Pages

Tuesday, October 29, 2013

“ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ဦးဆောင်သည့် နေပြည်တော် အထူးစစ်ဗျူဟာ အ၀ိုင်းခံထားရ”

RangonNewsDaily:: October. 29 .2013
ကချင် လွတ်လပ်ရေး တပ်မတော် (KIA )တပ်မဟာ (၃)လက်အောက်ခံ တပ်ရင်း (၁၂) သည် အစိုးရ အထူး
စီမံ ထားသည့် နေပြည်တော် စစ်ဗျူဟာ (၂) အား (၇) ရက် တိုင်တိုင် ၀ိုင်းထားဆဲ ဖြစ်သည့် အပြင် စစ်ကူ လာပေး နေသည့် အထူး စစ်ဗျူဟာ (၃) ကိုလည်း ယနေ့ မနက် ပိုင်းတွင် ထပ်မံ တိုက်ခိုက် နေဆဲ ဖြစ်သည်
ဟု KIA တပ်ရင်း (၁၂) မှူး ဗိုလ်မှူး လဘန်ဂျွန်းအောင် (Major Labang Jawn Awng) က ဆိုပါသည်။

"ဘယ်သူ့မှာ တာဝန်ရှိသလဲ"

RangonNewsDaily:: October. 29 .2013
အခုမြင်နေရတဲ့ ပုံက တော့  ယနေ့ ၂၉.၁၀.၁၃ ရက် ညနေ ၆နာရီ ၁၀ မိနစ်ခန့်မှာ သမိုင်းဘူတာရုံလမ်း
က ရထားလမ်း ဂုံးကျာ်တံတားရဲ့အောက်ဗဟိုလမ်းပေါ်မှာ ရိုက်ထားမိတာပါ..

Facebook လော့ချင်ချင်သူများအတွက် Facebook Lock v.2.3.5 APK LATEST version For Android


 
RangonNewsDaily:: October. 29 .2013
ဒီတစ်ခါတော့ Android ပေါ်မှာ Facebook သုံးနေသူများအတွက် သတင်းကောင်းပါ။ ကျွန်တော်ဒီတစ်ခါတော့ Facebook Lock လေး share လိုက်ပါဦးမယ်။

တရုတ်နိုင်ငံရှိ Fuzhou Linchuan အထက်တန်းကျောင်း တွင် ကျောင်းသားတစ်ဦးမှ ဆရာကို ဓားဖြင့်ထိုးသတ်


RangonNewsDaily:: October. 29 .2013
စက်တင်ဘာလ ၁၄ ရက်နေ့က Fuzhou Linchuan အထက်တန်းကျောင်းက grade 12th ကျောင်းသား ဖြစ်တဲ့ Lei X ဟာ သူရဲ့ ဆရာကို ဓါးနဲ့ ထိုးသတ်ခဲ့ပါတယ်..။

လဟာပြင်ဈေးနေရာတွင် ဟိုတယ်လုပ်ငန်းအကျိုးတူရင်းနှီး မြှုပ်နှံမည်

RangonNewsDaily:: October. 29 .2013
ယခင်လဟာပြင်ဈေးဟောင်းနေရာတွင် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်လုပ်ငန်းဆောင်ရွက်ရန်အတွက် အောက်တိုဘာ ၂၆ ရက်တွင် Shwe Taung Group နှင့် Pan Pacific Hotels Group တို့အကျိုးတူ ရင်းနှီးမြှုပ်နှံမှုစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။

ဘ၀ရဲ့ အောင်မြင်မှု ရဖို့ ဘာတွေလိုအပ်လဲ ?????

RangonNewsDaily:: October. 29 .2013
၁။ ချစ်ခြင်းမေတ္တာနဲ့ အောင်မြင်မှုဆိုတာကို ရရှိဖို့အတွက် ဘ၀မှာပေးဆပ်ရတဲ့ အရင်းအနှီးတွေက သိပ်ကြီးတတ်တာကို ဘယ်တော့မှ မမေ့ပါနဲ့။

၂။ ဆုံးရှုံးမှုနဲ့ ကြုံရတဲ့အခါ သင်ခန်းစာကိုပါ အဆုံးရှုံးမခံပါနဲ့။

ဟဲဟိုးလေဆိပ် လေယာဉ် ရပ်နားရန်နေရာ စတင်တိုးချဲ့

Photo: ဟဲဟိုးလေဆိပ် လေယာဉ် ရပ်နားရန်နေရာ စတင်တိုးချဲ့
Tuesday, October 29, 2013

မြန်မာနိုင်ငံရှိ လေဆိပ်များကို အဆင်မြှင့်တင်လျက်ရှိရာ နိုင်ငံခြားသား ခရီးသည်သွားလာမှု အများဆုံးဖြစ်သည့် ဟဲဟိုးလေဆိပ်တွင် လေယာဉ် ရပ်နားရန် နေရာကို အောက်တိုဘာလ ၂၄ ရက်နေ့မှစ၍ စတင်တိုးချဲ့ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။
“လေယာဉ် လမ်းညွှန်စက်တွေကိုလည်း JICA အကူအညီနဲ့ ၂၀၁၄ ခုနှစ်မှာ စတင် တပ်ဆင်တော့မှာပါ။ လေယာဉ်တွေ ရပ်နားဖို့အတွက် နေရာကို စလုပ်နေပါပြီ” ဟု ၎င်းကဆိုသည်။

လေဆိပ်များ စတင်ပြင်ဆင်ရာတွင် ပထမဆုံးအနေနှင့် လေယာဉ်ပြေးလမ်းကို ခံနိုင်ရည် ရှိစေရန် တိုးချဲ့ရမည် ဖြစ်၍ ဟဲဟိုးလေဆိပ် ပြေးလမ်းတိုးချဲ့ ပြင်ဆင်မှုမှာ ပြီးစီးလုနီးပါး ဖြစ်ကြောင်း၊ လေယာဉ်များ နေ့ညမရွေး ဆင်းသက်နိုင်ရန်လည်း လုပ်ဆောင်သွားမည် ဖြစ်ပြီး Terminal ကိုလည်း တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။

ဟဲဟိုးလေဆိပ်သည် ပြည်တွင်းပြည်ပ ခရီးသည်သွားလာမှု အများဆုံးဖြစ်၍ ဦးစားပေး ပြင်ဆင်ခြင်း ဖြစ်ပြီး ဒုတိယ ခရီးသည်သွားလာမှု အများဆုံးဖြစ်သည့် ပုဂံ- ညောင်ဦး လေဆိပ်ကိုလည်း လေယာဉ် ရပ်နားရန် နေရာများ တိုးချဲ့သွားမည်ဖြစ်ရာ လာမည့် ၂၀၁၄ ခုနှစ်တွင် Terminal ကိုလည်း တိုးချဲ့လုပ်ဆောင် သွားမည်ဟု ၎င်းကဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် လေဆိပ်ပေါင်း ၆၉ ခုရှိသည့်အနက် လက်ရှိ အသုံးပြုနေသော လေဆိပ် ၃၃ ခုရှိပြီး နိုင်ငံတကာလေဆိပ် သုံးခု၊ ပြည်တွင်းလေဆိပ် ၃၀ ခုတို့ ရှိကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

RangonNewsDaily:: October. 29 .2013
မြန်မာနိုင်ငံရှိ လေဆိပ်များကို အဆင်မြှင့်တင်လျက်ရှိရာ နိုင်ငံခြားသား ခရီးသည်သွားလာမှု အများဆုံးဖြစ်
သည့် ဟဲဟိုးလေဆိပ်တွင် လေယာဉ် ရပ်နားရန် နေရာကို အောက်တိုဘာလ ၂၄ ရက်နေ့မှစ၍ စတင်တိုးချဲ့ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။

စစ်တွေတက္ကသိုလ်မှ ဆရာမတစ်ဦး သေဆုံးမှု အပုပ်နံ့ထွက်မှ သိရှိရ

RangonNewsDaily:: October. 29 .2013
ရခိုင်ပြည်နယ်စစ်တွေတက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေသည့် ဆရာမတစ်ဦးသေဆုံးနေမှုကို နှစ်ရက်ကြာ
မှ တွေ့ရှိခဲ့သည်ဟု စစ်တွေမြို့နယ် ရဲစခန်းမှ သိရှိရသည်။စစ်တွေမြို့မ ကျည်းမြိုင်ရပ်ကွက်တက္ကသိုလ်ဆရာ
/ဆရာမများအဆောင် တိုက်နံပါတ်(၁)အခန်း(၉)နေ ဆရာမ ဒေါ်လှအုန်း(မြန်မာစာကထိက)၏အခန်းမှ အ
ပုပ်နံ့ရသဖြင့်ဘေးခန်းနေဆရာများက

မိဘ မေတ္တာဆိုတာ တုနိုင်းမဲ့ပါ

Photo: သြော် မိဘ မေတ္တာဆိုတာ တုနိုင်းမဲ့ပါလားဗျာ
Tuesday, October 29, 2013

သူတို့ သားအမိက တရုတ်ပြည်မှာ နေထိုင်ကြပါတယ်။ မိခင်ကြီးက အသက် ၉၇ နှစ်၊ ရောဂါဝေဒနာကို ခံစားနေရတဲ့ သားက အသက် ၆၀ ။


၁၉ နှစ်ကျော်ကြာအောင် ရောဂါသည် သားဖြစ်သူကို ကျွေးမွေး စောင့်ရှောက်
လာခဲ့ရပါတယ်။

လူအမျိုးမျိုး စိတ်အမျိုးမျိုး ရှိကြသလို မိခင် တွေရဲ့ စိတ်ထားတွေကလည်း
ကွဲပြားမှုတော့ ရှိကြမှာပါ။


သားသမီးကို စွန့် ပစ်ကြတဲ့ မိဘ တွေ၊ သားသမီးကို အသက်လောက် ချစ်
ကြတဲ့ မိဘတွေ အမျိုးမျိုး ရှိမှာပါ။


ဘာပဲဖြစ်ဖြစ် ဒီလို အမေမျိုးကို ရတဲ့ သားသမီး တစ်ယောက်ရဲ့ ခံစားချက်
ကတော့ ဘာနဲ့ မှ တူနိုင်မယ်လို့ မထင်ပါဘူး။


မိဘ တိုင်းကို ကျေးဇူးမဆပ်ချင် နေကြပါ။ ကျေးတော့ မစွပ်လိုက်ပါနဲ့ .....




Kaung Zay Yan
Discoveries Myanmar

RangonNewsDaily:: October. 29 .2013
သူတို့ သားအမိက တရုတ်ပြည်မှာ နေထိုင်ကြပါတယ်။ မိခင်ကြီးက အသက် ၉၇ နှစ်၊ ရောဂါဝေဒနာကို ခံ
စားနေရတဲ့ သားက အသက် ၆၀ ။

စပိန်နိုင်ငံ၏ တယ်လီဖုန်းခေါ်ဆိုမှု အကြိမ် သန်း ၆၀ ခန့်ကို အမေရိကန်ထောက်လှမ်းရေး စောင့်ကြည့်ခဲ့ဟု သတင်းထွက်ပေါ်

Photo: စပိန်နိုင်ငံ၏ တယ်လီဖုန်းခေါ်ဆိုမှု အကြိမ် သန်း ၆၀ ခန့်ကို အမေရိကန်ထောက်လှမ်းရေး စောင့်ကြည့်ခဲ့ဟု သတင်းထွက်ပေါ်
Tuesday, October 29, 2013

အမေရိကန်နိုင်ငံသားများ သာမက အနောက်ကမ္ဘာ နိုင်ငံများမှ ပြည်သူ များ၏ ဆန့်ကျင်ကန့်ကွက်မှု များနှင့် ရင်ဆိုင်နေရသော အမေရိကန်အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA) သည် စပိန်နိုင်ငံမှ တယ်လီဖုန်းခေါ်ဆိုမှု အကြိမ်ပေါင်း သန်း ၆၀ ခန့်ကို တစ်လအတွင်း လျှို့ဝှက်စွာ စောင့်ကြည့် ခဲ့သည်ဟု စပိန်မီဒီယာတစ်ခုက ရေး သား ဖော်ပြလိုက်သည်။

ထိုသို့ စပိန်နိုင်ငံမှ တယ်လီဖုန်းခေါ်ဆိုမှု အကြိမ်ရေ သန်း ၆၀ ခန့်ကို NSA က စောင့်ကြည့်ခဲ့သည် ဟူသော စွပ်စွဲ ဖော်ပြချက်သည် NSA ကန်ထရိုက်တာဟောင်း နှင့် လက်ရှိ ပြည်ပြေးဘဝဖြင့် နေထိုင်လျက်ရှိသူ အက်ဒဝပ်စနိုးဒန်က ပေးပို့သည့် သတင်းအချက်အလက် များကို ကိုးကားဖော်ပြခြင်း ဖြစ်သည်ဟု သတင်းကဆိုသည်။
NSA သည် တယ်လီဖုန်းနံပါတ်များ၊ ခေါ်ဆိုသူများနှင့် ခေါ်ဆိုခြင်းခံရသူ တို့၏ တည်နေရာများကို ရယူခဲ့ခြင်း ဖြစ်သော်လည်း ပြောဆိုသည့် အကြောင်းအရာများကို ရယူခဲ့ခြင်း မဟုတ်ကြောင်း စပိန်မီဒီယာက ဆိုသည်။
ထိုသို့ စပိန်နိုင်ငံမှ တယ်လီဖုန်း ခေါ်ဆိုမှုများကို NSA ကစောင့်ကြည့်သည် ဟူသော သတင်းသည် အမေရိကန်ပြည်ထောင်စုသို့ ဥရောပသမဂ္ဂ ပါလီမန် ကိုယ်စားအဖွဲ့ သွားရောက်ပြီး ဆွေးနွေးပွဲများ တက်ရောက်ရန် ပြင် ဆင်နေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုသို့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့၏ လျှို့ဝှက်စွာ သတင်းအချက် အလက်များ ရယူသည့်ကိစ္စနှင့် ပတ်သက်၍ အီးယူပါလီမန်၏ အရပ်ဘက် လွတ်လပ်မှုများ ဆိုင်ရာ ကော်မတီမှ အရာရှိများက အမေရိကန်ကွန်ဂရက် အဖွဲ့ဝင်များကို ထုတ်ဖော် ပြောဆိုသွားရန် စီစဉ်ထားသည်။
တစ်ချိန်တည်းမှာပင် ဂျပန်သတင်း အေဂျင်စီတစ်ခု၏ ရေးသားဖော်ပြချက် အရ အာရှပစိတ်ဖိတ် ဒေသတစ်ခုလုံးမှ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သတင်းအချက်အလက် များကို ရယူနိုင်သည့် ဖိုင်ဘာဖန်ကြိုးမျှင် ကေဘယ်ကို ဂျပန်နိုင်ငံမှတစ်ဆင့် စောင့်ကြည့်ရာ၌ အကူအညီပေးရန် NSA က ဂျပန်အစိုးရ ကို ပြောဆိုခဲ့ဖူးကြောင်း သိရသည်။
အဆိုပါသတင်းကို Kyodo သတင်းဌာနက ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု၏ ကြိုးပမ်းချက်သည် တရုတ်နိုင်ငံအပေါ် သူလျှိုလုပ် စောင့်ကြည့်ရန် ဦးတည်ခြင်းဖြစ်ကြောင်း၊ သို့သော် ဥပဒေ ကန့်သတ်ချက်များနှင့် ဝန်ထမ်းအင်အား နည်းပါးခြင်းကြောင့် ဂျပန်နိုင်ငံက ယင်း ကိစ္စကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။

စပိန်သတင်းစာနှစ်စောင် ဖြစ်သော El Pais နှင့် El Mundo တို့၏ စပိန်နိုင်ငံ အပေါ် NSA ကလျှို့ဝှက်စွာ စောင့်ကြည့်ခဲ့သည် ဟူသော သတင်းပေးပို့ချက် များနှင့် ပတ်သက်၍ အမေရိကန်အစိုးရက ထင်မြင်ချက် တစ်စုံတစ်ရာ ထုတ်ဖော်မှု မပြုသေးပေ။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှ ယခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ အကြား ကာလတွင် NSA သည် စပိန်နိုင်ငံမှ တယ်လီဖုန်း ခေါ်ဆိုမှုများ၊ စပိန်နိုင်ငံသားတို့၏ မက်ဆေ့ခ်ျ ပေးပို့မှုများနှင့် အီးမေးလ်များကို လျှို့ဝှက်စွာ စောင့်ကြည့် ရယူခဲ့ခြင်း ဖြစ်သည်ဟု ယင်းသတင်းစာများက ဆိုသည်။

The Voice Weekly

RangonNewsDaily:: October. 29 .2013
အမေရိကန်နိုင်ငံသားများ သာမက အနောက်ကမ္ဘာ နိုင်ငံများမှ ပြည်သူ များ၏ ဆန့်ကျင်ကန့်ကွက်မှု များနှင့် ရင်ဆိုင်နေရသော အမေရိကန်အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA) သည် စပိန်နိုင်ငံမှ တယ်လီဖုန်းခေါ်ဆို
မှု အကြိမ်ပေါင်း သန်း ၆၀ ခန့်ကို တစ်လအတွင်း လျှို့ဝှက်စွာ စောင့်ကြည့် ခဲ့သည်ဟု စပိန်မီဒီယာတစ်ခုက
ရေး သား ဖော်ပြလိုက်သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းနှင့် ကန်ရိပ်သာလမ်းထောင့်တွင် ယနေ့ နေ့လည်က ယာဉ် ၁စီးအင်ဂျင်ခန်းမှ အပူချိန်လွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

Photo: အထက်ပန်းဆိုးတန်းလမ်းနှင့် ကန်ရိပ်သာလမ်းထောင့်တွင်
ယနေ့ နေ့လည်က ယာဉ် ၁စီးအင်ဂျင်ခန်းမှ အပူချိန်လွန်ကဲ၍ မီးလောင်မှုဖြစ်ပွား
Tuesday, October 29, 2013

မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းနှင့် ကန်ရိပ်သာလမ်းထောင့်တွင် ယနေ့ နေ့လည်၁း၅၅အချိန်က
ယာဉ်မောင်း----မောင်းနှင်လာသော ၈ဃ/----၊ DBM
ပစ်ကပ်အမျိုးအစား အပြာရောင်
ကိုယ်ပိုင်ယာဉ်မှာ အင်ဂျင်ခန်းမှ အပူချိန်လွန်ကဲ၍ ယာဉ်အားမီးစွဲလောင်
ခဲ့သဖြင့် မီးသတ်ယာဉ် (၁)စီးဖြင့် ငြိမ်းသတ်ခဲ့ရာ ၂း၁၀အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းYangon Policeမှသိရသည်။

အဆိုပါယာဉ်မီးလောင်မှုကြောင့် ယာဉ်၏ရှေ့ခန်းနှင့် ဆိုဖာထိုင်ခုံများ မီးလောင်ပျက်စီးကာ
တန်ဘိုးငွေကျပ်(၁၅၀၀၀၀)ဆုံးရှုံးခဲ့သဖြင့် ယာဉ်မောင်းအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း
(ပ)၇၁၆/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

Yangon Police

RangonNewsDaily:: October. 29 .2013
မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းနှင့် ကန်ရိပ်သာလမ်းထောင့်တွင် ယနေ့ နေ့လည်
၁း၅၅အချိန်ကယာဉ်မောင်း----မောင်းနှင်လာသော၈ဃ/----၊ DBMပစ်ကပ်အမျိုးအစား အပြာရောင်ကိုယ်ပိုင်
ယာဉ်မှာ အင်ဂျင်ခန်းမှ အပူချိန်လွန်ကဲ၍ ယာဉ်အားမီးစွဲလောင်ခဲ့သဖြင့် မီးသတ်ယာဉ် (၁)စီးဖြင့် ငြိမ်းသတ်ခဲ့
၂း၁၀အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းYangon Policeမှသိရသည်။

လစ်ဗျားတွင် ဘဏ်ကား ဓားပြတိုက်ခံရမှု ဒေါ်လာ ၅၄ သန်း ဆုံးရှုံးဟုဆို

Photo: လစ်ဗျားတွင် ဘဏ်ကား ဓားပြတိုက်ခံရမှု ဒေါ်လာ ၅၄ သန်း ဆုံးရှုံးဟုဆို
Tuesday, October 29, 2013

ဘဏ်လုပ်ငန်းအတွက် အသုံးပြုနေသော ဗင်ကားသည် ပြည် တွင်းနှင့် နိုင်ငံတကာငွေကြေး စုစုပေါင်း ဒေါ်လာ (၅၄)သန်းထိ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။

လစ်ဗျားတွင် ဘဏ်ကား ဓားပြတိုက်ခံရမှု ဒေါ်လာ ၅၄ သန်း ဆုံးရှုံးဟုဆို
လစ်ဗျား အစိုးရ သတင်းဌာနများက လက်နက်ကိုင် လူတစ်စုက ဘဏ်ကားတစ်စင်းကို လုယက်ကာ ဒေါ်လာ (၅၄)သန်းမျှ ခိုးယူသွားကြောင်း ကြေညာခဲ့သည်။ ဘဏ်လုပ်ငန်းအတွက် အသုံးပြုနေသော ဗင်ကားသည် ပြည်တွင်းနှင့် နိုင်ငံတကာငွေကြေး စုစုပေါင်း ဒေါ်လာ (၅၄)သန်းထိ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။ အနည်းဆုံး လူ(၁၀)ယောက်မျှရှိသည့် သေနတ်သမားများသည် လေဆိပ်မှ ဆာတီမြို့ထဲ မောင်းနှင်လာသည့် မော်တော်ကားကို တားဆီးရပ်တန့်စေကာ လုယက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ငွေကြေးများကို မိုင်(၃၀၀)မျှ ကွာဝေးသည့် မြို့တော် ထရီပိုလီမှ ယူဆောင်လာခြင်း ဖြစ်သည်။ "ဒီဓားပြတွေဟာ လစ်ဗျားတစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ ကပ်ဘေးတစ်ခုလို ပြဿနာပါပဲ"ဟု ဆာတီကောင်စီ ဥက္ကဋ္ဌ အက်ဘ်ဒယ်လ်ဖာတား မိုဟာမက်က Reutersသို့ ပြောကြားခဲ့သည်။

လစ်ဗျားသည် ပြည်တွင်းစစ်ကြောင့် တရားဥပဒေ စိုးမိုးမှု မရှိသည့် အခြေအနေများ (၂၀၁၁)ခုနှစ် ကတည်းက ပေါ်ပေါက်လာခဲ့ သည်။ နေရာအနှံ့တွင် သမ္မတ ဘာရှာအာဆက်ဒ်ကို တော်လှန်သည့် လက်နက်ကိုင် ပုန်ကန်မှုများကို တားဆီးထိန်းချုပ်ရန် အစိုးရ အနေဖြင့် အသည်းအသန် ရုန်းကန်နေရသည်။ တနင်္လာနေ့က ဓားပြတိုက်ခံရသည့် ဗင်ကားတွင် လက်နက်ကိုင်အစောင့် တစ်ဦးတည်းပါ လိုက်ပါခဲ့ပြီး ဓားပြ(၁၀)ဦးကို မတွန်းလှန်နိုင်ခဲ့ဟု Lana သတင်းအေဂျင်စီက ပြောကြားခဲ့ သည်။ ဓားပြများသည် အမေရိကန်ဒေါ်လာ (၁၂)သန်းနှင့် လစ်ဗျားသုံး ဒိုင်နာငွေကြေး (၅၃)သန်းမျှကို ယူဆောင်သွားကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: October. 29 .2013
ဘဏ်လုပ်ငန်းအတွက် အသုံးပြုနေသော ဗင်ကားသည် ပြည် တွင်းနှင့် နိုင်ငံတကာငွေကြေး စုစုပေါင်း ဒေါ်
လာ (၅၄)သန်းထိ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။

စီအိုင်ဒီမှ စစ်ဆေးပြီး ငွေစက္ကူအတုဟု တံဆိပ်ရိုက်နှိပ်ထားသည့် ကျပ် ၁၀၀၀ တန် ပြည်သူများလက်သို့ ပြန်လည်ရောက်ရှိ လာခြင်းအပေါ် ဗဟိုဘဏ်က စစ်ဆေးမှုများ ပြုလုပ်နေ

RangonNewsDaily:: October. 29 .2013
စီအိုင်ဒီ (မှုခင်းစုံစမ်းရေးဌာန) မှ စစ်ဆေးပြီး ငွေစက္ကူ အတုဟု တံဆိပ်ရိုက်နှိပ် ထားသည့် ကျပ် ၁၀၀၀ တန် ငွေစက္ကူမှာ ပြည်သူများ လှည့်လည် သုံးစွဲနေသည့် ငွေများအကြား ပြန်လည် ရောက်ရှိလာသည့် အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းရရှိသည်။

အကန့်အသတ်များနှင့် Submarine Arm

အကန့်အသတ်များနှင့် Submarine Arm

မြန်မာ့တပ်မတော်(ရေ)အနေဖြင့် 3D ရေတပ်အဖြစ် တည်ဆောက်လျက်ရှိရာတွင် Budget အပါအဝင် အမျိုးမျိုးသော အခက်အခဲများကြားမှ ရေငုပ်သင်္ဘော ပိုင်ဆိုင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိမည်ဟု ယုံကြည်ပါသည်။ အခက်အခဲများစွာအနက်မှ လက်ရှိနှင့် အချိန်တစ်ခုအထိ နိုင်ငံရေးအခြေအနေနှင့် စစ်လက်နက်ပစ္စည်းဝယ်ယူမှုများ ပိတ်ဆို့ထားခြင်းကြောင့် အနောက်နိုင်ငံထုတ် ရေငုပ်သင်္ဘောများ ဝယ်ယူအသုံးပြုနိုင်ခြင်းမှာလည်း အကန့်အသတ်များစွာ ရှိနေနိုင်ပါသည်။

 မြောက်ကိုရီးယားနှင့် အီရန်ထုတ် ရေငုပ်သင်္ဘောများ ဝယ်ယူခွင့်မှာလည်း ကမ္ဘာလုံးဆိုင်ရာ တားမြစ်ချက်များ ရှိနေကြဆဲ ဖြစ်သည်။ ထို့ပြင် အနောက်နိုင်ငံထုတ်များအား  ဝယ်ယူသုံးစွဲခွင့်ရသည့်တိုင် မိမိတို့လို နိုင်ငံမျိုးအတွက် မဖြစ်မနေကြုံတွေ့နိုင်သည့် အပြောင်းအလဲများသော ကမ္ဘာ့နိုင်ငံရေး အရောင်အသွေးများနှင့် ကမ္ဘာ့ဖြစ်စဉ် သာဓကများအရ Spare Parts နှင့် Maitenance / Repair လုပ်ငန်းစဉ်များ ထိခိုက်ခြင်းနှင့် အထွေထွေပြဿနာများကြောင့်  သက်တမ်းတိုကာလမှာပင် ငွေကြေးမြောက်များစွာ ကုန်ကျ၍ အလဟဿ ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ထိုထက်ပိုဆိုးသည်မှာ အရေးကြုံချိန်ရောက်မှ (သို့) ရောက်အောင်ပို့ပြီး Give and Take ပုံစံ ကျုံးသွင်း၍ နိုင်ငံရေးနှင့် စစ်ရေးထောင်ချောက် ဆင်နိုင်သေးသည်။

အခြားတစ်ဖက်တွင်လည်း Plan ဖြင့် တရိပ်ရိပ် ဖြစ်ထွန်းပေါ်ပေါက်နေသော ပတ်ဝန်းကျင်ရေတပ်များ၏ စွမ်းရည်မြှင့်တင် တည်ဆောက်မှုများကို တုန့်ပြန်နိုင်ရန် ခံစစ်ကာကွယ်ရေးကို အခြပြုတည်ဆောက်ရာတွင်လည်း အချိန်ကန့်သတ်ချက်သည် အရေးကြီးနေပြန်ပါသည်။ ထို့ကြောင့် အဖက်ဖက်သော အနေအထားနှင့် အကြာင်းအချက်များကို လေ့လာကြည့်ပါက ရုရှား၊တရုတ် နှင့် အခြားနိုင်ငံအချို့သည် အရေအတွက်နည်းသော်လည်း သင့်တင့်ခိုင်မာသော ရွေးချယ်စရာအဖြစ် ( အချိန်ကန့်သတ်ချက်ကာလအတွင်း ) မြင်တွေ့မိပါသည်။ 

ယေဘုယျအားဖြင့် တန်ဖိုးကြီး နည်းပညာမြင့် လက်နက်အင်အားနှင့် စနစ်များ အားကောင်းသော ရေငုပ်သင်္ဘောများသည် ရေတပ်တိုင်းအတွက် ဦးစားပေး စိတ်ကြိုက်ရွေးချယ်စရာများ ဖြစ်သည်။ သို့ရာတွင် ရှုထောင့်မျိုးစုံမှ အကြောင်းပြချက်များ ရှိနေသော အနေအထားတွင် ပတ်ဝန်းကျင်တို့၏ အခြေအနေ၊ မိမိတို့၏ အခြေအနေနှင့် ဘက်ညီမျှတအောင် စနစ်တကျ ရွေးချယ်ပြင်ဆင်နိုင်မည်ဟု စိုးရိမ်ကြီးစွာ မျှော်လင့်မိသည်။

မောင်မုတ်သုန်
(Myanmar Navy)


RangonNewsDaily:: October. 29 .2013 
မြန်မာ့တပ်မတော်(ရေ)အနေဖြင့် 3D ရေတပ်အဖြစ် တည်ဆောက်လျက်ရှိရာတွင် Budget အပါအဝင် အမျိုးမျိုးသော အခက်အခဲများကြားမှ ရေငုပ်သင်္ဘော ပိုင်ဆိုင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိမည်ဟု ယုံကြည်ပါသည်။

နေအိမ်ကိုပြန်လည် ရောက်ရှိနေပြီဖြစ်တဲ့ ဆိုတေးကို အနုပညာရှင်များ သွားရောက်သတင်းမေးမြန်းခဲ့ကြ


RangonNewsDaily:: October. 29 .2013
ယာဉ်မတော်တဆမှု ကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီးမှာဆေးကုသမှု ခံယူ ခဲ့တဲ့ ဆိုတေ)