Pages

Monday, October 28, 2013

မြန်မာတစ်နိုင်ငံလုံးတွင် ကတ္တရာလမ်း ၂၀ ရာခိုင်နှုန်းသာ ရှိသေး

RangonNewsDaily:: October. 28 .2013
မြန်မာတစ်နိုင်ငံလုံးရှိ ကားလမ်းများကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် လုပ်ဆောင်နေသော်လည်း လမ်းဧရိယာ ၂၀ ရာခိုင်နှုန်းကိုသာ ကတ္တရာလမ်း ခင်းကျင်းမှု ပြီးစီးသေးကြောင်း ပြည်သူ့ဆောက်လုပ်ရေး လုပ် ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောသည်။ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီ၏ ပြည်ခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် အောက်တို ဘာလ ၂၆ရက် က ပြုလုပ်သော ဆွေးနွေးပွဲတွင် ဦးကျော်လင်းက ပြောကြားခြင်း ဖြစ်သည်။ “တစ်နိုင်ငံလုံးမှာရှိတဲ့ ကီလိုမီတာ ပေါင်းတစ်သိန်းငါးသောင်း (မိုင်ပေါင်း ၉၃, ၀၀၀ကျော်)မှာ နှစ်ဆယ်ရာ ခိုင်နှုန်းပဲ ကျွန်တော်တို့က ကတ္တရာလမ်း အဆင့်မြှင့်တင် နိုင်သေးတယ်။ ရှစ်ဆယ်ရာခိုင်နှုန်းက တိုးချဲ့လမ်း၊ မြေနီလမ်း၊ ကျောက်လမ်းတွေ ဖြစ်တယ်” ဟု ဦးကျော်လင်းက ဆိုသည်။

လမ်းမိုင်ပေါင်း ၉၃,၀၀၀ကျော်တွင် ပြည်ထောင်စုလမ်းမကြီးများ၊ မြို့တွင်းလမ်းများ၊ စည်ပင်သာယာလမ်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလမ်းများ၊ တပ်မတော် ရိက္ခာတင်လမ်းကြောင်းများ ပါဝင်သည်။

ထိုလမ်းမိုင်ပေါင်း ၉၃,၀၀၀ ကျော်တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ မိုင် ၂၅, ၀၀၀ခန့်ကို တာဝန်ယူထားရှိပြီး ဦးစားပေးအနေဖြင့် ငါးဆယ့်ခြောက်ရာခိုင်နှုန်းကို အဆင့်မြှင့်တင်နိုင်ခဲ့ပြီးဖြစ်သည်ဟု ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဆက်လက်ပြောကြားခဲ့သည်။

“ကီလိုမီတာတစ်သိန်းငါးသောင်း (မိုင်ပေါင်း ၉၃,၀၀၀ကျော်)မှာ ကျွန်တော်တို့ ဌာနက တာဝန်ယူတဲ့ လေးသောင်း (၂၄, ၈၄၅ ဒသမ ၈၄မိုင်)ကို ဦးစားပေးတယ်။ ကျွန်တော်တို့ဌာနကလုပ်တဲ့ လေးသောင်းမှာတောင် ငါးဆယ့်ခြောက်ရာခိုင်နှုန်းပဲ လမ်းတွေ အဆင့်မြှင့်နိုင်သေးတယ်။ ကျန်တဲ့ လေးဆယ့်လေးရာ ခိုင်နှုန်းက ကတ္တရာလမ်း မဟုတ်သေးဘူး” ဟု ဦးကျော်လင်းက ရှင်းပြသည်။

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အဝေးပြေးလမ်းမကြီးများကို တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment