Pages

Sunday, September 21, 2014

ဆိုက်ရောက်ဗီဇာ စတင်ပြီး ရက်ပိုင်းအတွင်း ရပ်ဆိုင်း


RangonNewsDaily:: September . 20 .2014
မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်မည့် ကမ္ဘာလှည့်ခရီးသွားများအတွက် ကြိုတင်ခွင့် ပြုချက်ဖြင့် လျှောက်ထားရသော ဆိုက်ရောက်ပြည်ဝင်ခွင့် (Pre- arrangement Visa) ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိ သည်။ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် E-Visa စနစ်ဖြင့် စက်တင်ဘာ ၁ ရက်မှစ၍ ၀င် ရောက်နေပြီ ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ထောက်ခံချက်ဖြင့် အောက်တို ဘာလကုန်အထိ ၀င်ရောက်မည့် ကမ္ဘာလှည့်ခရီးသွား ၁၂၀၀ ဦးကို သာ Pre-arrangement Visa ဖြင့်ဝင်ခွင့်ပြုမည်ဖြစ်ကာ ထပ်မံခွင့်ပြုပေးတော့မည် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကြောင်းကြားလာကြောင်း သတင်းရရှိသည်။

‘‘စာထုတ်တဲ့နေ့ (စက်တင် ဘာ ၁၇ ရက်) ကစပြီး လက်ကို မခံတော့တာ’’ဟု မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ် ကျော်က ပြောသည်။
::
ထိုကဲ့သို့ ကြိုတင်ခွင့်ပြုချက် ဖြင့် လျှောက်ထားရသော ပြည်ဝင်ခွင့်စနစ်အား ကြိုတင်အကြောင်း ကြားခြင်းမရှိဘဲ ရပ်ဆိုင်းလိုက်သ ဖြင့် ခရီးသွားလုပ်ငန်းအပေါ် အ ကျိုးသက်ရောက်မှုများရှိလာမည် ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် များက ဆိုသည်။

‘‘မြန်မာပြည်ကို ရောင်းပေး နေတဲ့ ဟိုဘက်က ကုမ္ပဏီတွေက E-Visa ကို အသားမကျသေးဘူး ဆိုတော့ ဂယက်ရိုက်တာပေါ့’’ဟု ဒေါက်တာ အောင်မြတ်ကျော်က ဆိုသည်။
::
စက်တင်ဘာ ၁ ရက်မှစ၍ မြန်မာနိုင်ငံသို့ လာရောက်မည့် ကမ္ဘာလှည့်ခရီးသွားများအား အင်တာနက်မှတစ်ဆင့် လျှောက်ထားရသည့်ပြည်ဝင်ခွင့် (E-Visa)စနစ် ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှစတင် ဆောင်ရွက်ခဲ့သည်။ နိုင်ငံပေါင်း ၄၃ နိုင်ငံအား E-Visa စနစ်ဖြင့် ၀င်ရောက်ရန် ခွင့်ပြုပေးခဲ့သည်။

သို့သော် အဆိုပါစနစ်တွင် ငွေပေးချေရန်အတွက် ခွင့်ပြုထားသော စနစ်မှာ အဆင်မပြေသဖြင့် ကမ္ဘာလှည့်ခရီးသွားများ လျှောက် ထားရာတွင် အခက်အခဲများရှိနေ ကြသည်။
::
‘‘Online Visa ရပြီဆိုပေမယ့် စမ်းသပ်ဆဲကာလပဲရှိသေးတယ်။ အဲဒီလိုအချိန်မှာ အဆင်ပြေနေတဲ့ ၀န်ဆောင်မှုတစ်ခုကို ချက်ချင်း ကြီး ရပ်လို့မရဘူး’’ဟု ခရီးသွား လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရမ တက်မီကပင် ကြိုတင်ခွင့်ပြုချက် ဖြင့် ရယူရသော ဆိုက်ရောက်ပြည်ဝင်ခွင့်ပေးခဲ့ပြီး ထိုစနစ်ကြောင့် ပင် ကမ္ဘာလှည့်ခရီးသွားဝင်ရောက် ခြင်းကို အထောက်အပံ့ဖြစ်ခဲ့ သည်။
::
ဆိုက်ရောက်ဗီဇာဖြင့် ရောက်ရှိလာသည့် နိုင်ငံခြားသားများ (ဓာတ်ပုံ - ငြိမ်းချမ်းနိုင်/အီးပီအေ)

7Day ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment