Pages

Monday, February 3, 2014

သန်မြန်သူ (၇၇) ယာဉ်လိုင်း ခရီးသည်တင်ဒိုင်နာ တိမ်းမှောက် တစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ

RangonNewsDaily: February . 3 .2014
ဒဂုံတက္ကသိုလ် မုခ်ဦးအနီး မင်းရဲကျော်စွာ လမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီလ ၂ ရက် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က သန်မြန်သူ (၇၇) ယာဉ်လိုင်းမှ ခရီးသည်တင် ဒိုင်နာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ညာဘက်လမ်း

စပ်ရှိ လယ်ကွင်းထဲသို့ထိုးကျ တိမ်းမှောက်ခဲ့ရာမှအသက်၄၅ နှစ်အရွယ်ခရီးသည်အမျိုးသားတစ်ဦး သေဆုံး
ခဲ့ပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာ့လက်ရွေးစင်နည်းပြအဖြစ် တာဝန်ယူမည့် အဗရာမိုဗစ် ရန်ကုန်မြို့ သို့ရောက်ရှိ

Photo: မြန်မာ့လက်ရွေးစင်နည်းပြအဖြစ် တာဝန်ယူမည့် အဗရာမိုဗစ် ရန်ကုန်မြို့ သို့ရောက်ရှိ
Monday, February 3, 2014

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် တာဝန်ယူမည့် စင်ကာပူလက်ရွေးစင်နည်းပြဟောင်း အဗရာမိုဗစ်သည် ယနေ့ညနေ ပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည် ဟု သိရသည်။

အဗရာမိုဗစ်သည် အပြီးသတ်ညှိနှိုင်းမှုများပြုလုပ်ပြီးလျှင် မြန်မာ့ လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် အပြီးသတ်စာချုပ်ချုပ်ဆိုမည်
ဖြစ်သည်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အဗရာမိုဗစ်ကိုတစ်နှစ်ခွဲ စာချုပ်ဦးစွာချုပ်ဆိုရန် ရည်ရွယ်ထားသည်ဟု သိရသည်။ စာချုပ် ချုပ်ဆိုဖြစ်ပါက အဗရာမိုဗစ်သည် အာရှယူ-၂၂ ပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၂ အသင်းကို နည်းပြချုပ်အဖြစ် ဦးစွာတာဝန်ယူမည် ဖြစ်ပြီး မြန်မာယူ-၂၃ အသင်းကိုလည်း တာဝန်ယူမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၂ ရက် ညနေ ၄ နာရီတွင့်ွှဃ ကွင်း၌ယှဉ်ပြိုင်ကစား ခဲ့သော မကွေးအက်ဖ်စီနှင့်ဧရာဝတီယူနိုက်တက်ပွဲစဉ်ကို လာရောက် ကြည့်ရှုသည့် အဗရာမိုဗစ်ကိုတွေ့ရစဉ်။ 

ဓာတ်ပုံ-MFF
The Union Daily
ဖေဖော်ဝါရီ ၂ ရက် ညနေ ၄ နာရီတွင့်ွှဃ ကွင်း၌ယှဉ်ပြိုင်ကစား ခဲ့သော မကွေးအက်ဖ်စီနှင့်ဧရာဝတီယူနိုက်တက်ပွဲစဉ်ကို လာရောက် ကြည့်ရှုသည့် အဗရာမိုဗစ်ကိုတွေ့ရစဉ်
RangonNewsDaily: February . 3 .2014
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် တာဝန်ယူမည့် စင်ကာပူလက်ရွေးစင်နည်းပြဟောင်း အဗရာမိုဗစ်သည် ယနေ့ညနေ ပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည် ဟု သိရသည်။

အင်ဒိုနီးရှားနိုင်ငံမှ လူသတ်နေသော မီးတောင်ချော်ပြာများ

Photo: အင်ဒိုနီးရှားနိုင်ငံမှ လူသတ်နေသော မီးတောင်ချော်ပြာများ
Monday, February 3, 2014

ချော်ပြာအစအနများ၏ အပူချိန်သည် (၇၀၀)ဒီဂရီ ဖာရင်ဟိုက်မျှထိ မြင့်မားလျှက်ရှိပြီး လူအများကို ထိမှန်ကာ သေကျေမှုများ ဖြစ်ပေါ်စေခဲ့

အင်ဒိုနီးရှား နိုင်ငံတွင် ဆီနာဘွန်းမီးတောင် ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် မီးတောင်ပြာများကြောင့် အသေအပျောက် အရေအတွက် တစ်ထက်တစ်စ မြင့်တက်လာနေကြောင်း သိရသည်။ သောကြာနေ့က စတင်လှုပ်ရှား နိုးကြွလာသော မီးတောင်သည် စနေနေ့တွင် အရှိန်အဟုန် ပြင်းထန်စွာ ပေါက်ကွဲခဲ့ပြီး အနီးပတ်ဝန်းကျင် တစ်မိုင်ပတ်လည်သို့ ချော်ပြာများ မှုတ်ထုတ်ခဲ့သည်။ ထို့အပြင် မီးတောင်ပေါက်ကွဲမှု အရှိန်ဖြင့် လွင့်စင်လာသည့် ချော်တုံးချော်ခဲများသည်လည်း ပတ်ဝန်းကျင် ဒေသများကို ဆိုးရွားစွာ ပျက်စီးမှုများ ဖြစ်ပေါ်လာစေသည်။ ချော်ပြာအစအနများ၏ အပူချိန်သည် (၇၀၀)ဒီဂရီ ဖာရင်ဟိုက်မျှထိ မြင့်မားလျှက်ရှိပြီး လူအများကို ထိမှန်ကာ သေကျေမှုများ ဖြစ်ပေါ်စေခဲ့သည်။

"မီးတောင်က ထွက်လာတဲ့ ချော်ပြာတွေဟာ တောင်စောင်းအတိုင်း လိမ့်ဆင်းလာပြီး ပတ်ဝန်းကျင်က လူနေဒေသတွေကို (၂)မိနစ်၊ (၃)မိနစ်တည်းနဲ့ ရောက်လာတတ်တယ်"ဟု မီးတောင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးက ဆိုသည်။ အစိုးရ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲရေး တာဝန်ရှိသူ တစ်ဦးက မီးတောင်ပေါက်ကွဲရာမှ လွင့်ထွက်လာသည့် ချော်ပြာများကြောင့် အနည်းဆုံး လူ(၁၅)ဦးမျှ သေဆုံးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ တနင်္လာနေ့ထိ မြောက်ပိုင်း ဆူမားတြားမှ တောင်ကုန်းဒေသများ အထက်ဘက် ကောင်းကင်ယံသည် မီးခိုးရောင် ချော်ပြာများ ဖုံးလွှမ်းရင်း မည်းမှောင်နေဆဲ ဖြစ်သည်။ 

ချော်ပြာများကြောင်း လူ(၁၅)ဦးထက်မနည်း သေဆုံးခဲ့သလို (၃)ဦးမျှလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အထူးသဖြင့် မီးတောင်၏ ဆင်ခြေလျှောများနှင့် နီးကပ်သည့် ရွာငယ်များတွင် အသေအပျောက် စာရင်းများ ရှိနေကြောင်း တာဝန်ရှိသူများက ဆိုသည်။ ဆီနာဘွန်း အနီးတဝိုက်တွင် ကယ်ဆယ်ရေး အဖွဲ့များ လှုပ်ရှားနေသော်လည်း လွင့်ထွက်လာသည့် ပြာခဲ အစအနများ ထိမှန်မည်ကို စိုးရိမ်သဖြင့် မီးတောင်အောက်ခြေထိ အလွန်နီးကပ်စွာ မချဉ်းကပ်ရဲကြောင်းလည်း သိရသည်။ 

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် ဂျကာတာပို့စ် သတင်းစာက ချော်ပြာများကြောင့် အသက်ရှူကျပ်ပြီး သေဆုံးသူများပါ ထည့်ပေါင်းလျှင် အသေအပျောက် ပမာဏသည် (၃၁)ဦးမျှထိ ရှိနိုင်ကြောင်း ရေးသားထားခဲ့သည်။ လတ်တလောတွင် ဒေသတွင်းရှိ လေယာဉ်ခရီးစဉ် အချို့ကို ဖျက်သိမ်းထားခဲ့ပြီး လူပေါင်း(၂၂၀၀၀)ခန့်သည် ယာယီရွက်ဖျင်များဖြင့် နေထိုင်ခဲ့ရသည်။ သို့သော်လည်း ယင်းတို့အနက် ထက်ဝက်နီးပါးသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် နေအိမ်များသို့ ပြန်သွားခွင့် ရခဲ့ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။ 

Planet Myanmar Network

RangonNewsDaily: February . 3 .2014
အင်ဒိုနီးရှား နိုင်ငံတွင် ဆီနာဘွန်းမီးတောင် ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် မီးတောင်ပြာများကြောင့် အသေအပျောက် အရေအတွက် တစ်ထက်တစ်စ မြင့်တက်လာနေကြောင်း သိရသည်။

ဆိုးသွမ်းဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာရဲများကို ဗြိတိန်ရဲ လေ့ကျင့်ပေး

Photo: ဆိုးသွမ်းဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာရဲများကို ဗြိတိန်ရဲ လေ့ကျင့်ပေး
Friday, January 31, 2014

မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲများကို ဖေဖောဝါရီ ၁ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်ရာ ဘောလုံး ပွဲစဉ်များတွင် ဖြစ်ပွားလေ့ရှိသည့် ပဋိပက္ခ ဖြစ်စဉ်များ၌ ဆိုးသွမ်း ဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များကို ဗြိတိန် ရဲအရာရှိများက သုဝဏ္ဏ လူငယ် လေ့ကျင့်ရေးကွင်းတွင် ဇန်နဝါရီလ ၃၀ ရက်နေ့က တစ်ရက်တာ လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် လုံခြုံရေး တာဝန်ခံက ပြောကြားသည်။

ယင်းလေ့ကျင့်ရေး အစီအစဉ်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်အား ၁၀၀ ခန့်နှင့် ဗြိတိန် ရဲအရာရှိများ လက်တွေ့သရုပ်ပြခြင်းနှင့် ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများ၌ အသင်းကြီး အချင်းချင်း တွေ့ဆုံသည့်ပွဲများ၌ နှစ်ဖက်အသင်း ပရိသတ်များ ပဋိပက္ခ ဖြစ်ပွားတတ်ရာ ၂၀၁၃ နေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ ၏ နောက်ဆုံးပွဲစဉ်၌ ရန်ကုန် ယူနိုက်တက်အသင်းနှင့် နေပြည်တော် အသင်းတို့ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ထိုင်ခုံငါးရာကျော် ပျက်စီးခဲ့ရသည်။ 

ယင်းပဋိပက္ခ ဖြစ်စဉ်မှာ မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ သက်တမ်းတစ်လျှောက် အကြီးမားဆုံး ရန်ပွဲအဖြစ် မှတ်တမ်းတင်ခဲ့ရပြီး ရန်ကုန် ပရိသတ်များ ကွင်းအတွင်းမှ ထွက်ခွာရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းမှုများ ဖြစ်ခဲ့ရသည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်သော မြန်မာအသင်းကို အင်ဒိုနီးရှားအသင်းက အနိုင်ရရှိခဲ့သည့် ပွဲတွင်လည်း မြန်မာ ပရိသတ်များက သုဝဏ္ဏကွင်းရှိ ပွဲကြည့်စင်မှ ထိုင်ခုံများကို ဖျက်ဆီးခြင်း၊ နိုင်ငံတော် အလံများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဥရောပသမဂ္ဂ အစီအစဉ်ဖြင့် ဗြိတိန် ရဲအရာရှိများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၄၀၀၀ ကို ယူရိုငွေ ၁၀ သန်း အကုန်အကျခံ၍ ၂၀၁၃ ခုနှစ် နိုဝင်ဘာလဆန်းက အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်ကြားပေးခဲ့သည်။

The Voice Weekly

RangonNewsDaily: February . 3 .2014
မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲများကို ဖေဖောဝါရီ ၁ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်ရာ ဘော
လုံး ပွဲစဉ်များတွင် ဖြစ်ပွားလေ့ရှိသည့် ပဋိပက္ခ ဖြစ်စဉ်များ၌ ဆိုးသွမ်း ဘောလုံး ပရိသတ်များကို ထိန်းသိမ်း
ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များကို ဗြိတိန် ရဲအရာရှိများက

ဆိုတေးပါဝင်သီဆိုသရုပ်ဆောင်ထားတဲ့ Hello Music Thingyan ဗီစီဒီရိုက်ကွင်း

Photo: ဆိုတေးပါဝင်သီဆိုသရုပ်ဆောင်ထားတဲ့ Hello Music Thingyan ဗီစီဒီရိုက်ကွင်း
Monday, February 3, 2014

ယုန်လေး၊ Cobra ၊အာတီချုပ်၊ ဇွဲနိုင်ဝင်း၊ Nine One ၊ ကျော်ထွဋ် ဆွေ၊ ဆိုတေး၊ စန္ဒီမြင့်လွင်၊ ရတနာ မိုင်၊ ဆူဇီ၊ အိမ့်ချစ်၊ နီနီခင်ဇော်၊ နန်းသူဇာ၊ ကာကာ စတဲ့နာမည်ကြီး အဆိုတော် အများစုပါဝင်သီ ဆိုထား ပြီးဂီတ အမျိုးအစားစုံလင်စွာနဲ့ ထွက် ပေါ်လာတော့ မယ့် Hello Music Thingyan အခွေ လိုက်ဖ်ရှိုး ဗီစီဒီ ရိုက်ကွင်း ကိုဇန်နဝါရီ ၃ဝရက် နေ့၊ မနက် ၁ဝနာရီကစတင်ပြီး ကန်တော်ကြီး မျှော်စင်ကျွန်းမှာ တစ်နေကုန် ရိုက်ကူးခဲ့ပါတယ်။Hello Music Thingyan ရိုက်ကွင်းမှာ ကူညီ ဆောင်ရွက်ပေးေ နတဲ့ယုန်လေး က ‘ရယ်သောသူသည် အသက်ရှည် ၏’ ဆိုတဲ့သင်္ကြန်သီချင်း တစ်ပုဒ်ကို လည်း ပါဝင်သီဆိုထားပါတယ်။ 

Hello Music Thingyan ရိုက်ကွင်းနဲ့ ပတ်သက် ပြီး ယုန်လေးက “စီစဉ်တာက ရတနာမိုင် ပါ။ ကျွန်တော်စီစဉ်တာမဟုတ်ဘူး။ ကျွန် တော်က ကူညီပေးတာ။ ဒီအခွေမှာ ကျွန် တော်ကိုယ်တိုင်ရေး၊ ကျွန်တော်ကိုယ်တိုင် ဆိုထားတဲ့ ‘ရယ်သောသူသည် အသက် ရှည်၏’ ဆိုတဲ့ သီချင်းပါတယ်။ ကိုကြီး ကျော်တီး ပေးထားတယ်။ဒီသီချင်းလေး ကိုတော့ တော်တော် အားရပါတယ်” လို့ ပြောပါ တယ်။Hello Music Thingyan အခွေမှာ နေပြန်ကောင်း လာပြီဖြစ်တဲ့ ပရိသတ်အချစ်တော်ဆိုတေးက သင်္ကြန် သီချင်းအမြူးတစ်ပုဒ်ကို ပါဝင်သီဆို ထားပါတယ်။Hello Music Thingyan အခွေမှာ လာရောက်ရိုက်ကူးပေးတဲ့ ဆိုတေးရဲ့ လက်ရှိအခြေအနေနဲ့ ပတ် သက်ပြီး “သူကိုယ်တိုင်ရေး၊ သူကိုယ် တိုင်ဆိုထားတဲ့ သီချင်းပါ။ အရင် ကတည်းက ရေးထားတဲ့သီချင်းပါ။ 

ခိုင်သဇင်ယုဝါ၊ ခိုင်သဇင်ငုဝါ၊ နန်း စန္ဒာလှ ထွန်းစတဲ့ မော်ဒယ်တွေက ပါဝင် ကူညီပြီး ရိုက်ကူးပေးထား တယ်။ ဘာပဲပြောပြော ဆိုတေး ရဲ့ ကျန်းမာရေး အခြေအနေက တော် တော်လေးကို ကောင်းမွန်လာတဲ့ အတွက် ဝမ်းသာကြည်နူးစရာ ကောင်းပါတယ်” လို့ယုန်လေးက ပြောပါတယ်။
ဒါရိုက်တာကိုလင်း (Studio- K) ရိုက်ကူးတဲ့Hello Music Thingyan အခွေဟာ မကြာမီကျ ရောက်လာတော့မယ့် မဟာသင်္ကြန် ပွဲတော်ကြီးမှာ ပျော်ရွှင်ကြမယ့် သင်္ကြန်ချစ်သူ ပရိသတ်တွေအတွက် ဂီတအမျိုးအစားစုံလင်လှတဲ့ သင်္ကြန် သီချင်းတွေနဲ့အတူ အဆိုတော် များစွာရဲ့ သင်္ကြန် ပုံရိပ်တွေကို မြင် တွေခံစားနိုင်တော့ မှာ ဖြစ် ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း

Popular Journal

RangonNewsDaily: February . 3 .2014
ယုန်လေး၊ Cobra ၊အာတီချုပ်၊ ဇွဲနိုင်ဝင်း၊ Nine One ၊ ကျော်ထွဋ် ဆွေ၊ ဆိုတေး၊ စန္ဒီမြင့်လွင်၊ ရတနာ မိုင်၊ ဆူဇီ၊ အိမ့်ချစ်၊ နီနီခင်ဇော်၊ နန်းသူဇာ၊ ကာကာ စတဲ့နာမည်ကြီး အဆိုတော် အများစုပါဝင်သီ ဆိုထား ပြီး

" "အဆုံးမဲ့အချစ် " တေးစီးရီးစာနယ်ဇင်းမိတ်ဆက်ပွဲ"

Photo: " "အဆုံးမဲ့အချစ် " တေးစီးရီးစာနယ်ဇင်းမိတ်ဆက်ပွဲ"
Monday, February 3, 2014

ဂျက်ဆန်ထွန်း ၊ အယ်ဆိုင်းဇီ၊ ချမ်းချမ်း ၊ ပန်းပန် တို့၏ Valentines Day အမှတ်တရအချစ်သီချင်းများကို စုစည်းထားသော "အဆုံးမဲ့အချစ် " တေးစီးရီးစာနယ်ဇင်းမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၃ ရက်၊ နံနက် ၁၀ နာရီ စီတီးစတားဟိုတယ်၌ ပြုလုပ်ခဲ့သည်။ 

ဘိုဘိုတေးထုတ်လုပ်ရေးမှဖြန့်ချိမည့် အဆိုပါတေးစီးရီးကို ဖေဖော်ဝါရီ ၇ ရက်နေ့တွင် စတင်ဖြန့်ချိမည်ဖြစ်ပြီး ပရိုမိုးရှင်းများအဖြစ် ဖေဖော်ါရီ ၈ ရက်နေ့တွင် တောင်ကြီး ၊ ၉ ရက်နေ့တွင် မန္တလေးနှင့် ၁၄ ရက်နေ့တွင် 
ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ 

မျိုးမောင်
Popular Journal

RangonNewsDaily: February . 3 .2014
ဂျက်ဆန်ထွန်း ၊ အယ်ဆိုင်းဇီ၊ ချမ်းချမ်း ၊ ပန်းပန် တို့၏ Valentines Day အမှတ်တရအချစ်သီချင်းများကို စုစည်းထားသော "အဆုံးမဲ့အချစ် " တေးစီးရီးစာနယ်ဇင်းမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၃ ရက်၊ နံနက် ၁၀ နာရီ စီတီးစတားဟိုတယ်၌ ပြုလုပ်ခဲ့သည်။

အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် အလုပ်ခွင်မှာ မလုပ်သင့်တဲ့ အမှားများ

Photo

RangonNewsDaily: February . 3 .2014
ကျွန်ုပ်တို့ရဲ့ အသက်နှစ်ဆယ်နောက်ပိုင်း အချိန်တွေဆိုတာ ပျော်ရွှင် စရာတွေ နည်းပါးလာတာ အမှန်ပါပဲ
။ ပြီးတော့ ပုံသေကားကျ ဘ၀တစ်ခု နဲ့လည်း ကျင်လည်နေရပါပြီ။

ရန်ကုန်ဘားကမ့် နှစ်ရက်အတွင်းလူ ၄၀၀၀ ကျော် တက်ရောက်

Photo: ရန်ကုန်ဘားကမ့် နှစ်ရက်အတွင်းလူ ၄၀၀၀ ကျော် တက်ရောက်
Monday, February 3, 2014

ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နှင့် ၂ ရက်နေ့များက MICT Park တွင် ကျင်းပခဲ့သော (၅) ကြိမ်မြောက် ဘားကမ့် (Barcamp Yangon) အခမ်းအနားသို့ တက်ရောက် ဆွေးနွေးသူပေါင်း ၄၀၀၀ ကျော် ရှိကြောင်း အခမ်းအနား ဦးဆောင် ကျင်းပသည့် အဖွဲ့အစည်းထံမှ သိရှိရသည်။ 

အဆိုပါ Barcamp Yangon အခမ်းအနားတွင် နည်းပညာ၊ ဖန်တီးမှု၊ စွန့်ဦးတီထွင်မှုနှင့် အထွေထွေ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြပြီး ခေါင်းစဉ်ပေါင်း ၁၅၀ ခန့် ဆွေးနွေးခဲ့သည်ဟု Organizer Team မှ ဦးခိုင်စိုးအောင်က ဆိုသည်။

အဆိုပါ အခမ်းအနားသို့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးနှင့် တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Mr.PetterFurberg အစရှိသော နယ်ပယ်ပေါင်းစုံမှ ပညာရှင်များနှင့် တာဝန်ရှိသူများလည်း တက်ရောက် ဆွေးနွေးခဲ့ကြသည်။
“Barcamp က နိုင်ငံတကာ နည်းပညာ Developer တွေအတွက် သြဇာကြီးမားတဲ့ တွေ့ဆုံပွဲတစ်ခု ဖြစ်သလို မြန်မာ့ Digital စီးပွားရေးကဏ္ဍ တိုးတက်အောင် ဆောင်ရွက်နိုင်တဲ့ ကျွမ်းကျင်သူတွေ၊ တီထွင် ဖန်တီးသူတွေကိုလည်း အောင်မြင်စွာ စုစည်းပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ အခုလို အရေးကြီးတဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ ပွဲတစ်ခုမှာ ပါဝင်ခွင့်ရခဲ့တာကို စိတ်လှုပ်ရှားမိပါတယ်” ဟု တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Mr.PetterFurberg က ဆိုသည်။ 

ယခုကျင်းပခဲ့သော Barcamp Yangon ကိုဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောမြန်မာနှင့် ချင်းတွင်း ကောလိပ်တို့က အဓိက စပွန်ဆာအဖြစ် တာဝန်ယူ ပံ့ပိုးပေးခြင်း ဖြစ်သည်။ 

ကဏ္ဍပေါင်းစုံမှ အကြောင်းအရာ ပေါင်းစုံကို လူကြီးလူငယ်မရွေး စိတ်ပါဝင်စားစွာ ဆွေးနွေးနိုင်သော Barcamp ပွဲများကို ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် မန္တလေးမြို့နှင့် မတ်လ ၁ ရက် နေ့နှင့် ၂ ရက်နေ့များတွင် ပြည်မြို့တို့၌ ထပ်မံကျင်းပသွားမည် ဖြစ်သည်။

The Voice Weekly

RangonNewsDaily: February . 3 .2014
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ၁ ရက်နှင့်၂ ရက်နေ့များကMICT Parkတွင်ကျင်းပခဲ့သော (၅) ကြိမ်မြောက်
ဘားကမ့် (Barcamp Yangon) အခမ်းအနားသို့ တက်ရောက် ဆွေးနွေးသူပေါင်း ၄၀၀၀ ကျော် ရှိကြောင်း အခမ်းအနား ဦးဆောင် ကျင်းပသည့် အဖွဲ့အစည်းထံမှ သိရှိရသည်။

ယောက်ျားယူရမည်စိုး၍ သေကြောင်းကြံအဆိပ်သောက်

RangonNewsDaily: February . 3 .2014
ရန်ကုန်၊ မဇ္ဈိမ။ ။ မိဘများက ယောက်ျားပေးစားမည်ဆိုသဖြင့် ၂၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးပိုးသတ်ဆေး

သောက်ကာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသနေရသည်ဟု ရန်
ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ထို့ကြောင့် ပိုလို ကြမ်းပိုးသတ်ဆေးသောက်သုံးခဲ့သူမှာ လမ်းမတော်မြို့နယ်၁၅လမ်းတွင် နေထိုင်သည့်အသက် ၂၅နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ထိုသတင်းကြောင့်
ရန်ကုန်ဆေးရုံကြီးကို သွားရောက်စစ်ဆေးခဲ့သည့် လမ်းမတော် ရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ဒေါ်လာ၅ဝဝအောက်ပစ္စည်းများအခွန်ကောက်မည်

RangonNewsDaily: February . 3 .2014
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှဝင်ရောက်လာသောခရီးသည်ဝန်စည်ပစ္စည်းများအနက်အခွန်ကောက်

ခံရန် လိုအပ်သော ဒေါ်လာ ၅ဝဝအောက် တန်ဖိုးရှိ ပစ္စည်းများကို လေဆိပ်၌ အခွန် စည်းကြပ်ကောက်ခံသွား
မည်ဖြစ် ကြောင်း အကောက်ခွန်ဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပရိသတ်များ၏ ဂရုစိုက်မှုကြောင့် ပီတိဖြစ်ဟု ဦးဝင်းနိုင်(အနုပညာ)ဆို

Photo: |ပရိသတ်များ၏ ဂရုစိုက်မှုကြောင့် ပီတိဖြစ်ဟု ဦးဝင်းနိုင်(အနုပညာ)ဆို|
Monday, February 3, 2014

အနုပညာ လောကတွင် တစ်ခေတ်တစ်ခါက ထင်ရှားခဲ့သူ ဦးဝင်းနိုင် (နဂါးလေး) ကွယ်လွန်သွားသည့် သတင်းသည် လက်ရှိအချိန်တွင်
အောင်မြင်ကျော်ကြားနေသည့် ဟာသသရုပ်ဆောင် လူရွှင်တော်ဦးဝင်းနိုင် (အနုပညာ)၏ဓာတ်ပုံဖြင့် မီဒီယာတစ်ခုက မှားယွင်းဖော်ပြခဲ့သည်။

ထို့ကြောင့် ဦးဝင်းနိုင်(အနုပညာ)ထံသို့ အသိမိတ်ဆွေများ၊ ပရိသတ်များက သတင်းမေးမြန်းခြင်းများရှိခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် ၀မ်းသာပီတိ
ဖြစ်ရကြောင်း၊ ကျေးဇူးလည်းတင်ကြောင်း စံတော်ချိန်သို့ ဖေဖော်ဝါရီ 
၂ ရက်က လာရောက်ပြောကြားခဲ့သည်။

' ဒီလိုမှားယွင်းမှုကနေပြီးတော့ ကျွန်တော့်ကို ပရိသတ်တွေ ဘယ်လောက် ချစ်ခင်တယ်၊ ဂရုစိုက်တယ်ဆိုတာကို သိလိုက်ရတဲ့အတွက်ကြောင့် အလွန်ကိုပီတိဖြစ်ရပါတယ်။ အမေရိကန်ကနေပြီးတော့တောင် သတင်းလှမ်းမေးမှုတွေရှိတော့ ကိုယ့်ရဲ့ပရိသတ်က ဒီလောက်တောင် ကျယ်ပြန့်နေကြောင်း သိလိုက်ရပါတယ် ' ဟု ၎င်းကပြောဆိုသည်။

အဆိုပါသတင်း မှားယွင်းထွက်ပေါ်လာချိန်တွင် ၎င်းမှာ နယ်မြို့ တစ်မြို့သို့ ရောက်ရှိနေခြင်းကြောင့် ဆက်သွယ်မရခဲ့ရာမှ အတည်သဖွယ်ဖြစ် သွားခဲ့ရကြောင်း၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ သတင်းမေးမြန်းခဲ့သူ ၂၀၀၀ ကျော်ခန့်ကို ပြန်လည်ဖြေကြားပေးခဲ့ရပြီး သတင်းထွက်ပေါ်ပြီးချိန်မှ ယခု အချိန်အထိဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားနေရဆဲ
ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဦးဝင်းနိုင် (အနုပညာ)သည် မကြာခင်အချိန်တွင် ဇာတ်ကားတစ်ကား ရိုက်ကူးရန်ရှိပြီး ရုပ်သံချန်နယ်လ်များမှ ထုတ်လွှင့်လျက်ရှိသည့် လူရွှင်တော် ပြိုင်ပွဲများ၊ ဟာသ တစ်ခန်းရပ်ဇာတ်လမ်းများတွင်ပါဝင်၍ အနုပညာလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။ ဦးဝင်းနိုင် (နဂါးလေး)သည် ဇန်န၀ါရီ ၂၉ ရက်က ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ


RangonNewsDaily: February . 3 .2014
အနုပညာ လောကတွင်တစ်ခေတ်တစ်ခါကထင်ရှားခဲ့သူဦးဝင်းနိုင် (နဂါးလေး) ကွယ်လွန်သွားသည့် သတင်း
သည်လက်ရှိအချိန်တွင် အောင်မြင်ကျော်ကြားနေသည့်ဟာသသရုပ်ဆောင်လူရွှင်တော်ဦးဝင်းနိုင်(အနုပညာ
)၏ဓာတ်ပုံဖြင့် မီဒီယာတစ်ခုက မှားယွင်းဖော်ပြခဲ့သည်။

အင်ဒိုနီးရှားတွင် ဆီနာဘန်းမီးတောင် ပေါက်ကွဲ၁၄ဦးသေဆုံး

RangonNewsDaily: February . 3 .2014
အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းပေါ်ရှိ ဆီနာဘန်း မီးတောင်ပေါက်ကွဲမှုကြောင့် ၁၄ဦးသေဆုံးပြီး လူပေါင်း

သောင်းဂဏန်းခန့်ရွှေ့ပြောင်းမှု ပြုလုပ်ပေးခဲ့ရသည်ဟုဘီဘီစီသတင်းဌာနကယနေ့ဖော်ပြသည်။ ဆီနာဘန်း
မီးတောင်သည် နှစ်ပေါင်း ၄ဝဝခန့် ငြိမ်သက်နေခဲ့ပြီးနောက်တွင် ၂ဝ၁ဝပြည့်နှစ်က ပြန်လည် လှုပ်ရှားလာ
ခဲ့ပြီး ချော်ရည်များမှုတ်ထုတ်ခဲ့မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ရသည်။

ကိုယ့်အတွက်နေရာတစ်ခု ရှိနေခဲ့တယ်၊ ခုထိလည်း ရှိနေဆဲပဲလို့ ဆိုလိုက်တဲ့ ကြက်ဖ

Photo: ကိုယ့်အတွက်နေရာတစ်ခု ရှိနေခဲ့တယ်၊ ခုထိလည်း ရှိနေဆဲပဲလို့ ဆိုလိုက်တဲ့ ကြက်ဖ
Monday, February 3, 2014

Hip Hop ကို နှစ်ခြိုက်ခုံမင်စွာ နားထောင်တဲ့ ပရိသတ်တွေကတော့ 2nd Generation က ကြက်ဖဆိုတဲ့ ရက်ပ်ပါကို အားလုံးသိပြီးဖြစ်သလို သူ့အကြောင်း အထူးတလည် ပြောပြနေဖို့ မလိုတော့ပါဘူးနော်။ ကြက်ဖဟာ Hip Hop မြူးဇစ်ကို ရူးသွပ်စွာ ဖန်တီးခဲ့တဲ့ သူတစ်ယောက်ဖြစ်သလို ခုနောက်ပိုင်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ မြင်တွေ့လာရပါပြီ။ သူ့ရဲ့သီချင်းသစ်တွေ နည်းပါးသွားတဲ့အကြောင်းတွေ၊ သရုပ်ဆောင်ပညာနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေ သူနဲ့ တွေ့ဆုံခိုက်ခုလိုမေးမြန်းကြည့်ဖြစ်
တဲ့အခါမှာတော့‘ကျွန်တော် လတ်တလောမှာတော့ ဘာမှသိပ်မလုပ်ဖြစ်
ပါဘူး။ ကျွန်တော်ရယ်၊ ရဲသူရ၊ အောင်ခြိမ့်နဲ့ သုံးယောက်ပေါင်းပြီးတော့ ဘာတွေ စဉ်းစားထားလဲဆိုတဲ့ နာမည်နဲ့ သီချင်း ဖြန့်ဖို့တော့ အစီအစဉ်ရှိ
ပါတယ်။ အွန်လိုင်းပေါ်မှာ အရင်တင်ဖို့တော့ စဉ်းစားထားပါတယ်။’လို့ သူကပြောပါတယ်။

ဇာတ်ကားရိုက်ကူးရေးနဲ့ ပတ်သက်ပြီးတော့ ‘ဒါရိုက်တာသီဟတင်သန်းရိုက်
တဲ့ ပျော်ပြီးရင်းပျော်ဇာတ်ကားမှာ ကျွန်တော်ရယ်၊ ယုန်လေး၊ ရတနာမိုင်၊ ဆူဇီတို့လည်းပါတယ်။ ဟိုတယ်ဝန်ထမ်းဇာတ်ရုပ် သရုပ်ဆောင်ကြရမှာပါ။ ပြီးရင် မတ်လမှာ ဒါရိုက်တာကိုဝင်းထွန်းထွန်း ရိုက်မဲ့ဇာတ်ကားမှာ ကျွန်တော်ရယ်၊ ယုန်လေး၊ ကိုမြင့်မြတ်တို့နဲ့ ပါဝင်ရိုက်ကူးသွားဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီကားလေးကဟာသလေးကိုမှ နောက်ပိုင်းမှာ ဒရာမာဇာတ်မျိုး ပြန်ချိုးသွားမယ်လို့ ထင်ပါတယ်။ သရုပ်ဆောင်တာနဲ့ ပတ်သက်တဲ့ ကြိုးစားအားထုတ်မှုဆိုတာထက် ငယ်ငယ်ကတည်းက သရုပ်ဆောင်တာကို ဝါသနာပါခဲ့ပါတယ်’လို့ ဆိုပါတယ်။

ခုနောက်ပိုင်း ဂီတလောကမှာ ခြေလှမ်းတွေကျဲသွားတဲ့ ကြက်ဖကို အဲ့ဒီအကြောင်း မေးမြန်းကြည့်လိုက်တော့ သူက ‘ဂီတနဲ့ပတ်သက်ပြီး ကျွန်တော်ဒီနှစ်ထဲ မရောက်ခင်ထိကို လုံးလည်ချာလည်ဖြစ်ပြီးတော့ သီချင်းရေးဖို့အချိန်လည်းမရ၊ moveလည်းမဝင်ဘူး ဖြစ်နေတယ်လေ။ ကျွန်တော်ကိုယ်တိုင် ရှုပ်ယှက်ခတ် နေတာလည်းပါတယ်။ တရုတ်နှစ်ကူး ပြီးသွားရင်တော့ ကျွန်တော့်တစ်ကိုယ်တော်ရော၊ ကျွန်တော့်ရဲ့မိန်းမနဲ့ရော
နှစ်ယောက်တွဲပြီး လုပ်ဖို့တော့ စီစဉ်ထားပါတယ်။ နှစ်ယောက်တွဲထဲမှာတော့ ဟာသပေါ့။ ဟာသဆိုတာလည်း ဒီသီချင်းကို နားထောင်လိုက်တာနဲ့ ပျော်
သွားရမယ်ပေါ့။ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဖြစ်မဲ့ ပုံစံမျိုး၊ ကျွန်တော်
တစ်ယောက်တည်း အတွက်ဆိုရင်တော့ နည်းနည်းလွမ်းချင်း၊ ငိုခြင်းဆန်
မဲ့ဟာမျိုးလေးတွေ ရေးမယ်လို့ စဉ်းစားထားပါတယ်။ သီချင်းရေးတဲ့အပိုင်းနဲ့ပ တ်သက်ပြီး တစ်ခြားသူတွေကို အရင်တုန်းကတော့ ရေးပေးဖြစ်ပါတယ်။
နောက်ဆုံးFeaturingအနေနဲ့ ရေးတဲ့သီချင်းဆိုလို့ Moe Z အခွေရဲ့ပြော
ရင်းဆိုရင်းအခွေထဲမှာ ပြောရင်းဆိုရင်းဆိုတဲ့ သီချင်းတစ်ပုဒ် ရေးပေးထားပါ
တယ်။ 

အခုနောက်ပိုင်းရှိုးပွဲတွေမှာ မဆိုဖြစ်တော့တာကလည်း ခေတ်အရရော၊
နောက်ပြီး သိပ်အချိန်မပေးနိုင်တဲ့အတွက်ရော ဆိုင်မယ်။ ကျွန်တော်
သီချင်းအသစ်တွေ ထပ်ပြီးတော့ မရေးနိုင်တာလည်းပါပါတယ်။ ရှိုးပွဲဆိုတာကလည်း သီချင်းများများရှိမှ အဆင်ပြေနိုင်တာလေ။ ကျွန်တော်ရှိုးပွဲတစ်ပွဲရှိခဲ့ပြီဆိုရင် ဘယ်သီချင်းကိုဆိုရမလဲဆိုတာမျိုးတွေ၊ ဘယ်ဟာက ဘယ်လိုဟောင်းနေပြီလဲ။ 

ဒီသီချင်းဘယ်လောက်ရိုးနေပြီလဲဆိုတာမျိုးတွေ ဖြစ်ဖြစ်နေတော့ ကျွန်တော်ကိုယ်တိုင်နဲ့လည်း ဆိုင်ပါတယ်။ အခုလိုမျိုးပရိသတ်တွေရှေ့ မရောက်နိုင်တာကိုလည်း အရမ်းအားနာမိပါတယ်။ 

ဒါပေမဲ့ကျွန်တော်အဲဒီလိုဖြစ်သင့်လို့ ဖြစ်နေတယ်လို့ပဲ ထင်ပါတယ်။ လောလောဆယ်မှာတော့ ထပ်ပြီးကုန်ကြမ်းစုနေတယ်လို့ပဲ ကိုယ့်ကိုယ်ကိုခံယူထားပါတယ်။ အခုချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်လိုအတိုင်းအတာမျိုးဆိုတာထက် နေရာတစ်ခုမှာတော့ ရှိနေခဲ့တယ်ပေါ့။ ရှိနေဆဲပဲလို့လည်း ကျွန်တော်ထင်ပါတယ်’တဲ့။ 

Trend Myanmar

RangonNewsDaily: February . 3 .2014
Hip Hop ကို နှစ်ခြိုက်ခုံမင်စွာ နားထောင်တဲ့ ပရိသတ်တွေကတော့ 2nd Generation က ကြက်ဖဆိုတဲ့ ရက်ပ်
ပါကို အားလုံးသိပြီးဖြစ်သလို သူ့အကြောင်း အထူးတလည် ပြောပြနေဖို့ မလိုတော့ပါဘူးနော်။
</