Pages

Monday, February 3, 2014

အသတ်ခံ ရသူ ၅၂ ဦး စာရင်း လူ့အခွင့် အရေး ကော်မရှင်သို့ ပေးအပ်

RangonNewsDaily: February . 3 .2014
မောင်တော ။ ။ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်မှ ဦးစစ်မြိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဒုချီရာတန်း အလယ်ရွာသို့ ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက် ၁၀ နာရီတွင် ရောက်ရှိ ခဲ့ပြီး ဒေသခံ များနှင့် တွေ့ဆုံ ခဲ့ကြောင်း သတင်း ရရှိပါသည်။ တွေ့ဆုံပွဲတွင် ဒေသခံ များက အောက်ပါ အချက် အလက် များကို တင်ပြ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ (၁) မေယု တောင်တန်းကို ဖြတ်၍ ဘူးသီးတောင် မြို့မှ မောင်တော မြို့သို့ လာနေသည့် အပြစ်မဲ့ ရိုဟင်ဂျာ (၈) ဦးကို ဒုချီရာတန်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးအောင်ဇံဖြူက ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း တို့နှင့် ပူးပေါင်း၍ ဇန်န၀ါရီလ ၁၃ ရက်နေ့ မတိုင်မှီက သတ်ဖြတ် ခဲ့သည်။

(၂) ဇန်န၀ါရီလ ၁၃ ရက်နေ့ ညသန်းခေါင်ယံတွင် ရဲများနှင့် ရခိုင် အစွန်းရောက် များ၏ ပစ်ခတ် သတ်ဖြတ် မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံး ခဲ့ရပြီး၊ ယခု အချိန်ထိ မြောက်မြားစွာ ပျောက်ဆုံးလျက် ရှိသည်။
::
(၃) ဒေသခံ ရွာသား များကို နေအိမ်များမှ မောင်းထုတ် ခဲ့ပြီး၊ ရဲများက ရခိုင် အစွန်းရောက် များကို မိမိတို့၏ နေအိမ်များမှ ပစ္စည်း များကို လုယက်ခွင့် ပြုခဲ့သည်။ ထိုကဲ့သို့ လုယက် ခဲ့သည့် အထောက် အထား များကို နေအိမ် များကို စစ်ဆေး၍ ရှာဖွေ တွေ့ရှိ နိုင်မည် ဖြစ်သည်။

(၄) ဒုချီရာတန်း အနောက် ရွာကို ရဲများက ရခိုင် အစွန်းရောက် များနှင့် ပူးပေါင်း၍ မီးရှို့ ခဲ့သည့် အချိန်တွင် ရဲမှူးချုပ် တင်ကိုကိုသည် ဒုချီရာတန်း အနောက်ရွာနှင့် ကိုက် ၁၀၀ ခန့် ဝေးကွာသော နေရာတွင် ရှိသည့် ရဲကင်း စခန်းတွင် ရှိနေ ခဲ့သည်။ မီးရှို့မှုကြောင့် နေအိမ် ၂၂ လုံး ပြာကျ ခဲ့ရသည်။
::
(၅) မီးရှို့ခံ ရသည့်နေ့တွင် ရဲများနှင့် ရခိုင် အစွန်းရောက်များ ရောက်ရှိ လာပြီး၊ ရွာသား များကို ရွာမှ မောင်းထုတ် ခဲ့ပြီး၊ နေအိမ် များမှ ပစ္စည်း တစ်ခုပင် ယူဆောင်ခွင့် မပေးခဲ့ပေ။ ရခိုင် အစွန်းရောက် များက ဓါးများ၊ ဓါးရှည် များနှင့် တုတ်များ ကိုင်ဆောင်၍ ခြိမ်းခြောက် ခဲ့သည်။ ထို့နောက် နေအိမ် များတွင် ဓါတ်ဆီ ဖြန်း၍ မီးရှို့ ခဲ့သည်။

(၆) အမျိုးသား လူ့အခွင့် အရေး ကော်မရှင်မှ လာရောက်၍ ယခု ကဲ့သို့ တွေ့ဆုံ မေးမြန်းသည့် အတွက် ၀မ်းမြောက်ကြောင်း ဒေသခံ များမှ ပြောကြား ခဲ့သည်။ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် အဖွဲ့ဝင် များသည် ဒေသခံ များနှင့် တွေ့ဆုံပွဲ အပြီးတွင် မီးရှို့ခံရသည့် ဒုချီရာတန်း အနောက်ရွာသို့ သွားရောက် ကြည့်ရှု ခဲ့ကြောင်း သိရှိ ရပါသည်။
::
တွေ့ဆုံပွဲသို့ တက်ရောက် ခဲ့သည့် ဒေသခံ များက အသတ် ခံရသူ ၅၂ ဦး၏ စာရင်းကို အမျိုးသား လူ့အခွင့် အရေး ကော်မရှင်သို့ ပေးအပ် ခဲ့ပြီး၊ ကျန်သည့် စာရင်း များကို ရွာတွင် လူစုံသည့် အချိန်မှသာ ပေးနိုင်
မည် ဖြစ်ကြောင်း တင်ပြ ခဲ့သည်ဟု ဒေသခံ များမှ RB News သို့ ပြောပါသည်။

အမျိုးသား လူ့အခွင့် အရေး ကော်မရှင်သို့ ပေးအပ် ခဲ့သည့် ၅၂ ဦးစာရင်းမှာ --
::
(၁) ရှဖီကာ (ဘ) ဦးအဘူဆီဒိတ် (အသက် ၃ လ) - မိခင်၏ ရင်ခွင်မှယူ၍ ဓါးဖြင့်ခုတ်သတ်
(၂) မာမတ်ဆုလ်တာန် (ဘ) ဦးအဇီဇုလ် ဟောက် (အသက် ၁၆ နှစ်)
(၃) ဖာတေမာ (ဘ) ဦးအဇီဇုလ် ဟောက် (အသက် ၂၂ နှစ်)
(၄) ဖာရုခ် (ဘ) ဦးရာမတ် အုလ္လာ (အသက် ၁၇ နှစ်)
(၅) ရှဘိရ် အဟမတ် (ဘ) ဦးဆယာဒ် အာလမ် (အသက် ၂၀ နှစ်)
(၆) ကဘီရ် အဟမတ် (ဘ) ဦးဆယာဒ် အာလမ် (အသက် ၁၈ နှစ်)
(၇) အဒူဖယာစ် (ဘ) ဦးမာမတ် ဟူဆောင် (အသက် ၁၆ နှစ်)
(၈) ဆမီရာ (ဘ) ဦးအဘုလ် ဟာရှီမ် (အသက် ၁၉ နှစ်)
(၉) အာဇီဒါ (ဘ) ဦးအဘုလ် ဟာရှီမ် (အသက် ၁၇ နှစ်)
(၁၀) အေနာမုလ် ဟဆောင် (ဘ) ဦးအဘူလ် ဇူဟာရ် (အသက် ၁၉ နှစ်)
(၁၁) ဆမီရာ (ဘ) ဦးနူရ်မာလ် ဟာကီးမ် (အသက် ၂၀ နှစ်)
(၁၂) ရာဖီအုလ် ကာဒီရ် (ဘ) ဦးအဒူရှကူရ် (အသက် ၁၈ နှစ်)
(၁၃) အာဇရာခါတူ (ဘ) ဦးအီလီယာစ် (အသက် ၁၆ နှစ်)
(၁၄) ဦးဆော်လီမုလ္လာ (ဘ) ဦးဆီဒိတ် (အသက် ၆၅ နှစ်)
(၁၅) ဆော်မူဒါ (ဘ) ဦးကာလာမျာ (အသက် ၁၈ နှစ်)
(၁၆) ဟာရွန် (ဘ) ဦးအီနုစ် (အသက် ၂၀ နှစ်)
(၁၇) အီဆာခ် (ဘ) ဦးအီနုစ် (အသက် ၁၈ နှစ်)
(၁၈) ရိုဝိုင်ဒါ (ဘ) ဦးအာမီးရ် ဟမ်ဇား (အသက် ၂၀ နှစ်)
(၁၉) မာမတ်ဝါရဲစ် (ဘ) ဦးဟာမီးဒ် (အသက် ၁၈ နှစ်)
(၂၀) ရာမတ်အုလ္လာ (ဘ) ဦးအလီဟူဆောင် (အသက် ၁၉ နှစ်)
(၂၁) အာဇီဇ် (ဘ) ဦးဟာရွန် (အသက် ၂၀ နှစ်)
(၂၂) နူရ်ဟာဆောင် (ဘ) ဦးအူဇီရ် အဟမတ် (အသက် ၂၂ နှစ်)
(၂၃) နူရူဟောက် (ဘ) ဦးအီဆာခ် (အသက် ၁၇ နှစ်)
(၂၄) ရှော်ဖိတ် (ဘ) ဦးကာဒီဟူဆောင် (အသက် ၂၅ နှစ်)
(၂၅) ရှော်ဘီအုလ္လာ (ဘ) ဦးအာမန်အုလ္လာ (အသက် ၁၇ နှစ်)
(၂၆) ဟာမီဒါ (ဘ) ဦးဆယာဒ်ဟူဆောင်း (အသက် ၁၇ နှစ်)
(၂၇) နူရ်ဖိုင်ဆဲလ် (ဘ) ဦးအန်ဇုလ်ဟူဆောင်း (အသက် ၇ နှစ်)
(၂၈) အီဆုပ် (ဘ) ဦးဖော်ဇော်လ်အဟမတ် (အသက် ၁၈ နှစ်)
(၂၉) ဇူဘိုင်ရ် (ဘ) ဦးအီနုစ် (အသက် ၃ လ)
(၃၀) အာနီစ် (ဘ) ဦးမုစ်တာခ် (အသက် ၂၂ နှစ်)
(၃၁) အဒူရာမန် (ဘ) ဦးဖော်ကီရ် (အသက် ၂၅ နှစ်)
(၃၂) အစ္စမိုင်လ် (ဘ) ဦးကမာလ် (အသက် ၃၀ နှစ်)
(၃၃) ဆမီရာ (ဘ) ဦးအလီဇူဟာရ် (အသက် ၁၈ နှစ်)
(၃၄) ဒေါ်တော်ယူဘာ (ဘ) ဦးဖော်ဇော်လ် အဟမတ် (အသက် ၅၅ နှစ်)
(၃၅) အာဘေဒါခါတူ (ဘ) ဦးဝါရဲစ် (အသက် ၇ နှစ်)
(၃၆) ဇီယာဘုလ်ဟောက် (ဘ) ဦးအဒူရဟီးမ် (အသက် ၁၈ နှစ်)
(၃၇) မာမတ်ရော်ဖိတ် (ဘ) ဦးဘော်ဆီရ် (အသက် ၁၆ နှစ်)
(၃၈) ဦးဆယာဒ် ကရီးမ် (ဘ) ဦးဇာဘေရ် (အသက် ၄၅ နှစ်)
(၃၉) ရာဘီယာခါတူ (ဘ) ဦးနူရ်အာမတ် (အသက် ၃၀ နှစ်)
(၄၀) ဂျမာလ် (ဘ) ဦးအီမာန် ဟူဆောင်း (အသက် ၁၈ နှစ်)
(၄၁) ဦးကဘီရ် အဟမတ် (ဘ) ဦးဟာဘီအုလ္လာ (အသက် ၄၀ နှစ်)
(၄၂) မာမတ်ရော်ဖိတ် (ဘ) ဦးအဘူဆီးဒိတ် (အသက် ၃၀ နှစ်)
(၄၃) မာမတ်ရော်ဖိတ် (ဘ) ဦးကာလာမျာ (အသက် ၂၅ နှစ်)
(၄၄) မာမတ်တာဟဲရ် (ဘ) ဦးအာဇီမုလ္လာ (အသက် ၁၈ နှစ်)
(၄၅) နာဆူဖီခါတူ (ဘ) ဦးအဒူမာလဲခ် (အသက် ၁၈ နှစ်)
(၄၆) မူဂျော်စ်ဆမာ (ဘ) ဦးအဒူမာလဲခ် (အသက် ၁၆ နှစ်)
(၄၇) ဂျမီလ်အဟမတ် (ဘ) ဦးနူရ်မာမတ် (အသက် ၂၅ နှစ်)
(၄၈) မာမတ်ဇူဘိုင်ရ် (ဘ) ဦးအာမန်အုလ္လာ (အသက် ၁၈ နှစ်)
(၄၉) ဒေါ်တော်ယူဘာ (ဘ) ဦးဟိုင်ရ်ဟူဆောင် (အသက် ၄၀ နှစ်)
(၅၀) ဒေါ်ဟာဇာရာ ခါတူ (ဘ) ဦးအာဖောဆောဒ္ဒိန် (အသက် ၆၀ နှစ်)
(၅၁) မာမာတ်ရှာဟဲဒ် (ဘ) ဦးဖော်ဇော်လ်အဟမတ် (အသက် ၁၆ နှစ်)
(၅၂) မာမတ်ယာစီးန် (ဘ) ဦးဇကီရ်အဟမတ် (အသက် ၁၉ နှစ်) -- တို့ ဖြစ်သည်။

RB News ::kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment