Pages

Tuesday, October 29, 2013

အကန့်အသတ်များနှင့် Submarine Arm

အကန့်အသတ်များနှင့် Submarine Arm

မြန်မာ့တပ်မတော်(ရေ)အနေဖြင့် 3D ရေတပ်အဖြစ် တည်ဆောက်လျက်ရှိရာတွင် Budget အပါအဝင် အမျိုးမျိုးသော အခက်အခဲများကြားမှ ရေငုပ်သင်္ဘော ပိုင်ဆိုင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိမည်ဟု ယုံကြည်ပါသည်။ အခက်အခဲများစွာအနက်မှ လက်ရှိနှင့် အချိန်တစ်ခုအထိ နိုင်ငံရေးအခြေအနေနှင့် စစ်လက်နက်ပစ္စည်းဝယ်ယူမှုများ ပိတ်ဆို့ထားခြင်းကြောင့် အနောက်နိုင်ငံထုတ် ရေငုပ်သင်္ဘောများ ဝယ်ယူအသုံးပြုနိုင်ခြင်းမှာလည်း အကန့်အသတ်များစွာ ရှိနေနိုင်ပါသည်။

 မြောက်ကိုရီးယားနှင့် အီရန်ထုတ် ရေငုပ်သင်္ဘောများ ဝယ်ယူခွင့်မှာလည်း ကမ္ဘာလုံးဆိုင်ရာ တားမြစ်ချက်များ ရှိနေကြဆဲ ဖြစ်သည်။ ထို့ပြင် အနောက်နိုင်ငံထုတ်များအား  ဝယ်ယူသုံးစွဲခွင့်ရသည့်တိုင် မိမိတို့လို နိုင်ငံမျိုးအတွက် မဖြစ်မနေကြုံတွေ့နိုင်သည့် အပြောင်းအလဲများသော ကမ္ဘာ့နိုင်ငံရေး အရောင်အသွေးများနှင့် ကမ္ဘာ့ဖြစ်စဉ် သာဓကများအရ Spare Parts နှင့် Maitenance / Repair လုပ်ငန်းစဉ်များ ထိခိုက်ခြင်းနှင့် အထွေထွေပြဿနာများကြောင့်  သက်တမ်းတိုကာလမှာပင် ငွေကြေးမြောက်များစွာ ကုန်ကျ၍ အလဟဿ ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ထိုထက်ပိုဆိုးသည်မှာ အရေးကြုံချိန်ရောက်မှ (သို့) ရောက်အောင်ပို့ပြီး Give and Take ပုံစံ ကျုံးသွင်း၍ နိုင်ငံရေးနှင့် စစ်ရေးထောင်ချောက် ဆင်နိုင်သေးသည်။

အခြားတစ်ဖက်တွင်လည်း Plan ဖြင့် တရိပ်ရိပ် ဖြစ်ထွန်းပေါ်ပေါက်နေသော ပတ်ဝန်းကျင်ရေတပ်များ၏ စွမ်းရည်မြှင့်တင် တည်ဆောက်မှုများကို တုန့်ပြန်နိုင်ရန် ခံစစ်ကာကွယ်ရေးကို အခြပြုတည်ဆောက်ရာတွင်လည်း အချိန်ကန့်သတ်ချက်သည် အရေးကြီးနေပြန်ပါသည်။ ထို့ကြောင့် အဖက်ဖက်သော အနေအထားနှင့် အကြာင်းအချက်များကို လေ့လာကြည့်ပါက ရုရှား၊တရုတ် နှင့် အခြားနိုင်ငံအချို့သည် အရေအတွက်နည်းသော်လည်း သင့်တင့်ခိုင်မာသော ရွေးချယ်စရာအဖြစ် ( အချိန်ကန့်သတ်ချက်ကာလအတွင်း ) မြင်တွေ့မိပါသည်။ 

ယေဘုယျအားဖြင့် တန်ဖိုးကြီး နည်းပညာမြင့် လက်နက်အင်အားနှင့် စနစ်များ အားကောင်းသော ရေငုပ်သင်္ဘောများသည် ရေတပ်တိုင်းအတွက် ဦးစားပေး စိတ်ကြိုက်ရွေးချယ်စရာများ ဖြစ်သည်။ သို့ရာတွင် ရှုထောင့်မျိုးစုံမှ အကြောင်းပြချက်များ ရှိနေသော အနေအထားတွင် ပတ်ဝန်းကျင်တို့၏ အခြေအနေ၊ မိမိတို့၏ အခြေအနေနှင့် ဘက်ညီမျှတအောင် စနစ်တကျ ရွေးချယ်ပြင်ဆင်နိုင်မည်ဟု စိုးရိမ်ကြီးစွာ မျှော်လင့်မိသည်။

မောင်မုတ်သုန်
(Myanmar Navy)


RangonNewsDaily:: October. 29 .2013 
မြန်မာ့တပ်မတော်(ရေ)အနေဖြင့် 3D ရေတပ်အဖြစ် တည်ဆောက်လျက်ရှိရာတွင် Budget အပါအဝင် အမျိုးမျိုးသော အခက်အခဲများကြားမှ ရေငုပ်သင်္ဘော ပိုင်ဆိုင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိမည်ဟု ယုံကြည်ပါသည်။
အခက်အခဲများစွာအနက်မှ လက်ရှိနှင့် အချိန်တစ်ခုအထိ နိုင်ငံရေးအခြေအနေနှင့် စစ်လက်နက်ပစ္စည်းဝယ်ယူမှုများ ပိတ်ဆို့ထားခြင်းကြောင့် အနောက်နိုင်ငံထုတ် ရေငုပ်သင်္ဘောများ ဝယ်ယူအသုံးပြုနိုင်ခြင်းမှာလည်း အကန့်အသတ်များစွာ ရှိနေနိုင်ပါသည်။

မြောက်ကိုရီးယားနှင့် အီရန်ထုတ် ရေငုပ်သင်္ဘောများ ဝယ်ယူခွင့်မှာလည်း ကမ္ဘာလုံးဆိုင်ရာ တားမြစ်ချက်များ ရှိနေကြဆဲ ဖြစ်သည်။ ထို့ပြင် အနောက်နိုင်ငံထုတ်များအား ဝယ်ယူသုံးစွဲခွင့်ရသည့်တိုင် မိမိတို့လို နိုင်ငံမျိုးအတွက် မဖြစ်မနေကြုံတွေ့နိုင်သည့် အပြောင်းအလဲများသော ကမ္ဘာ့နိုင်ငံရေး အရောင်အသွေးများနှင့် ကမ္ဘာ့ဖြစ်စဉ် သာဓကများအရ Spare Parts နှင့် Maitenance / Repair လုပ်ငန်းစဉ်များ ထိခိုက်ခြင်းနှင့် အထွေထွေပြဿနာများကြောင့် သက်တမ်းတိုကာလမှာပင် ငွေကြေးမြောက်များစွာ ကုန်ကျ၍ အလဟဿ ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ 

ထိုထက်ပိုဆိုးသည်မှာ အရေးကြုံချိန်ရောက်မှ (သို့) ရောက်အောင်ပို့ပြီး Give and Take ပုံစံ ကျုံးသွင်း၍ နိုင်ငံရေးနှင့် စစ်ရေးထောင်ချောက် ဆင်နိုင်သေးသည်။

အခြားတစ်ဖက်တွင်လည်း Plan ဖြင့် တရိပ်ရိပ် ဖြစ်ထွန်းပေါ်ပေါက်နေသော ပတ်ဝန်းကျင်ရေတပ်များ၏ စွမ်းရည်မြှင့်တင် တည်ဆောက်မှုများကို တုန့်ပြန်နိုင်ရန် ခံစစ်ကာကွယ်ရေးကို အခြပြုတည်ဆောက်ရာတွင်လည်း အချိန်ကန့်သတ်ချက်သည် အရေးကြီးနေပြန်ပါသည်။ 


ထို့ကြောင့် အဖက်ဖက်သော အနေအထားနှင့် အကြာင်းအချက်များကို လေ့လာကြည့်ပါက ရုရှား၊တရုတ် နှင့် အခြားနိုင်ငံအချို့သည် အရေအတွက်နည်းသော်လည်း သင့်တင့်ခိုင်မာသော ရွေးချယ်စရာအဖြစ် ( အချိန်ကန့်သတ်ချက်ကာလအတွင်း ) မြင်တွေ့မိပါသည်။

ယေဘုယျအားဖြင့် တန်ဖိုးကြီး နည်းပညာမြင့် လက်နက်အင်အားနှင့် စနစ်များ အားကောင်းသော ရေငုပ်

သင်္ဘောများသည် ရေတပ်တိုင်းအတွက်ဦးစားပေးစိတ်ကြိုက်ရွေးချယ်စရာများ ဖြစ်သည်။သို့ရာတွင် ရှုထောင့်
မျိုးစုံမှ အကြောင်းပြချက်များ ရှိနေသော အနေအထားတွင် ပတ်ဝန်းကျင်တို့၏ အခြေအနေ၊ မိမိတို့၏အခြေအ
နေနှင့် ဘက်ညီမျှတအောင် စနစ်တကျ ရွေးချယ်ပြင်ဆင်နိုင်မည်ဟု စိုးရိမ်ကြီးစွာ မျှော်လင့်မိသည်။

မောင်မုတ်သုန်
(Myanmar Navy) , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment