိုဘောက် Succeed တွေ လူကြိုက်များလာတယ်။ သုံးစွဲတာလည်း များလာတယ်"ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ကားအရောင်းစင်တာတစ်ခုမှ မင်းကိုထက်က ပြောသည်။

Probox နှင့် Probox Succeed ကားများသည် ပုံစံတူ အနေအထားရှိပြီး Succeed အမျိုးအစားတွင် Auto ဂီယာနှင့် Manual ဂီယာနှစ်မျိုးရှိကာ ရွေးချယ်အသုံးပြုနိုင်ခြင်းကြောင့် Probox Succeed ကားများကို နှစ်သက် ၀ယ်ယူမှုများပြားလာခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ ကားရောင်းဝယ်ရေးစင်တာအချို့က ဆိုသည်။ 

ပြည်တွင်းကားဈေးကွက်သို့ ၂၀၁၀ ခုနှစ် နောက်ပိုင်း သက်ဆိုင်ရာဌာနမှ ကားတင်သွင်းခွင့်ဆိုင်ရာ ဖြေလျှော့ မှုများ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ကားတင်သွင်းမှု တိုးမြှင့်လာခဲ့ပြီး လက်ရှိ ၂၀၁၃ ခုနှစ်တွင် ဈေးနှုန်း၊ အမျိုး အစား၊ အရည်သွေး ပေါ်မှုတည်၍ ကားရွေးချယ် ၀ယ်ယူနိုင်မှု မြင့်တက်လာခဲ့သည်ဟု ကားဈေးကွက်အတွင်း က သိရှိရသည်။

ရန်နောင်ဖြိုး (မြစ်မခ)
http://myitmakhamediagroup.com/detail.php?newid=4619

Monday, May 20, 2013

ရန်ကုန်ကားဈေးကွက်တွင်းကုမ္ပဏီတစ်ခုထဲမှထုတ်လုပ်သည့် Probox ကားများထက် Probox Succeed ကား
များမှာ ပိုမိုအရောင်းအ၀ယ်မြင့် တက်နေသည်ဟု ကားရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတို့က ဆိုသည်။


"ပရိုဘောက်နဲ့ ပရိုဘောက် Succeedက ဈေးသိပ်မကွာဘူး။ ဘယ်ပစ္စည်း ဘယ်အရာပဲဖြစ်ဖြစ် အားနည်းချက် အားသာချက်ကတော့ ရှိကြတာပဲ၊ ဈေးနှုန်းကြည့် ကြသလို အကြိုက်ချင်းလည်း မတူကြဘူး"ဟု မင်းရဲကျော်
စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုမောင်မောင်လတ်က ပြောသည်။

အဆိုပါ Probox ကားများအား ဂျပန်နိုင်ငံ Toyota ကုမ္ပဏီမှ ထုတ်လုပ်၍ ပြည်တွင်း ရန်ကုန် ကားဈေးကွက် အတွင်း၌ Probox Succeed ကားများ အရောင်းအ၀ယ်ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ကားဈေးကွက်တွင်း Probox ကားများမှာ မော်ဒယ်အမျိုးအစား ပေါ်မူတည်၍ ကျပ် သိန်း ၁၀၀ မှ ကျပ် သိန်း ၁၃၀ ၀န်းကျင် ဈေးကွက်ရှိပြီး Probox Succeed ကားများမှာ မော်ဒယ်အမျိုးအစားပေါ် မူတည်၍ ကျပ် သိန်း ၁၂၀ ၀န်းကျင်မှ ကျပ် သိန်း ၁၇၀ ၀န်းကျင် အထိ ဈေးရှိကြောင်း စုံစမ်းသိရှိရသည်။

"ပရိုဘောက် Succeed က ၀င်တာနည်းနည်း နောက်ကျတယ်။ ပရိုဘောက်တွေ အရောင်းအ၀ယ် သွက်ခဲ့ တယ်။ နောက်ပိုင်း ပရိုဘောက် Succeed တွေ လူကြိုက်များလာတယ်။ သုံးစွဲတာလည်း များလာတယ်"ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ကားအရောင်းစင်တာတစ်ခုမှ မင်းကိုထက်က ပြောသည်။

Probox နှင့် Probox Succeed ကားများသည် ပုံစံတူ အနေအထားရှိပြီး Succeed အမျိုးအစားတွင် Auto ဂီယာ

နှင့် Manual ဂီယာနှစ်မျိုးရှိကာ ရွေးချယ်အသုံးပြုနိုင်ခြင်းကြောင့် Probox Succeed ကားများကို နှစ်သက် ၀ယ်
ယူမှုများပြားလာခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ ကားရောင်းဝယ်ရေးစင်တာအချို့က ဆိုသည်။

ပြည်တွင်းကားဈေးကွက်သို့ ၂၀၁၀ ခုနှစ် နောက်ပိုင်းသက်ဆိုင်ရာဌာနမှကားတင်သွင်းခွင့်ဆိုင်ရာ ဖြေလျှော့ 

မှုများ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ကားတင်သွင်းမှု တိုးမြှင့်လာခဲ့ပြီး လက်ရှိ ၂၀၁၃ ခုနှစ်တွင် ဈေးနှုန်း၊ အ
မျိုး အစား၊ အရည်သွေး ပေါ်မှုတည်၍ ကားရွေးချယ် ၀ယ်ယူနိုင်မှု မြင့်တက်လာခဲ့သည်ဟု ကားဈေးကွက်အ
တွင်း က သိရှိရသည်။

ရန်နောင်ဖြိုး (မြစ်မခ)

Rangonnewsdaily
RND:  :20.5.2013

0 comments:

Post a Comment