Pages

Tuesday, February 17, 2015

စစ်ဘေးဒုက္ခသည်များ၏ ကားတိမ်းမှောက်၍ ၁၀ ဦးခန့် သေဆုံး

RangonNewsDaily:: February . 16 .2015
တိုက်ပွဲများကြောင့် လားရှိုးမြို့သို့ တိမ်းရှောင်လာသော စစ်ဘေးရှောင်သူများ စီးနင်းလာသည့် မော်တော်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့ရာ ကျောင်းအုပ်ဆရာမတစ်ဦး၊ ဆရာမနှစ်ဦးအပါအ၀င် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တာရွှေထန်မှ လားရှိုးသို့ တိမ်းရှောင်လာသော ကားတစ်စီး ဖေဖော်ဝါရီ ၁၄ ရက်က တိမ်းမှောက်ခဲ့ကြောင်း အထက (၁) လားရှိုးကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းခမ်းမြတ်က ပြောသည်။

ကားတိမ်းမှောက်မှုကြောင့် တာရွှေထန် အထက်ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာမနှစ်ဦး သေဆုံးခဲ့ပြီး အခြားအရပ်သားများလည်း သေဆုံးခဲ့ကြောင်း သိရသည်။
‘‘ချောက်ထဲကျသွားတာလို့ သိရတယ်’’ဟု ဒေါ်နန်းခမ်းမြတ်က ဆိုသည်။
::
ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) လက်အောက်မှ တပ်မတော်အရာရှိတစ်ဦးက ဖေ ဖော်ဝါရီ ၁၄ ရက်က မော်တော် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးခန့် သေဆုံးကြောင်း သိရသော်လည်း အတည်မပြုနိုင်သေးကြောင်း ပြောသည်။

‘‘ကြောက်လန့်တကြားနဲ့ မောင်းတာ အရှိန်မထိန်းနိုင်ဘဲ ကျ သွားတာလို့ သိရတယ်။ မိုင်တိုင် ဘယ်လောက်မသိပေမယ့် အရင် ကိုးကန့်အဖွဲ့စခန်းရှိတဲ့ အကျော် လေးမှာလို့ ပြောတယ်’’ ဟု အ ထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။
::
ဖေဖော်ဝါရီ ၁၅ ရက်က လောက်ကိုင်မှ လားရှိုးသို့ စစ်ဘေးရှောင်ပြည်သူများ ဆက်တိုက်ဝင်လာဆဲဖြစ်ပြီး တပ်မတော်အပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းများက သွားရောက်ခေါ်ယူနေ ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၄ ရက် ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ ‘‘ကျွန်တော်တို့ဆီကိုတော့ သတင်းမတက်သေးပါဘူး။ ဆက်သွယ်ရေးမကောင်းတော့ အခုတစ်လော အဲဒီဘက်က သတင်းတွေက အဆက်ပြတ်နေတတ်ပါတယ်’’ ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးအဆင့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment