Pages

Tuesday, October 29, 2013

ဓာတ်အားခ နှုန်းထားများ ပြင်ဆင်သတ်မှတ် ခြင်း

RangonNewsDaily:: October. 29 .2013
၁။လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့သည် ဓာတ်အား ထုတ်လုပ်မှု ကုန်ကျ စရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တက်နိုင်သမျှ ကာမိစေရန် အတွက် ၂၀၁၃ ခုနှစ် နိုဝင် ဘာလ ဓာတ်အား သုံးစွဲမှုအပေါ်မှ စတင်၍ အောက်ပါ တစ်ယူနစ် နှုန်းထားများအတိုင်း ဓာတ်အားခ နှုန်းထားများ ပြင်ဆင်သတ်မှတ် လိုက်ပါသည်-
::
(က) အများပြည်သူ (အိမ်သုံး)
(၁) ၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၃၅ ကျပ်
(၂) ၁၀၁ ယူနစ်နှင့် အထက် ၅၀ ကျပ်
(ခ) အများပြည်သူ(စက်မှု၊စီးပွားရေး၊တစ်လုံးတစ်ခဲတည်း၊ယာယီ)
(၁) ၁ ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ၁၀၀ ကျပ်
(ခ) ၅၀၀၁ ယူနစ်နှင့်အထက် ၁၅၀ ကျပ်
(ဂ) အစိုးရဌာန
(၁) ရုံးသုံး ၅၀ ကျပ်
(၂) စက်မှုသုံး ၁၀၀ ကျပ်
::
၂။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း ဓာတ်အားသုံးစွဲမှု ပမာဏများအပေါ် အပိုဒ်(၁) တွင် ဖော်ပြပါ နှုန်းထား သစ်များနှင့် တွက်ချက်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ငွေတောင်းခံလွှာများ ပြုစုတောင်းခံ သွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာ အပ်ပါသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ::--

0 comments:

Post a Comment