Pages

Monday, February 3, 2014

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ဒေါ်လာ၅ဝဝအောက်ပစ္စည်းများအခွန်ကောက်မည်

RangonNewsDaily: February . 3 .2014
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှဝင်ရောက်လာသောခရီးသည်ဝန်စည်ပစ္စည်းများအနက်အခွန်ကောက်

ခံရန် လိုအပ်သော ဒေါ်လာ ၅ဝဝအောက် တန်ဖိုးရှိ ပစ္စည်းများကို လေဆိပ်၌ အခွန် စည်းကြပ်ကောက်ခံသွား
မည်ဖြစ် ကြောင်း အကောက်ခွန်ဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒေါ်လာ ၅ဝဝအောက် တန် ဖိုးရှိပစ္စည်းများကို INVOICE/Voucher တင်ပြနိုင်ပါကသင့် လျော်မှုရှိ၊မရှိစိစစ်
သင့်လျော်ပါကINVOICE/Voucher ပါ ဈေးနှုန်းအတိုင်းစည်းကြပ်ကောက် ခံသွားမည်ဖြစ်ကြောင်း၊ INVOICE
/Voucher ဈေးနှုန်းသည် စည်းကြပ်ရန်မသင့်ပါကလည်း ကောင်း၊ INVOICE/Voucherမပါခဲ့လျှင်သော်လည်း
ကောင်းအကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့် အညီစည်းကြပ်တန်ဖိုး သတ် မှတ်၍ကျသင့်ခွန် ကောက်ခံမည်
ဖြစ်ကြောင်း၊ 

ယင်းသို့ စည်းကြပ် ခွန်ကောက်ခံခြင်းဆောင်ရွက်ရာ တွင် ဆက်သွယ်ရေးပစ္စည်း၊ဆေးဝါး နှင့်ကန့်သတ်ပိတ်
ပင် ပစ္စည်းများ မပါဝင်ကြောင်းသိရသည်။

ဒေါ်လာ ၅ဝဝ နှင့် အထက် ပစ္စည်းများကိုမူ အကောက်ခွန်လုပ် ထုံးလုပ်နည်းနှင့် အညီဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

The Union Daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment