Pages

Monday, February 3, 2014

ဥရောပ သမဂ္ဂ သံအမတ်ကြီးနှင့် အဖွဲ့ မြေပုံမြို့ရှိ ကယ်ဆယ်ရေး စခန်း များအား သွားရောက် ကြည့်ရှု

Photo: ဥရောပ သမဂ္ဂ သံအမတ်ကြီးနှင့် အဖွဲ့ မြေပုံမြို့ရှိ ကယ်ဆယ်ရေး စခန်း များအား သွားရောက် ကြည့်ရှု 
Monday. February 3, 2014

ရခိုင်ပြည်နယ်တွင် ရောက်ရှိ နေသည့် ဥရောပ သမဂ္ဂသံအမတ်ကြီး H.E. Mr. Roland Kobia ဦးဆောင်သော ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှ သံအမတ်ကြီးများ၊ သံတမန်များ ပါဝင်သောအဖွဲ့သည် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည် သူ့အင်အား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်ကျော်ဝင်း၊ တာဝန်ရှိသူ များနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက မြောက်ဦးမြို့မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာ လာကြပြီး မြေပုံ မြို့သို့ ရောက်ရှိ ကြသည်။

ထို့နောက် သံအမတ်ကြီးများ အဖွဲ့သည် မြေပုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနရုံး၌ ရခိုင် တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ မြို့မိ မြို့ဖများ၊ ရခိုင် အမျိုးသမီး ကွန်ရက် အဖွဲ့၊ လူမှုရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေး ကြ သည်။ ယင်းသို့ တွေ့ဆုံ ဆွေးနွေးရာ တွင်ဥရောပ သမဂ္ဂ သံအမတ်ကြီးက မိမိနှင့် အတူ လိုက်ပါ လာကြသည့် အဖွဲ့ဝင် များကို မြို့မိမြို့ဖ များနှင့် မိတ်ဆက် ပေးပြီး ယခုကဲ့သို့ လာရောက် ရခြင်း အကြောင်းရင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ရခိုင် တိုင်းရင်းသား ပါတီများ၊ မြို့မိမြို့ဖ များက တွေ့ကြုံ ရင်ဆိုင် နေရသည့် အခက် အခဲများ၊ မတူ ကွဲပြားသည့် မျိုးနွယ်စု များ၏ ဒေသတွင်းရောက် နေထိုင်လာမှု အခြေ အနေများနှင့် တစ်နှစ်ထက် တစ်နှစ် ပိုမို တိုးပွား လာသည့် လူမှုရေး၊ စီးပွားရေး ဆိုင်ရာ ကဏ္ဍရပ်များ၊ တည်ဆဲ ဥပဒေ များအား လေးစား လိုက်နာ စေရေး ကိစ္စများ အပေါ် ရှင်းလင်း တင်ပြကြရာ သံအမတ် ကြီးများ၊ အဖွဲ့ဝင် များက သိရှိလိုသည် များကို မေးမြန်းကြသည်။

ထိုမှတစ်ဆင့် ဥရောပသမဂ္ဂ သံအမတ်ကြီးနှင့် အဖွဲ့ဝင် များသည် မြေပုံမြို့နယ် ကံသာ ထွက်ဝနှင့် ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ကာ ၎င်းတို့၏ လိုအပ်ချက် များကို မေးမြန်း နှုတ်ဆက် ကြသည်။

ယင်းနောက် သံအမတ်ကြီးများ၊ ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန် ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် စစ်တွေ မြို့သို့ ဆက်လက် ထွက်ခွာလာ ကြပြီး အောင်မင်္ဂလာ ရပ်ကွက်သို့ သွားရောက် ကြည့်ရှုကြသည်။

ထို့နောက် ဥရောပ သမဂ္ဂသံ အမတ်ကြီးနှင့် အဖွဲ့သည် ညနေပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၊ ရခိုင် တိုင်းရင်းသား နိုင်ငံရေး ပါတီ များနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံကာ ရခိုင်ပြည်နယ် အေးချမ်း တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဥရောပ သမဂ္ဂ အနေဖြင့် ဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးသွား နိုင်မည့် အစီ အမံ များနှင့် ဆက်လက် ဆောင်ရွက် သွားသင့် သည့် ကဏ္ဍများ အပေါ် ကျယ်ပြန့်စွာ ဆွေးနွေး ကြသည်။

မြ၀တီ

RangonNewsDaily: February . 3 .2014 
 
ရခိုင်ပြည်နယ်တွင် ရောက်ရှိ နေသည့် ဥရောပ သမဂ္ဂသံအမတ်ကြီး H.E. Mr. Roland Kobia ဦးဆောင်သော ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှသံအမတ်ကြီးများ၊ သံတမန်များ ပါဝင်သောအဖွဲ့သည် နယ်စပ်ရေးရာ ဝန်
ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ လူဝင်
မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း၊ တာဝန်ရှိသူ များနှင့် အတူ
ယမန်နေ့ နံနက်ပိုင်းက မြောက်ဦးမြို့မှရဟတ်ယာဉ်ဖြင့်ထွက်ခွာ လာကြပြီး မြေပုံ မြို့သို့ ရောက်ရှိ ကြသည်။ ထို့နောက် သံအမတ်ကြီးများ အဖွဲ့သည် မြေပုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနရုံး၌ ရခိုင် တိုင်းရင်း
သား နိုင်ငံရေး ပါတီများ၊ မြို့မိ မြို့ဖများ၊ ရခိုင် အမျိုးသမီး ကွန်ရက် အဖွဲ့၊ လူမှုရေး အဖွဲ့အစည်းများနှင့် တွေ့
ဆုံ ဆွေးနွေး ကြ သည်။ 
 
ယင်းသို့ တွေ့ဆုံ ဆွေးနွေးရာ တွင်ဥရောပ သမဂ္ဂ သံအမတ်ကြီးက မိမိနှင့် အတူ လိုက်ပါ လာကြသည့် အဖွဲ့
ဝင် များကို မြို့မိမြို့ဖ များနှင့် မိတ်ဆက် ပေးပြီး ယခုကဲ့သို့ လာရောက် ရခြင်း အကြောင်းရင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။ 
 
ထို့နောက် ရခိုင် တိုင်းရင်းသားပါတီများ၊ မြို့မိမြို့ဖ များက တွေ့ကြုံ ရင်ဆိုင် နေရသည့် အခက် အခဲများ၊ မတူ
ကွဲပြားသည့် မျိုးနွယ်စု များ၏ ဒေသတွင်းရောက် နေထိုင်လာမှု အခြေ အနေများနှင့် တစ်နှစ်ထက် တစ်နှစ် ပိုမို တိုးပွား လာသည့် လူမှုရေး၊ စီးပွားရေး ဆိုင်ရာ ကဏ္ဍရပ်များ၊ တည်ဆဲ ဥပဒေ များအား လေးစား လိုက်
နာ စေရေး ကိစ္စများ အပေါ် ရှင်းလင်း တင်ပြကြရာ သံအမတ် ကြီးများ၊ အဖွဲ့ဝင် များက သိရှိလိုသည် များကို
 မေးမြန်းကြသည်။

ထိုမှတစ်ဆင့် ဥရောပသမဂ္ဂ သံအမတ်ကြီးနှင့် အဖွဲ့ဝင် များသည် မြေပုံမြို့နယ် ကံသာ ထွက်ဝနှင့် ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ကာ ၎င်းတို့၏ လိုအပ်ချက် များကို မေးမြန်း နှုတ်ဆက် ကြသည်။

ယင်းနောက် သံအမတ်ကြီးများ၊ ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန် ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် စစ်တွေ မြို့သို့ ဆက်လက် ထွက်ခွာလာ ကြပြီး အောင်မင်္ဂလာ ရပ်ကွက်သို့ သွားရောက် ကြည့်ရှုကြသည်။

ထို့နောက်ဥရောပသမဂ္ဂသံအမတ်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၊ ရခိုင် တိုင်း
ရင်းသား နိုင်ငံရေး ပါတီ များနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံကာ ရခိုင်ပြည်နယ် အေးချမ်း တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက်ဥရောပသမဂ္ဂအနေဖြင့်ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးသွား နိုင်မည့် အစီ အမံ များနှင့်
ဆက်လက် ဆောင်ရွက် သွားသင့် သည့် ကဏ္ဍများ အပေါ် ကျယ်ပြန့်စွာ ဆွေးနွေး ကြသည်။

မြ၀တီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment