Pages

Tuesday, October 29, 2013

လစ်ဗျားတွင် ဘဏ်ကား ဓားပြတိုက်ခံရမှု ဒေါ်လာ ၅၄ သန်း ဆုံးရှုံးဟုဆို

Photo: လစ်ဗျားတွင် ဘဏ်ကား ဓားပြတိုက်ခံရမှု ဒေါ်လာ ၅၄ သန်း ဆုံးရှုံးဟုဆို
Tuesday, October 29, 2013

ဘဏ်လုပ်ငန်းအတွက် အသုံးပြုနေသော ဗင်ကားသည် ပြည် တွင်းနှင့် နိုင်ငံတကာငွေကြေး စုစုပေါင်း ဒေါ်လာ (၅၄)သန်းထိ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။

လစ်ဗျားတွင် ဘဏ်ကား ဓားပြတိုက်ခံရမှု ဒေါ်လာ ၅၄ သန်း ဆုံးရှုံးဟုဆို
လစ်ဗျား အစိုးရ သတင်းဌာနများက လက်နက်ကိုင် လူတစ်စုက ဘဏ်ကားတစ်စင်းကို လုယက်ကာ ဒေါ်လာ (၅၄)သန်းမျှ ခိုးယူသွားကြောင်း ကြေညာခဲ့သည်။ ဘဏ်လုပ်ငန်းအတွက် အသုံးပြုနေသော ဗင်ကားသည် ပြည်တွင်းနှင့် နိုင်ငံတကာငွေကြေး စုစုပေါင်း ဒေါ်လာ (၅၄)သန်းထိ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။ အနည်းဆုံး လူ(၁၀)ယောက်မျှရှိသည့် သေနတ်သမားများသည် လေဆိပ်မှ ဆာတီမြို့ထဲ မောင်းနှင်လာသည့် မော်တော်ကားကို တားဆီးရပ်တန့်စေကာ လုယက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ငွေကြေးများကို မိုင်(၃၀၀)မျှ ကွာဝေးသည့် မြို့တော် ထရီပိုလီမှ ယူဆောင်လာခြင်း ဖြစ်သည်။ "ဒီဓားပြတွေဟာ လစ်ဗျားတစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ ကပ်ဘေးတစ်ခုလို ပြဿနာပါပဲ"ဟု ဆာတီကောင်စီ ဥက္ကဋ္ဌ အက်ဘ်ဒယ်လ်ဖာတား မိုဟာမက်က Reutersသို့ ပြောကြားခဲ့သည်။

လစ်ဗျားသည် ပြည်တွင်းစစ်ကြောင့် တရားဥပဒေ စိုးမိုးမှု မရှိသည့် အခြေအနေများ (၂၀၁၁)ခုနှစ် ကတည်းက ပေါ်ပေါက်လာခဲ့ သည်။ နေရာအနှံ့တွင် သမ္မတ ဘာရှာအာဆက်ဒ်ကို တော်လှန်သည့် လက်နက်ကိုင် ပုန်ကန်မှုများကို တားဆီးထိန်းချုပ်ရန် အစိုးရ အနေဖြင့် အသည်းအသန် ရုန်းကန်နေရသည်။ တနင်္လာနေ့က ဓားပြတိုက်ခံရသည့် ဗင်ကားတွင် လက်နက်ကိုင်အစောင့် တစ်ဦးတည်းပါ လိုက်ပါခဲ့ပြီး ဓားပြ(၁၀)ဦးကို မတွန်းလှန်နိုင်ခဲ့ဟု Lana သတင်းအေဂျင်စီက ပြောကြားခဲ့ သည်။ ဓားပြများသည် အမေရိကန်ဒေါ်လာ (၁၂)သန်းနှင့် လစ်ဗျားသုံး ဒိုင်နာငွေကြေး (၅၃)သန်းမျှကို ယူဆောင်သွားကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: October. 29 .2013
ဘဏ်လုပ်ငန်းအတွက် အသုံးပြုနေသော ဗင်ကားသည် ပြည် တွင်းနှင့် နိုင်ငံတကာငွေကြေး စုစုပေါင်း ဒေါ်
လာ (၅၄)သန်းထိ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။ လစ်ဗျားတွင် ဘဏ်ကား ဓားပြတိုက်ခံရမှု ဒေါ်လာ ၅၄ သန်း ဆုံးရှုံးဟုဆိုလစ်ဗျား အစိုးရ သတင်းဌာနများက 
လက်နက်ကိုင်လူတစ်စုကဘဏ်ကားတစ်စင်းကို လုယက်ကာ ဒေါ်လာ (၅၄)သန်းမျှ ခိုးယူသွားကြောင်း ကြေ
ညာခဲ့သည်။ 
 
ဘဏ်လုပ်ငန်းအတွက် အသုံးပြုနေသော ဗင်ကားသည် ပြည်တွင်းနှင့် နိုင်ငံတကာငွေကြေး စုစုပေါင်း ဒေါ်
လာ (၅၄)သန်းထိ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။ အနည်းဆုံး လူ(၁၀)ယောက်မျှရှိသည့် သေနတ်
သမားများသည် လေဆိပ်မှ ဆာတီမြို့ထဲ မောင်းနှင်လာသည့် မော်တော်ကားကို တားဆီးရပ်တန့်စေကာ လုယက်ခဲ့ခြင်း ဖြစ်သည်။ 
 
အဆိုပါ ငွေကြေးများကို မိုင်(၃၀၀)မျှ ကွာဝေးသည့် မြို့တော် ထရီပိုလီမှ ယူဆောင်လာခြင်း ဖြစ်သည်။ "ဒီ
ဓားပြတွေဟာလစ်ဗျားတစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ကပ်ဘေးတစ်ခုလို ပြဿနာပါပဲ"ဟု ဆာတီကောင်စီ ဥက္ကဋ္ဌ
အက်ဘ်ဒယ်လ်ဖာတား မိုဟာမက်က Reutersသို့ ပြောကြားခဲ့သည်။

လစ်ဗျားသည် ပြည်တွင်းစစ်ကြောင့် တရားဥပဒေ စိုးမိုးမှု မရှိသည့် အခြေအနေများ (၂၀၁၁)ခုနှစ် ကတည်း
က ပေါ်ပေါက်လာခဲ့ သည်။ နေရာအနှံ့တွင် သမ္မတ ဘာရှာအာဆက်ဒ်ကို တော်လှန်သည့် လက်နက်ကိုင် ပုန်
ကန်မှုများကို တားဆီးထိန်းချုပ်ရန် အစိုးရ အနေဖြင့် အသည်းအသန် ရုန်းကန်နေရသည်။ 
 
တနင်္လာနေ့က ဓားပြတိုက်ခံရသည့် ဗင်ကားတွင် လက်နက်ကိုင်အစောင့် တစ်ဦးတည်းပါ လိုက်ပါခဲ့ပြီး ဓားပြ
(၁၀)ဦးကို မတွန်းလှန်နိုင်ခဲ့ဟု Lana သတင်းအေဂျင်စီက ပြောကြားခဲ့ သည်။ဓားပြများသည်အမေရိကန်ဒေါ်
လာ (၁၂)သန်းနှင့် လစ်ဗျားသုံး ဒိုင်နာငွေကြေး (၅၃)သန်းမျှကို ယူဆောင်သွားကြောင်းလည်း သိရှိရသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment