Pages

Monday, October 28, 2013

နာမည်ဆိုးဖြင့် မကျော်ကြားလိုသည့် ကေတီပယ်ရီ

Photo: နာမည်ဆိုးဖြင့် မကျော်ကြားလိုသည့် ကေတီပယ်ရီ
Monday, October 28, 2013

အသက်(၂၀) အရွယ်ရှိ မိုင်လီသည် ပရိသတ်များ အာရုံစိုက် ခံလာရအောင် အဖော်အချွတ် နည်းလမ်းများဖြင့် ဆွဲဆောင်ယူနေကြောင်း ဝေဖန်မှုများ ခံနေရပြီး ကေတီကမူ မိမိအနေဖြင့် နာမည်ဆိုးဖြင့် မကျော်ကြားလိုကြောင်း ပြောဆိုခဲ့

နာမည်ဆိုးဖြင့် မကျော်ကြားလိုသည့် ကေတီပယ်ရီ
လမ်းမှားသို့ ဦးတည်နေသော ပုံစံမျိုးဖြင့် မိမိ နာမည် မကြီးလိုကြောင်း ကေတီပယ်ရီက ဖွင့်ဟ ပြောကြားလိုက်သည်။ Popဂီတ အဆိုတော် ကေတီက လက်ရှိ ဝေဖန်မှုများ ကြုံနေရသည့် မိုင်လီဆိုင်းရပ်စ်နှင့် နှိုင်းယှဉ် သုံးသပ်ခံရသော မေးခွန်းမျိုးကို ပါးနပ်စွာ ရှောင်လွှဲ ဖြေဆိုသွားခဲ့သည်။ အသက်(၂၀) အရွယ်ရှိ မိုင်လီသည် ပရိသတ်များ အာရုံစိုက် ခံလာရအောင် အဖော်အချွတ် နည်းလမ်းများဖြင့် ဆွဲဆောင်ယူနေကြောင်း ဝေဖန်မှုများ ခံနေရပြီး ကေတီကမူ မိမိအနေဖြင့် နာမည်ဆိုးဖြင့် မကျော်ကြားလိုကြောင်း ပြောဆိုခဲ့သည်။ Le Grand ဂျာနယ်က သူမကို နာမည်ကျော်ရန် မည်သို့သော နည်းလမ်းကိုဖြစ်ဖြစ် အသုံးပြုရန် စိတ်ကူးရှိမရှိ မေးမြန်းရာ ကေတီက မရှိကြောင်း ဖြေဆိုသွားသည်။

"ကျွန်မက ကိုယ့်အာရုံနဲ့ ကိုယ်ပဲ စူးစိုက်ထားပါတယ်။ ကျွန်မ ရွေးချယ်တဲ့ အရာက ဂီတပါပဲ။ ကျွန်မအနေနဲ့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ရပ်တည်တဲ့ အမျိုးသမီးတိုင်းကို လေးစားမှု ထားမှာပါ။ လူတိုင်းက ကိုယ့်ရွေးချယ်မှု တစ်ခုခုကို ကိုယ်ပိုင်လမ်းကြောင်းနဲ့ သွားနေကြမှန်း ကျွန်မသိတယ်လေ"ဟု ကေတီက ဆိုသည်။ သူမက "ကျွန်မအတွက်ကတော့ ဂီတနဲ့ ဖျော်ဖြေမှု ပေးနေတဲ့သူ အဖြစ်ပဲ လူတွေနားလည်စေချင်တယ်။ လူတွေ နားထောင်ဖို့၊ ကြည့်ဖို့အတွက်တော့ ဆိုးယုတ်တဲ့ နည်းလမ်းမျိုး မသုံးချင်ဘူး။ ဘယ်သူတွေက ဘာတွေ သုံးတယ်လို့တော့ ကျွန်မ မပြောဘူးနော်"ဟုလည်း ပြောကြားသွားသည်။

Planet Myanmar Network

RangonNewsDaily:: October. 28 .2013
နာမည်ဆိုးဖြင့် မကျော်ကြားလိုသည့် ကေတီပယ်ရီလမ်းမှားသို့ ဦးတည်နေသော ပုံစံမျိုးဖြင့်မိမိ နာမည် မကြီး
လိုကြောင်း ကေတီပယ်ရီက ဖွင့်ဟ ပြောကြားလိုက်သည်။ Popဂီတ အဆိုတော် ကေတီက လက်ရှိ ဝေဖန်မှုများ ကြုံနေရသည့် မိုင်လီဆိုင်းရပ်စ်နှင့် နှိုင်းယှဉ် သုံးသပ်ခံ
ရသော မေးခွန်းမျိုးကို ပါးနပ်စွာ ရှောင်လွှဲ ဖြေဆိုသွားခဲ့သည်။ 
 
အသက်(၂၀) အရွယ်ရှိ မိုင်လီသည် ပရိသတ်များ အာရုံစိုက် ခံလာရအောင် အဖော်အချွတ်နည်းလမ်းများဖြင့်
ဆွဲဆောင်ယူနေကြောင်း ဝေဖန်မှုများ ခံနေရပြီး ကေတီကမူ မိမိအနေဖြင့် နာမည်ဆိုးဖြင့် မကျော်ကြားလို
ကြောင်း ပြောဆိုခဲ့သည်။ Le Grand ဂျာနယ်က သူမကို နာမည်ကျော်ရန် မည်သို့သော နည်းလမ်းကိုဖြစ်ဖြစ် အသုံးပြုရန် စိတ်ကူးရှိမရှိ မေးမြန်းရာ ကေတီက မရှိကြောင်း ဖြေဆိုသွားသည်။

"ကျွန်မက ကိုယ့်အာရုံနဲ့ ကိုယ်ပဲ စူးစိုက်ထားပါတယ်။ ကျွန်မ ရွေးချယ်တဲ့ အရာက ဂီတပါပဲ။ ကျွန်မအနေနဲ့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ရပ်တည်တဲ့ အမျိုးသမီးတိုင်းကို လေးစားမှု ထားမှာပါ။ 
 
လူတိုင်းက ကိုယ့်ရွေးချယ်မှု တစ်ခုခုကို ကိုယ်ပိုင်လမ်းကြောင်းနဲ့ သွားနေကြမှန်း ကျွန်မသိတယ်လေ"ဟု
ကေတီက ဆိုသည်။ သူမက "ကျွန်မအတွက်ကတော့ ဂီတနဲ့ ဖျော်ဖြေမှု ပေးနေတဲ့သူ အဖြစ်ပဲလူတွေနား
လည်စေချင်တယ်။ 
 
လူတွေ နားထောင်ဖို့၊ ကြည့်ဖို့အတွက်တော့ ဆိုးယုတ်တဲ့နည်းလမ်းမျိုး မသုံးချင်ဘူး။ ဘယ်သူတွေက ဘာတွေ
သုံးတယ်လို့တော့ ကျွန်မ မပြောဘူးနော်"ဟုလည်း ပြောကြားသွားသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment