Pages

Monday, February 3, 2014

ကိုယ့်အတွက်နေရာတစ်ခု ရှိနေခဲ့တယ်၊ ခုထိလည်း ရှိနေဆဲပဲလို့ ဆိုလိုက်တဲ့ ကြက်ဖ

Photo: ကိုယ့်အတွက်နေရာတစ်ခု ရှိနေခဲ့တယ်၊ ခုထိလည်း ရှိနေဆဲပဲလို့ ဆိုလိုက်တဲ့ ကြက်ဖ
Monday, February 3, 2014

Hip Hop ကို နှစ်ခြိုက်ခုံမင်စွာ နားထောင်တဲ့ ပရိသတ်တွေကတော့ 2nd Generation က ကြက်ဖဆိုတဲ့ ရက်ပ်ပါကို အားလုံးသိပြီးဖြစ်သလို သူ့အကြောင်း အထူးတလည် ပြောပြနေဖို့ မလိုတော့ပါဘူးနော်။ ကြက်ဖဟာ Hip Hop မြူးဇစ်ကို ရူးသွပ်စွာ ဖန်တီးခဲ့တဲ့ သူတစ်ယောက်ဖြစ်သလို ခုနောက်ပိုင်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ မြင်တွေ့လာရပါပြီ။ သူ့ရဲ့သီချင်းသစ်တွေ နည်းပါးသွားတဲ့အကြောင်းတွေ၊ သရုပ်ဆောင်ပညာနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေ သူနဲ့ တွေ့ဆုံခိုက်ခုလိုမေးမြန်းကြည့်ဖြစ်
တဲ့အခါမှာတော့‘ကျွန်တော် လတ်တလောမှာတော့ ဘာမှသိပ်မလုပ်ဖြစ်
ပါဘူး။ ကျွန်တော်ရယ်၊ ရဲသူရ၊ အောင်ခြိမ့်နဲ့ သုံးယောက်ပေါင်းပြီးတော့ ဘာတွေ စဉ်းစားထားလဲဆိုတဲ့ နာမည်နဲ့ သီချင်း ဖြန့်ဖို့တော့ အစီအစဉ်ရှိ
ပါတယ်။ အွန်လိုင်းပေါ်မှာ အရင်တင်ဖို့တော့ စဉ်းစားထားပါတယ်။’လို့ သူကပြောပါတယ်။

ဇာတ်ကားရိုက်ကူးရေးနဲ့ ပတ်သက်ပြီးတော့ ‘ဒါရိုက်တာသီဟတင်သန်းရိုက်
တဲ့ ပျော်ပြီးရင်းပျော်ဇာတ်ကားမှာ ကျွန်တော်ရယ်၊ ယုန်လေး၊ ရတနာမိုင်၊ ဆူဇီတို့လည်းပါတယ်။ ဟိုတယ်ဝန်ထမ်းဇာတ်ရုပ် သရုပ်ဆောင်ကြရမှာပါ။ ပြီးရင် မတ်လမှာ ဒါရိုက်တာကိုဝင်းထွန်းထွန်း ရိုက်မဲ့ဇာတ်ကားမှာ ကျွန်တော်ရယ်၊ ယုန်လေး၊ ကိုမြင့်မြတ်တို့နဲ့ ပါဝင်ရိုက်ကူးသွားဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီကားလေးကဟာသလေးကိုမှ နောက်ပိုင်းမှာ ဒရာမာဇာတ်မျိုး ပြန်ချိုးသွားမယ်လို့ ထင်ပါတယ်။ သရုပ်ဆောင်တာနဲ့ ပတ်သက်တဲ့ ကြိုးစားအားထုတ်မှုဆိုတာထက် ငယ်ငယ်ကတည်းက သရုပ်ဆောင်တာကို ဝါသနာပါခဲ့ပါတယ်’လို့ ဆိုပါတယ်။

ခုနောက်ပိုင်း ဂီတလောကမှာ ခြေလှမ်းတွေကျဲသွားတဲ့ ကြက်ဖကို အဲ့ဒီအကြောင်း မေးမြန်းကြည့်လိုက်တော့ သူက ‘ဂီတနဲ့ပတ်သက်ပြီး ကျွန်တော်ဒီနှစ်ထဲ မရောက်ခင်ထိကို လုံးလည်ချာလည်ဖြစ်ပြီးတော့ သီချင်းရေးဖို့အချိန်လည်းမရ၊ moveလည်းမဝင်ဘူး ဖြစ်နေတယ်လေ။ ကျွန်တော်ကိုယ်တိုင် ရှုပ်ယှက်ခတ် နေတာလည်းပါတယ်။ တရုတ်နှစ်ကူး ပြီးသွားရင်တော့ ကျွန်တော့်တစ်ကိုယ်တော်ရော၊ ကျွန်တော့်ရဲ့မိန်းမနဲ့ရော
နှစ်ယောက်တွဲပြီး လုပ်ဖို့တော့ စီစဉ်ထားပါတယ်။ နှစ်ယောက်တွဲထဲမှာတော့ ဟာသပေါ့။ ဟာသဆိုတာလည်း ဒီသီချင်းကို နားထောင်လိုက်တာနဲ့ ပျော်
သွားရမယ်ပေါ့။ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဖြစ်မဲ့ ပုံစံမျိုး၊ ကျွန်တော်
တစ်ယောက်တည်း အတွက်ဆိုရင်တော့ နည်းနည်းလွမ်းချင်း၊ ငိုခြင်းဆန်
မဲ့ဟာမျိုးလေးတွေ ရေးမယ်လို့ စဉ်းစားထားပါတယ်။ သီချင်းရေးတဲ့အပိုင်းနဲ့ပ တ်သက်ပြီး တစ်ခြားသူတွေကို အရင်တုန်းကတော့ ရေးပေးဖြစ်ပါတယ်။
နောက်ဆုံးFeaturingအနေနဲ့ ရေးတဲ့သီချင်းဆိုလို့ Moe Z အခွေရဲ့ပြော
ရင်းဆိုရင်းအခွေထဲမှာ ပြောရင်းဆိုရင်းဆိုတဲ့ သီချင်းတစ်ပုဒ် ရေးပေးထားပါ
တယ်။ 

အခုနောက်ပိုင်းရှိုးပွဲတွေမှာ မဆိုဖြစ်တော့တာကလည်း ခေတ်အရရော၊
နောက်ပြီး သိပ်အချိန်မပေးနိုင်တဲ့အတွက်ရော ဆိုင်မယ်။ ကျွန်တော်
သီချင်းအသစ်တွေ ထပ်ပြီးတော့ မရေးနိုင်တာလည်းပါပါတယ်။ ရှိုးပွဲဆိုတာကလည်း သီချင်းများများရှိမှ အဆင်ပြေနိုင်တာလေ။ ကျွန်တော်ရှိုးပွဲတစ်ပွဲရှိခဲ့ပြီဆိုရင် ဘယ်သီချင်းကိုဆိုရမလဲဆိုတာမျိုးတွေ၊ ဘယ်ဟာက ဘယ်လိုဟောင်းနေပြီလဲ။ 

ဒီသီချင်းဘယ်လောက်ရိုးနေပြီလဲဆိုတာမျိုးတွေ ဖြစ်ဖြစ်နေတော့ ကျွန်တော်ကိုယ်တိုင်နဲ့လည်း ဆိုင်ပါတယ်။ အခုလိုမျိုးပရိသတ်တွေရှေ့ မရောက်နိုင်တာကိုလည်း အရမ်းအားနာမိပါတယ်။ 

ဒါပေမဲ့ကျွန်တော်အဲဒီလိုဖြစ်သင့်လို့ ဖြစ်နေတယ်လို့ပဲ ထင်ပါတယ်။ လောလောဆယ်မှာတော့ ထပ်ပြီးကုန်ကြမ်းစုနေတယ်လို့ပဲ ကိုယ့်ကိုယ်ကိုခံယူထားပါတယ်။ အခုချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်လိုအတိုင်းအတာမျိုးဆိုတာထက် နေရာတစ်ခုမှာတော့ ရှိနေခဲ့တယ်ပေါ့။ ရှိနေဆဲပဲလို့လည်း ကျွန်တော်ထင်ပါတယ်’တဲ့။ 

Trend Myanmar

RangonNewsDaily: February . 3 .2014
Hip Hop ကို နှစ်ခြိုက်ခုံမင်စွာ နားထောင်တဲ့ ပရိသတ်တွေကတော့ 2nd Generation က ကြက်ဖဆိုတဲ့ ရက်ပ်
ပါကို အားလုံးသိပြီးဖြစ်သလို သူ့အကြောင်း အထူးတလည် ပြောပြနေဖို့ မလိုတော့ပါဘူးနော်။ ကြက်ဖဟာ Hip Hop မြူးဇစ်ကို ရူးသွပ်စွာ ဖန်တီးခဲ့တဲ့ သူတစ်ယောက်ဖြစ်သလို ခုနောက်ပိုင်း သရုပ်ဆောင်
တစ်ယောက်အနေနဲ့ပါ မြင်တွေ့လာရပါပြီ။ သူ့ရဲ့သီချင်းသစ်တွေ နည်းပါးသွားတဲ့အကြောင်းတွေ၊ သရုပ်
ဆောင်ပညာနဲ့ပတ်သက်တဲ့ အကြောင်းလေးတွေသူနဲ့ တွေ့ဆုံခိုက်ခုလိုမေးမြန်းကြည့်ဖြစ်တဲ့အခါမှာတော့‘
ကျွန်တော် လတ်တလောမှာတော့ ဘာမှသိပ်မလုပ်ဖြစ်ပါဘူး။ 
 
ကျွန်တော်ရယ်၊ ရဲသူရ၊ အောင်ခြိမ့်နဲ့ သုံးယောက်ပေါင်းပြီးတော့ ဘာတွေ စဉ်းစားထားလဲဆိုတဲ့ နာမည်နဲ့ သီ
ချင်း ဖြန့်ဖို့တော့အစီအစဉ်ရှိပါတယ်။အွန်လိုင်းပေါ်မှာအရင်တင်ဖို့တော့ စဉ်းစားထားပါတယ်။’လို့ သူကပြော
ပါတယ်။

ဇာတ်ကားရိုက်ကူးရေးနဲ့ ပတ်သက်ပြီးတော့‘ဒါရိုက်တာသီဟတင်သန်းရိုက်တဲ့ ပျော်ပြီးရင်းပျော်ဇာတ်ကားမှာ
ကျွန်တော်ရယ်၊ ယုန်လေး၊ ရတနာမိုင်၊ ဆူဇီတို့လည်းပါတယ်။ ဟိုတယ်ဝန်ထမ်းဇာတ်ရုပ် သရုပ်ဆောင်ကြရ
မှာပါ။ ပြီးရင် မတ်လမှာ ဒါရိုက်တာကိုဝင်းထွန်းထွန်း ရိုက်မဲ့ဇာတ်ကားမှာ ကျွန်တော်ရယ်၊ ယုန်လေး၊ ကိုမြင်
့မြတ်တို့နဲ့ ပါဝင်ရိုက်ကူးသွားဖို့ အစီအစဉ်ရှိပါတယ်။ 
 
အဲဒီကားလေးကဟာသလေးကိုမှ နောက်ပိုင်းမှာ ဒရာမာဇာတ်မျိုး ပြန်ချိုးသွားမယ်လို့ ထင်ပါတယ်။ သရုပ်
ဆောင်တာနဲ့ ပတ်သက်တဲ့ ကြိုးစားအားထုတ်မှုဆိုတာထက် ငယ်ငယ်ကတည်းက သရုပ်ဆောင်တာကို ဝါ
သနာပါခဲ့ပါတယ်’လို့ ဆိုပါတယ်။

ခုနောက်ပိုင်း ဂီတလောကမှာ ခြေလှမ်းတွေကျဲသွားတဲ့ ကြက်ဖကို အဲ့ဒီအကြောင်း မေးမြန်းကြည့်လိုက်တော့ သူက ‘ဂီတနဲ့ပတ်သက်ပြီး ကျွန်တော်ဒီနှစ်ထဲ မရောက်ခင်ထိကို လုံးလည်ချာလည်ဖြစ်ပြီးတော့ သီချင်းရေးဖို့
အချိန်လည်းမရ၊ moveလည်းမဝင်ဘူး ဖြစ်နေတယ်လေ။ ကျွန်တော်ကိုယ်တိုင် ရှုပ်ယှက်ခတ် နေတာလည်းပါ
တယ်။တရုတ်နှစ်ကူး ပြီးသွားရင်တော့ကျွန်တော့်တစ်ကိုယ်တော်ရော၊ကျွန်တော့်ရဲ့မိန်းမနဲ့ရောနှစ်ယောက်
တွဲပြီး လုပ်ဖို့တော့ စီစဉ်ထားပါတယ်။
 
နှစ်ယောက်တွဲထဲမှာတော့ ဟာသပေါ့။ ဟာသဆိုတာလည်းဒီသီချင်းကိုနားထောင်လိုက်တာနဲ့ ပျော်သွားရ
မယ်ပေါ့။လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဖြစ်မဲ့ပုံစံမျိုး၊ကျွန်တော်တစ်ယောက်တည်း အတွက်ဆိုရင်တော့ နည်း
နည်းလွမ်းချင်း၊ ငိုခြင်းဆန်မဲ့ဟာမျိုးလေးတွေ ရေးမယ်လို့ စဉ်းစားထားပါတယ်။ 
 
သီချင်းရေးတဲ့အပိုင်းနဲ့ပတ်သက်ပြီးတစ်ခြားသူတွေကိုအရင်တုန်းကတော့ ရေးပေးဖြစ်ပါတယ်။နောက်ဆုံး
Featuringအနေနဲ့ ရေးတဲ့သီချင်းဆိုလို့ Moe Z အခွေရဲ့ပြောရင်းဆိုရင်းအခွေထဲမှာ ပြောရင်းဆိုရင်းဆိုတဲ့ 
သီချင်းတစ်ပုဒ် ရေးပေးထားပါတယ်။

အခုနောက်ပိုင်းရှိုးပွဲတွေမှာမဆိုဖြစ်တော့တာကလည်း ခေတ်အရရောနောက်ပြီး သိပ်အချိန်မပေးနိုင်တဲ့အ
တွက်ရော ဆိုင်မယ်။ ကျွန်တော်သီချင်းအသစ်တွေ ထပ်ပြီးတော့ မရေးနိုင်တာလည်းပါပါတယ်။ ရှိုးပွဲဆိုတာ
ကလည်း သီချင်းများများရှိမှ အဆင်ပြေနိုင်တာလေ။ ကျွန်တော်ရှိုးပွဲတစ်ပွဲရှိခဲ့ပြီဆိုရင် ဘယ်သီချင်းကိုဆိုရမ
လဲဆိုတာမျိုးတွေ၊ ဘယ်ဟာက ဘယ်လိုဟောင်းနေပြီလဲ။

ဒီသီချင်းဘယ်လောက်ရိုးနေပြီလဲဆိုတာမျိုးတွေ ဖြစ်ဖြစ်နေတော့ ကျွန်တော်ကိုယ်တိုင်နဲ့လည်း ဆိုင်ပါတယ်။ အခုလိုမျိုးပရိသတ်တွေရှေ့ မရောက်နိုင်တာကိုလည်း အရမ်းအားနာမိပါတယ်။

ဒါပေမဲ့ကျွန်တော်အဲဒီလိုဖြစ်သင့်လို့ ဖြစ်နေတယ်လို့ပဲထင်ပါတယ်။ လောလောဆယ်မှာတော့ထပ်ပြီးကုန်ကြမ်း
စုနေတယ်လို့ပဲ ကိုယ့်ကိုယ်ကိုခံယူထားပါတယ်။ အခုချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်လိုအတိုင်းအတာမျိုးဆိုတာ
ထက် နေရာတစ်ခုမှာတော့ ရှိနေခဲ့တယ်ပေါ့။ ရှိနေဆဲပဲလို့လည်း ကျွန်တော်ထင်ပါတယ်’တဲ့။

Trend Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment