Pages

Sunday, September 21, 2014

မိုးရွာ မြေပြို သဲများဖုံးလွှမ်းမှုကြောင့် သုံးဦးသေ အချို့ပျောက်ဆုံး

RangonNewsDaily:: September . 20 .2014
မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ ရေမျက်ကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်၊ ည ၂ နာရီ တွင် ရွာသွန်းခဲ့သော မိုးကြောင့် နေအိမ် ၅၀ ကျော် သဲများဖုံး လွှမ်းသွားပြီး နေအိမ် ၁၃ လုံး ရေမျောပျက် စီးသွား၍ လူသုံးဦးသေဆုံးခေဲ့သည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။

ပုဇွန်တောင်မြို့နယ်တွင် လျှပ်စစ်မီးချောင်း မလင်းသဖြင့် ပြုပြင်ရာမှ ဓါတ် လိုက်ခဲ့၍ အမျိုးသား(၁)ဦးသေဆုံး

RangonNewsDaily:: September . 20 .2014
၁၉.၉.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန်တွင် ပုဇွန်တောင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရန်ကုန်ဆေးရုံကြီးသို့ အမျိုးသားတစ်ဦး ဓါတ်လိုက်ခံရ၍ သေဆုံးရောက်ရှိ နေကြောင်း သတင်းအရသွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ်နေ အောင်မျိုး(၃၄)နှစ်ဖြစ်ပြီး ၎င်းတွင် ဝဲလက်မအရေပြား လောင်ကျွမ်း ဒဏ်ရာရရှိထားသည်ကို တွေ့ရှိရပါသည်။

နောက် ၁၅ နှစ်မှသာလျှင် တစ်နိုင်ငံလုံး လျှပ်စစ်မီးရမည်ဟု လျှပ်စစ်ဝန်ကြီးဆို

RangonNewsDaily:: September . 20 .2014
မြန်မာနိုင်ငံတွင် ၂၀၃၀ ၌ အိမ်ထောင်စုအားလုံး လျှပ်စစ်မီးရရှိရေး ရည်မှန်းချက် ပြည့်မီ ရန် နှစ်ဆတိုး ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု လျှပ်စစ်ဝန်ကြီးဌာနက ဆိုသည်။

iPhone 6 ၀ယ်ရန် တရုတ်အမျိုးသားတစ်ဦး ချစ်သူကို အငှားချ "


RangonNewsDaily:: September . 20 .2014
တရုတ်အမျိုးသားတစ်ဦးက နောက်ဆုံးထုတ် အိုင်ဖုန်းကို ၀ယ်ယူရန် လိုအပ်နေသော ငွေရရှိစေရေးအတွက် သူ၏ ချစ်သူကောင်မလေးအား ငှားရမ်းအသုံးပြုရန် ရှန်ဟိုင်းမြို့၏ လမ်းမများပေါ်တွင် ပိုစတာဘုတ် ကိုင်ဆောင်ကာ ကမ်းလှမ်းနေကြောင်း ဒေးလီးမေးလ်သတင်းတစ်ရပ်က ဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်းမြေနေရာတွင် မြေဈေးမြင့်သော်လည်း အရောင်းအဝယ်မဖြစ်


RangonNewsDaily:: September . 20 .2014
ရန်ကုန်မြို့သစ်စီမံကိန်း နေရာရှိ မြေနေရာအများစုတွင် ဈေးမြင့်တက်နေသော်လည်း အရောင်းအဝယ်မရှိသလောက် နည်းသွားကြောင်း အိမ်ခြံမြေ ဈေးကွက်မှ သတင်းရရှိသည်။

ဆိုက်ရောက်ဗီဇာ စတင်ပြီး ရက်ပိုင်းအတွင်း ရပ်ဆိုင်း


RangonNewsDaily:: September . 20 .2014
မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်မည့် ကမ္ဘာလှည့်ခရီးသွားများအတွက် ကြိုတင်ခွင့် ပြုချက်ဖြင့် လျှောက်ထားရသော ဆိုက်ရောက်ပြည်ဝင်ခွင့် (Pre- arrangement Visa) ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိ သည်။

ရေပိုင်နက် အငြင်း ပွားမှု များနှင့် စပ်လျဉ်း၍ တတိယ ကမ္ဘာစစ် ဖြစ်ပေါ် လာနိုင် သည်ဟု တရုတ် စစ်ဘက် ဆိုင်ရာ ကျွမ်းကျင်သူ ပြောကြား


RangonNewsDaily:: September . 20 .2014
ရေပိုင်နက် အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ တတိယကမ္ဘာစစ် ဖြစ်ပွားလာနိုင်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ ရေတပ်အင်အားကို တိုးမြှင့်သင့်ကြောင်း စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက နိုင်ငံပိုင် သတင်းစာတစ်စောင်တွင် ဖော်ပြခဲ့သည်။

မြို့ပတ် ရထား လက်မှတ်ခ ၂ ဆ မြှင့်မည်

RangonNewsDaily:: September . 20 .2014
အရှုံးပေါ်နေတဲ့ မြန်မာ့မီးရထား လုပ်ငန်းဟာ သိပ်မကြာမီ အချိန်အတွင်း မြို့ပတ်ရထား စီးခတွေကို ဈေးနှုန်း ၂ ဆ တိုးမြှင့်ကောက်ခံတော့မယ်လို့ ရန်ကုန်တိုင်းရုံး တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

နိုင်ကျဉ်းများရှိနေသေး၍ နိုင်ကျဉ်းစိစစ်ရေး ကော်မတီ မဖျက်သိမ်းသင့်သေးဟုဆို

RangonNewsDaily:: September . 20 .2014
အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ ရှိနေ သေးသောကြောင့် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ် ရေးကော်မတီကို မဖျက်သင့်သေး ကြောင်း နိုင်ငံရေးအကျဉ်းသား များအရေး ဆောင်ရွက်ပေးနေ သည့် အဖွဲ့အစည်းများက ပြော ကြားလိုက်သည်။

ကလေးနည်းပညာတက္ကသိုလ်တွင် စာမေးပွဲအဖြေလွှာများ ဖောက်ထွင်းဖျက်ဆီးခံရ

RangonNewsDaily:: September . 20 .2014
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က နည်းပညာတက္ကသိုလ်မှာ ကျောင်းသူ ကျောင်းသားတွေ စာမေးပွဲဖြေဆိုထားတဲ့ အဖြေလွှာတွေ ဖောက်ထွင်း ဖျက်ဆီးခံခဲ့ရပြီးနောက် တက္ကသိုလ်အာဏာပိုင်တွေက စာမေးပွဲပြန်စစ်ဆေးမှာကို ကျောင်းသားတွေက လက်မခံဘဲ ကန့်ကွက်နေကြပါတယ်။