Pages

Tuesday, October 29, 2013

ဟိုတယ်နှင့် တည်းခိုးခန်းဆိုင်ရာ လုံခြုံရေးသင်တန်းပေး

Photo: ဟိုတယ်နှင့် တည်းခိုးခန်းဆိုင်ရာ လုံခြုံရေးသင်တန်းပေး
Tuesday, October 29, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနနှင့်ပြည်ထဲရေးဝန်ကြီးဌာနတို့ ကြီးမှူး ဖွင့်လှစ်သည့် ဟိုတယ်နှင့် တည်ခိုခန်းဆိုင်ရာ လုံခြုံရေး သင်တန်းဖွင့်ပွဲအခမ်း
အနားတစ်ရပ်ကို အောက်တိုဘာ ၂၈ရက်နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းကို သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့တို့မှ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်းကာလကို အောက်တိုဘာ ၂၈ရက်မှ နိုဝင်ဘာ ၁ရက်နေ့အထိ ငါးရက်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သင်တန်းတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ဒီသင်တန်းက သင်ကြားပို့ချပေးရတာကတော့ အရင်ဆုံးအနေနဲ့ကတော့ ဟိုတယ်ဝန်ထမ်းတွေအတွက် ကအဓိက ကျတာပေါ့နော်။ ၀န်ထမ်းဆိုတာက သန့်ရှင်းရေးသမားကအစ မန်နေဂျာအထိ အားလုံးပေါ့။ ဒီခေတ်မှာက
နိုင်ငံခြား ဧည့်သည်တွေ အများဆုံး လာရောက်ကျတော့မှာပါ။ နိုင်ငံခြား ဧည့်သည်တွေက ဒီဟိုတယ်က သူတို့ရဲ့ လုံခြုံရေးအတွက် ဘယ်လောက်
လုံခြုံမှု ပေးနိင်မလဲဆိုတာကို သူတို့က အဓိကထားပြီး တည်းခိုကြတာပါ။ ဒါကြောင့်မိမိတိုဟိုတယ်၊ တည်ခိုခန်းတွေက သူတို့အတွက် လုံခြုံရေး
အပြည့် ပေးနိုင်မယ်ဆိုရင် တည်းခိုသူဧည့်သည် ပိုများလားပြီး မိမိဟိုတယ်
ဝင်ငွေ တိုးလာမယ်။ ဒါကြောင့်သင်တန်းသားတွေ အနေနဲ့က ကျွန်တော်တို့ သင်ကြားပို့ချလိုက်တဲ့ သင်ခန်းစာတွေကို သိသင့်သလောက် သိသွားအောင် သင်ယူကြပါ။ ဒီသင်တန်းမှာက လက်တွေ့နဲ့သင်ခန်း စာနှစ်မျိုး သင်ကြား
ပေးသွားမှာပါ။ ဒီခေတ်က ဖောက်ခွဲရေး ပစ္စည်းတွေက အရမ်းအဆင့် မြှင့်
တာကြောင့် ၀န်ထမ်းတွေ အနေနဲ့ ဧည့်သည် ကျန်ခဲ့တဲ့ ပစ္စည်းတွေ ရှိတယ်
ဆိုရင် မန်နေဂျာကို အကြောင်းကြားပြီး သေချာစစ်ဆေးမှုများ ပြုလုပ်ပြီးမှ ကိုင်ကြပါ။ ကိုယ့်ရဲ့ဟိုတယ် လုံခြုံတော့ စိတ်ချမ်းသာမယ် နောက်ကိုယ့်မြို့ လုံခြုံတော့ မြို့သူ/သားတွေ စိတ်ချမ်းသာတာပေါ့။

အခုအချိန်က ဟိုနေရာဗုန်းကွဲ၊ ဒီနေရာဗုန်းကွဲနဲ့ဆိုတော့ ဒီသင်တန်း
တက်ပြီးရင်တော့ ဂရုစိုက်ကြည့်ပြီး စစ်ဆေးနိုင်တဲ့ သဘောနဲ့ပါ”ဟု သတင်းရဲတပ်ဖွဲ့မှ ရဲမှူး အောင်သူရက ပြောသည်။၏

ယင်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ ဧည့်သည်တော်များနှင့် သင်တန်း သားများ တက်ရောက်ခဲ့ကြသည်။

စိုးမင်းနိင်(လားရှိုး)
The Myanma Age

RangonNewsDaily:: October. 29 .2013
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနနှင့်ပြည်ထဲရေး
ဝန်ကြီးဌာနတို့ ကြီးမှူး ဖွင့်လှစ်သည့် ဟိုတယ်နှင့် တည်ခိုခန်းဆိုင်ရာ လုံခြုံရေး သင်တန်းဖွင့်ပွဲအခမ်းအနား
တစ်ရပ်ကို အောက်တိုဘာ ၂၈ရက်နေ့တွင် ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းကို သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့တို့မှ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်းကာလကို
အောက်တိုဘာ ၂၈ရက်မှ နိုဝင်ဘာ ၁ရက်နေ့အထိ ငါးရက်ကြာသင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သင်
တန်းတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ဒီသင်တန်းက သင်ကြားပို့ချပေးရတာကတော့ အရင်ဆုံးအနေနဲ့ကတော့ ဟိုတယ်ဝန်ထမ်းတွေအတွက် က
အဓိက ကျတာပေါ့နော်။ ၀န်ထမ်းဆိုတာက သန့်ရှင်းရေးသမားကအစ မန်နေဂျာအထိ အားလုံးပေါ့။ ဒီခေတ်
မှာကနိုင်ငံခြား ဧည့်သည်တွေ အများဆုံး လာရောက်ကျတော့မှာပါ။ နိုင်ငံခြား ဧည့်သည်တွေက ဒီဟိုတယ်
က သူတို့ရဲ့ လုံခြုံရေးအတွက် ဘယ်လောက်လုံခြုံမှု ပေးနိင်မလဲဆိုတာကို သူတို့က အဓိကထားပြီး တည်းခို
ကြတာပါ။ 
 
ဒါကြောင့်မိမိတိုဟိုတယ်၊ တည်ခိုခန်းတွေက သူတို့အတွက် လုံခြုံရေးအပြည့် ပေးနိုင်မယ်ဆိုရင် တည်းခိုသူ
ဧည့်သည် ပိုများလားပြီး မိမိဟိုတယ်ဝင်ငွေ တိုးလာမယ်။ ဒါကြောင့်သင်တန်းသားတွေ အနေနဲ့က ကျွန်တော်
တို့ သင်ကြားပို့ချလိုက်တဲ့ သင်ခန်းစာတွေကို သိသင့်သလောက် သိသွားအောင် သင်ယူကြပါ။ ဒီသင်တန်း
မှာက လက်တွေ့နဲ့သင်ခန်း စာနှစ်မျိုး သင်ကြားပေးသွားမှာပါ။ 
 
ဒီခေတ်က ဖောက်ခွဲရေး ပစ္စည်းတွေက အရမ်းအဆင့် မြှင့်တာကြောင့် ၀န်ထမ်းတွေ အနေနဲ့ ဧည့်သည် ကျန်
ခဲ့တဲ့ ပစ္စည်းတွေ ရှိတယ်ဆိုရင် မန်နေဂျာကို အကြောင်းကြားပြီး သေချာစစ်ဆေးမှုများ ပြုလုပ်ပြီးမှ ကိုင်ကြပါ
။ ကိုယ့်ရဲ့ဟိုတယ်လုံခြုံတော့စိတ်ချမ်းသာမယ် နောက်ကိုယ့်မြို့ လုံခြုံတော့ မြို့သူ/သားတွေ စိတ်ချမ်းသာတာ
ပေါ့။

အခုအချိန်က ဟိုနေရာဗုန်းကွဲ၊ ဒီနေရာဗုန်းကွဲနဲ့ဆိုတော့ ဒီသင်တန်းတက်ပြီးရင်တော့ ဂရုစိုက်ကြည့်ပြီး စစ်
ဆေးနိုင်တဲ့ သဘောနဲ့ပါ”ဟု သတင်းရဲတပ်ဖွဲ့မှ ရဲမှူး အောင်သူရက ပြောသည်။၏

ယင်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ ဧည့်သည်တော်များနှင့် သင်တန်း သား
များ တက်ရောက်ခဲ့ကြသည်။

စိုးမင်းနိင်(လားရှိုး)
The Myanma Age , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment