Pages

Thursday, February 26, 2015

ဂူးဂဲလ်ဘာသာပြန်ရဲ့ မြန်မာဘာသာပြန်ဆိုမှုမှာ မြန်မာ-အင်္ဂလိပ် ကျွမ်းကျင်သူတွေ ပါဝင်နိုင်မယ့် အစီအစဉ်



RangonNewsDaily:: February . 26 .2015
Google Translate တွင် မြန်မာဘာသာ ပြန်ဆိုမှု အရည်အသွေး တိုးတက်မှု ရှိစေရန် အင်္ဂလိပ်နှင့်မြန်မာ နှစ်ဘာသာကို ကျွမ်းကျင်စွာ ပြောနိုင်သူများ ပူးပေါင်း ပါဝင်နိုင်မည့် “Love Your Language” Translate-a-thon အစီအစဉ်ကို ရန်ကုန်မြို့တွင် Google မှ ပထမဆုံးအကြိမ် ကျင်းပမယ်လို့ သိရပါတယ်။

မော်လမြိုင် နှင့် မုဒုံ မြို့များတွင် တယ်လီနောရဲ့ ကွန်ယက်ကို ယနေ့ စတင်


(၁၀၅) မိုင်အနီး မိုင်းခွဲခံရ မှုကြောင့် မန်းမှ မူဆယ်သို့ ကုန်စည် ပို့ဆောင်မှု ရပ်ဆိုင်း


RangonNewsDaily:: February . 26 .2015
မူဆယ် (၁၀၅) မိုင်အနီးတွင် မိုင်းခွဲခံရမှု ဖြစ်ပွားခဲ့ သောကြောင့် မန္တလေးမှ မူဆယ်သို့ တင်ပို့နေသော ကုန်စည် တင်ပို့မှုများ ရပ်ဆိုင်း ထားပြီး မဖြစ်မနေပို့ ရမည့် ကုန်စည်ကား အနည်းငယ်သာ တင်ပို့တော့ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ကုန်တင်ယာဉ်များ အသင်းရုံးမှ ရုံးအုပ်ကြီး ဦးစိုးမြင့်က ပြောသည်။

မုံရွာမြို့ ကြက်မွေးမြူဇုန်တွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိပြီး ကြက်ကောင်ရေ ၁၅၀၀ ခန့်နှင့် ငုံးကောင်ရေ တစ်သောင်းကျော် သေဆုံး


RangonNewsDaily:: February . 26 .2015
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ သာစည်လမ်းမကြီးပေါ်တွင် တည်ရှိသည့် ကြက်မွေးမြူရေးဇုန်တွင် ကြက်ငှက်တုပ်ကွေး ရောဂါများ ဖြစ်ပေါ်နေလျက်ရှိပြီး ကြက်နှင့်ငုံးများ သေဆုံးလျက်ရှိကာ ငုံးသေဆုံးမှုမှာ ပိုမိုများလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

Wednesday, February 25, 2015

စပိန် နိုင်ငံသားတဦး ပဲခူးတွင် ပစ္စည်းလု ဓားခုတ်ခံရ


RangonNewsDaily:: February . 25 .2015
ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ် ဘဏ္ဍာကုန်းကျွေးရွာတွင် အလည်အပတ် လာရောက်သော စပိန် နိုင်ငံသားတဦး ပစ္စည်းလု ဓား ခုတ် ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လောက်ကိုင်ဒေသ၌ ဖေဖော်ဝါရီ ၂၄ တစ်ရက်တည်းတွင် တိုက်ပွဲသုံးကြိမ်ဖြစ်

RangonNewsDaily:: February . 25 .2015
ယခုလဆန်းပိုင်း ကတည်းက တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်ဒေသတွင် ဖေဖော်ဝါရီလ ၂၄ ရက် (ယနေ့) တစ်ရက်တည်းတွင် တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

မန္တလေးပဋိပက္ခတွင် အစ္စလာမ်ဘာသာဝင်တို့၏ သင်္ချိုင်းဖျက်ဆီးမှုဖြင့် အမျိုးသား ၁၅ဦးအား ထောင်ဒဏ်များချမှတ်

