Pages

Monday, October 28, 2013

ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် တွင် အကြွေးကိစ္စဖြင့် စကားများရာမှ ဓားထိုးမှုဖြစ်ပွား

RangonNewsDaily:: October. 28 .2013
ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် သက္ကယ်သောင် အုပ်စု အမှတ်(၁၈) ရပ်ကွက်၌ အောက်တိုဘာ ၂၄ ရက် ညပိုင်းက အကြွေး ကိစ္စဖြင့် ဓားထိုးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၄ ရက် ည ၈ နာရီက ငပုတောမြို့နယ် သက္ကယ်သောင် ကျေးရွာ အုပ်စု အမှတ်(၁၈) ရပ်ကွက်နေ မမေစု ၁၈ နှစ်(ဘ) ဦးဆွဲမိ သည် နေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေ သန်းဇော် ၂၈ နှစ်(ဘ) ဦးသာအေး ရောက်ရှိလာပြီး အကြွေးကိစ္စနှင့် ပတ်သက်၍ စကားများ ရန်ဖြစ်ရာ သန်းဇော်မှ အသင့်ပါလာသော ဓားဖြင့် မမေစုအား ထိုးခဲ့သည်။ ထို့ကြောင့် မမေစုတွင် ဝဲမျက်ခုံး ထိုးသွင်းဒဏ်ရာ တစ်ချက်(စိုးရိမ်ရ) ရရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးထံ တိုင်ကြားပြီး ယမန်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်က မမေစု၏ အဘွား ဒါဂျလူး(ခ)ဒေါ်ဝင်းမြင့်၏ တိုင်တန်းချက်အရ သန်းဇော်အား ခရိုင်ရဲစခန်းမှ (ပ)၂၅/၁၃ ပုဒ်မ ၃၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။ 
မြ၀တီ ,  kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time