RangonNewsDaily:: February . 25 .2015
မန္တလေးမြို့တွင် ဖြစ် ပွားခဲ့သည့် ဘာသာရေး၊ လူမျိုး ရေးပဋိပက္ခအသွင် အုပ်စုဖွဲ့အ ကြမ်းဖက်မှုများအတွင်း သေဆုံးခဲ့ သူ ကိုထွန်းထွန်း၏ နာရေးသို့လိုက် ပါပို့ဆောင်ရာ၌ အစ္စလာမ်ဘာ သာဝင်တို့၏ သင်္ချိုင်းဖျက်ဆီးမှု ဖြင့် အမှုဖွင့်ခံရသူ အမျိုးသား ၁၅ ဦးအား ပုသိမ်ကြီးမြို့နယ် တရားရုံးက ဖေဖော်ဝါရီ ၂၄ ရက်တွင် နှစ်ချီထောင်ဒဏ်များ ချ မှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ပဲရစ် မြို့ပေါ် ဒရုန်းတွေ ပျံဝဲမှု မဖော်ထုတ်နိုင်သေး


RangonNewsDaily:: February . 25 .2015
ပြင်သစ် နိုင်ငံ၊ ပဲရစ် မြို့လယ်က အထင်ကရ နေရာတွေ အပေါ်မှာ မောင်းသူမဲ့ ဒရုန်း ယာဉ်ငယ်တွေ ဒုတိယမြောက် ညအဖြစ် ပျံဝဲ နေတာကို တွေ့ခဲ့ရပြီး ဘယ်သူတွေ ထိန်းချုပ် မောင်းနှင်တယ် ဆိုတာကို မသိရသေးဘူးလို့ ရဲတွေက ဆိုပါတယ်။

ထိုင်းနိုင်ငံတွင် ဘတ် ၁ဝ၀ တန်အသစ် ထုတ်ဝေ


RangonNewsDaily:: February . 25 .2015
ထိုင်းနိုင်ငံမှာ နောက်ထပ်ပုံစံအသစ်တမျိုးနဲ့ ဘတ် ၁၀၀ တန် ငွေစက္ကူထုတ်ဝေမယ်လို့ ထိုင်း အခြေစိုက် နေရှင်းသတင်းမှာ ဖော်ပြပါတယ်။

ဒါမျိုးလာကျောလို့ကတော့ ဘယ်ရမလဲ (ဟာသ)


RangonNewsDaily:: February . 25 .2015
အမေရိကန်တိုးရစ်တစ်ယောက်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နေရင်း taxi ကားဖြင့် ရန်ကုန်မြို့ကို ပတ်လေသည်။ 

Sunday, February 22, 2015

လောက်ကိုင်ကနေ ဒုက္ခသည်တွေကို ခေါ်လာတဲ့ ယာဉ်တန်းထပ်မံတိုက်ခိုက်ခံရ


RangonNewsDaily:: February . 22 .2015
ဒီကနေ့ညနေ ၅ နာရီခွဲခန့်က လောက်ကိုင်ကနေ ဒုက္ခသည်တွေကို ခေါ်လာတဲ့ ယာဉ်တန်းကို လုံထန်းတဝိုက်မှာ ထပ်မံတိုက်ခိုက်ခဲ့ရပါတယ် အဲသည်ယာဉ်တန်းမှာ လိုက်ပါလာတဲ့ လူခြောက်ဦးဒဏ်ရာရပြီးတပ်မတော်မှဗိုလ်မှုးတဦးက ဦးခေါင်းခွံထိတဲ့ အတွက်စိုးရိမ်စရာ အခြေအနေဖြစ်တယ်။ 

ရှမ်းပြည်နယ် ကွမ်းလုံမြို့သွားလမ်းပေါ်တွင် တပ်မတော်စစ်ကြောင်းနဲ့ ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့တို့အကြား တိုက်ခိုက်မှု ဖြစ်ပွား


RangonNewsDaily:: February . 22 .2015
ရှမ်းပြည်နယ် သန္ဒီမြို့ကနေ ကွမ်းလုံမြို့ကို သွားတဲ့လမ်း မိုင်တိုင် ၃၅နဲ့ ၃၇ မိုင်ကြားမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၁ရက် မနက် ၁၁နာရီဝန်းကျင်ခန့်က တပ်မတော်စစ်ကြောင်းနဲ့ ကိုးကန့်တိမ်းရှောင်
တပ်ဖွဲ့တို့အကြား တိုက်ခိုက်မှု ဖြစ်ပွားရာ စစ်တပ်ဘက်က တဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိ
ခဲ့ကြောင် သတင်းရရှိပါတယ်။

ဒူဘိုင်းတွင် The Torch အမည်ရှိ မိုးမျှော်တိုက်တစ်ခု၌ မီးလောင်မှုဖြစ်ပွား


RangonNewsDaily:: February . 22 .2015
အာရပ် စော်ဘွားများ ပြည်ထောင်စု နိုင်ငံ၊ ဒူဘိုင်းရှိ မိုးမျှော်တိုက်ကြီးတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Thursday, February 19, 2015

မြန်မာ့အသံဝန်ထမ်းကို မျက်နှာဖုံးစွပ်ထားသူများ ခေါ်ဆောင်သွား

RangonNewsDaily:: February . 19 .2015
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန မူဆယ်ခရိုင် မုံးပေါ်ရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံမှာ တာဝန်ခံ အဖြစ် ထမ်းဆောင်နေသူ ဦးအောင်ဇော်ထွန်းကို အမည်မသိ မျက်နှာဖုံးစွပ် အမျိုးသား ၃ ဦးက နေအိမ်ကနေ ခေါ်ဆောင်သွားတယ်လို့ ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ သတင်း ထုတ်ပြန်ပါတယ်။

Wednesday, February 18, 2015

လောက်ကိုင်မြို့ကို အရေးပေါ် အခြေအနေ ကြေညာ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သွားမည်

RangonNewsDaily:: February . 17 .2015
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ (၄၁၂) ပုဒ်မခွဲ (က) အရ လောက် ကိုင်မြို့ ကို အရေးပေါ် အခြေအနေ ကြေညာ လိုက်ပြီး ဖြစ်သည်။ထိုပုဒ်မ သည် ယနေ့မှစ ၍ ရက်ပေါင်း (၉၀)
ထိ အာဏာသက်ရောက်မည်။

တိုက်ပွဲများ ဖြစ်ပွားနေစဉ် လောက်ကိုင်မြို့ တွင်း ဆိုင်အများအပြား ဖောက်ထွင်းခိုးယူခံရ


RangonNewsDaily:: February . 17 .2015
ကိုးကန့် ဒေသတွင် အစိုးရတပ်များနှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် တိမ်းရှောင်အဖွဲ့ တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် အချိန်ဝယ် လောက်ကိုင်မြို့ ပေါ်ရှိ ဖုန်းဟန်းဆက်ဆိုင်၊ ရွှေဆိုင် အများအပြား ဖောက်ထွင်းဖျက်စီး ခိုးယူခံခဲ့ရပြီး ကိုယ်ပိုင်မော်တော်ယာဉ် အမြောက်အများလည်း အခိုးခံခဲ့ရကြောင်း ဒေသခံ ပြည်သူများက ပြောပြသည်။

လားရှိုးတွင် မြေကော်စက်ဘရိတ်ပေါက်ရာမှ ဆိုင်ကယ် ၈စီးနှင့် ဗိုလ်ကြီးတစ်ဦးအားတိုက်မိ၍ ပွဲချင်းပြီးသေဆုံး


RangonNewsDaily:: February . 17 .2015
လားရှိုးဘူတာလမ်းမကြီးပေါ်တွင် ဘူဒိုဇာ မြေကော်စက်ကြီး မောင်းနှင်လာရာမှ ရုတ်တရက်ဘရိတ်ပေါက်၍ လမ်းဘေးရပ်ထားသော ဆိုင်ကယ်(၈)စီးနှင့် လူတစ်ဦးကို ကြိတ်မိကာ ပွဲချင်းပြီးသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖေဖေါ်ဝါရီလ(၁၄)ရက် ညနေ (၅း၀၀)အချိန်ကဖြစ်ပွားခဲ့သည်။

အစိုးရလက်အောက်ခံ ကိုးကန့်နယ်ခြားစောင့်တပ်ရင်းတစ်ရင်း ဦးဖုန်ကြားရှင်အဖွဲ့နှင့် ပူးပေါင်း


RangonNewsDaily:: February . 17 .2015
အစိုးရလက်အောက်ခံ ကိုးကန့်နယ်ခြားစောင့်တပ်ရင်းတစ်ရင်းဟာ အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်တိမ်းရှောင်တပ်တွေနဲ့ ပူးပေါင်း လိုက်ပါတယ်။

ရေနံချောင်း မြို့မဈေးကြီး မီးလောင် ဆိုင်ခန်းပေါင်း ၃၀၀ကျော် ဆုံးရှုံး


RangonNewsDaily:: February . 17 .2015
မကွေးတိုင်းဒေသကြီ ရေနံချောင်းမြို့မဈေးမှာ ဖေဖော်ဝါရီ ၁၇ရက်နေ့ မနက်အစောပိုင်း ၂နာရီ၁၅ မိနစ်က မီးလောင်မှု စတင်ဖြစ်ပွားပြီး မနက် ၅ နာရီကျော်လောက်မှ မီးညွှန့်ကျိုးသွားခဲ့ပါတယ်။ 

လောက်ကိုင်ဒေသရှိ ပညာရေးဝန်ထမ်း ၁၀၀ ကျော် အဆက်အသွယ်မရသေး

RangonNewsDaily:: February . 17 .2015
လောက်ကိုင်ခရိုင်အတွင်း ပညာရေးဝန်ထမ်း ၈၀၀ ကျော်ရှိသည့်အနက် ၁၀၀ ကျော် မှာ တိုက်ပွဲဖြစ်ပွားပြီး ရှစ်ရက် မြောက်နေ့အထိ အဆက်အသွယ် မရသေးဘဲ မည်သည့်နေရာတွင် ရောက်နေသည်ကို မသိရသေး ကြောင်း ရှမ်းပြည်နယ် ပညာရေး ဦးစီးဌာနမှ သတင်းရရှိသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ချိန်ကိုက်မိုင်းတွေ့ရှိ


RangonNewsDaily:: February . 17 .2015
မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်အတွင်း ချိန်ကိုက်မိုင်းနှစ်လုံး တွေ့ရှိခဲ့ရ၍ ဒေသတွင်းလုံခြုံရေး တိုးမြှင့်ထားကြောင်း သတင်းရရှိသည်။

Tuesday, February 17, 2015

အငြိမ်းစားဗိုလ်မှူးတစ်ဦး စစ်တောင်းတံတားပေါ်မှ ခုန်ချသေဆုံး


RangonNewsDaily:: February . 16 .2015
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာ၊ ရန်ကုန်-မော်လ မြိုင် ကားလမ်းမကြီး စစ်တောင်းတံ တားပေါ်တွင် ပရိုဘောက်ကား(အဖြူ) တစ်စီး လူမရှိဘဲ ရပ်ထားသည်ကို တွေ့ရှိရသည့်အတွက် ဖေဖော်ဝါရီလ ၉ ရက် ၁း၃၀ နာရီခန့်တွင် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ရဲစခန်းက ထိန်းသိမ်းထားကြောင်း အဆိုပါရဲစခန်းမှ သိရှိ ရသည်။

စစ်ဘေးဒုက္ခသည်များ၏ ကားတိမ်းမှောက်၍ ၁၀ ဦးခန့် သေဆုံး

RangonNewsDaily:: February . 16 .2015
တိုက်ပွဲများကြောင့် လားရှိုးမြို့သို့ တိမ်းရှောင်လာသော စစ်ဘေးရှောင်သူများ စီးနင်းလာသည့် မော်တော်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့ရာ ကျောင်းအုပ်ဆရာမတစ်ဦး၊ ဆရာမနှစ်ဦးအပါအ၀င် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။