Pages

Tuesday, October 15, 2013

ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွှေ - Inland taipan

Photo: ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွှေ - Inland taipan
Tuesday, October 15, 2013

အရှည်အားဖြင့် ၅ပေ ၉ လက်မ ကနေ ၈ ပေ ၂ လက်မလောက်ထိ ရှည်နိုင်တဲ့ မြွှေမျိုး ဖြစ်ပါတယ်။

Inland taipan လို့ခေါ်ပြီး Fierce Snake လို့လည်း အမည်ရပါသေးတယ်။ သြစတေးလျနိုင်ငံ အရှေ့ အလယ်ပိုင်းမှာ ရှင်သန်ပေါက်ဖွားပြီး ရာသီပေါင်းစုံမှာ ရှင်သန်နေထိုင်နိုင်ပါတယ်။ နွေရာသီမှာ ညိုဝါဝါ အရောင် ပြောင်းပြီး ဆောင်းရာသီမှာ အနက်ရောင်၊ ညိုရင့်ရောင် တို့ကို ပြောင်းလဲသွားပါတယ်။

အဆိပ်ထုတ်နိုင်စွမ်းကတော့ 44 mg ရှိတယ်လို့ မှတ်တမ်းတင်ထားပေ မယ့် စံချိန်တင်အနေနဲ့ တစ်ခါကို 110 mg လောက်ထိ အများဆုံး အဆိပ် ထုတ်ဖူးထားပါတယ်။ ဒါကြောင့် Inland taipan ကို ကမ္ဘာ့အဆိပ်အပြင်း ဆုံး ကုန်ပေါ် မြွှေအဖြစ် စံချိန်တင်ထားကြောင်း သိရ ပါတယ်။
--
Ref: wiki
Aung Kham ( ရိုးရာလေး

RangonNewsDaily:: October. 15 .2013

အရှည်အားဖြင့် ၅ပေ ၉ လက်မ ကနေ ၈ ပေ ၂ လက်မလောက်ထိ ရှည်နိုင်တဲ့ မြွှေမျိုး ဖြစ်ပါတယ်။

နှစ်ပေါင်း ၄၀ ကြာ အိပ်စက်ခြင်း မရှိခဲ့သူ October 15th, 2013

Photo: နှစ်ပေါင်း ၄၀ ကြာ အိပ်စက်ခြင်း မရှိခဲ့သူ October 15th, 2013
 Tuesday, October 15, 2013

ဗီယက်နမ်နိုင်ငံ ကွီဆန်  အုပ်ချုပ်မှုပိုင် ကွီထရမ် ခရိုင်ငယ်မှ မှ အသက် ၆၄ နှစ်အရွယ် ဟိုင်နော့ဆိုသူ သည် ၁၉၇၃ခုနှစ်က မကျန်းမမာဖြစ်ခဲ့ရာမှ ယခုအချိန် နှစ်ပေါင်း ၄၀ လုံးလုံး ညဘက်တွင် အိပ်မပျော်တော့ကြောင်း သိရသည်။

ထို့သို့ နှစ်ချီကြာ အိပ်မရသောရောဂါသည် သူ၏ ကျန်းမာရေးကို ထိခိုက်၊ မထိခိုက်ဆိုသည်ကို သူအတိကျ မသိကြောင်း၊ လက်ရှိအချိန်အထိ စိုက်ပျိုးမွေးမြူရေး အလုပ်များကို အခြားသူများနည်းတူ လုပ်ကိုင်နိုင်သေးကြောင်း ဖွင့်ဟခဲ့သည်။

ကွီထရမ် ခရိုင်ငယ်မှ သူ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးရသော တာဝန်ရှိသူတစ်ဦးက ၅၀ ကီလိုဂရမ်လေးသော ဓာတ်မြေသြဇာအိတ်နှစ်အိတ်ကို လေးကီလိုမီတာ ကွာဝေးသည့် ခရီး နေ့စဉ် ထမ်းပိုးသယ်ဆောင်နိုင်သေးကြောင်း ဆိုသည်။

သူ၏ ဇနီးသည်က ခင်ပွန်းသည်မှာ တစ်ချိန်က အအိပ်မက်သူတစ်ဦးဖြစ်သော်လည်း နေမကောင်းဖြစ်ပြီး နောက်ပိုင်းတွင် အရက်သောက်သည့်တိုင် အိပ်မရတော့ကြောင်း၊ ဒါနော့မြို့သို့ သွားရောက်ကာ ဆေးစစ်သည့်အခါ အသည်းလုပ်ဆောင်ချက် အနည်းအကျဉ်းအားနည်းသည်မှ အပ ကျန်ရောဂါမတွေ့ရကြောင်း ဆိုသည်။

လက်ရှိအချိန်တွင် ဟိုင်နော့သည် နေ့စဉ် ၅ဟက်တာကျယ်သော စိုက်ပျိုးရေးခြံလုပ်ငန်း၊ ကြက်နှင့် ၀က် မွေးမြူသည့် အလုပ်များကို နေ့စဉ်လုပ်ကိုင်လျှက်ရှိသလို ညဘက်တွင်လည်း သူ၏ခြုံအတွက် သူခိုးရန်မှ ကာကွယ်ရန် ညစောင့်တာဝန်လည်း ယူထားလျှက်ရှိသည်။

Ref; WLC
မြန်မာ့ခေတ်

RangonNewsDaily:: October. 15 .2013
ဗီယက်နမ်နိုင်ငံ ကွီဆန် အုပ်ချုပ်မှုပိုင် ကွီထရမ် ခရိုင်ငယ်မှ မှ အသက် ၆၄ နှစ်အရွယ် ဟိုင်နော့ဆိုသူ သည် ၁၉၇၃ခုနှစ်က မကျန်းမမာဖြစ်ခဲ့ရာမှ ယခုအချိန် နှစ်ပေါင်း ၄၀ လုံးလုံး ညဘက်တွင် အိပ်မပျော်တော့ကြောင်း သိရသည်။

နိုင်ငံရေးပြိုင်ဘက် လုပ်ကြံသတ်ဖြတ်မှုဖြင့် ကိုလံဘီယာပြည်နယ် အုပ်ချုပ်ရေးမှူး တရားစွဲခံရ

Photo: နိုင်ငံရေးပြိုင်ဘက် လုပ်ကြံသတ်ဖြတ်မှုဖြင့် ကိုလံဘီယာပြည်နယ် အုပ်ချုပ်ရေးမှူး တရားစွဲခံရ
Tuesday, October 15, 2013

ကိုလံဘီယာ လာဂူဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူး ကီကိုဂိုမတ်အား နိုင်ငံရေး ပြိုက်ဘက်များကို လုပ်ကြံသတ်ဖြတ်မှု၊ လျှို့ဝှက် ပူးပေါင်း ကြံစည်မှုများဖြင့် တရားစွဲ ဆိုထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပြည်နယ် အုပ်ချုပ်ရေးမှူး ကီကိုဂိုမတ်ကို လုပ်ကြံသတ်ဖြတ်မှု၊ လျှို့ဝှက် ပူးပေါင်း ကြံစည်မှုများဖြင့် သာမက လက်ယာပြည်သူ့စစ် အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့်လည်း တရားစွဲထားသည်။

ကိုလံဘီယာ အရှေ့မြောက်ပိုင်း ဘာရန်ကတ်မြို့ရှိ ဂိုမတ်၏ နေအိမ်အတွင်း ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ပြီး ဂိုမတ်ကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်များက ကြိုးပမ်းသည်ကို ၎င်းအပေါ် ထောက်ခံသူများက ခုခံကာကွယ်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဘာရတ်ကတ် မြို့တော်ကောင်စီဝင် လိုပတ်ပါရန်တာ ၁၉၉၇ ခုနှစ်တွင်း လုပ်ကြံသတ်ဖြတ် ခံရမှုတွင် ဂိုမတ် ပါဝင်ပတ်သက်နေကြောင်း ကိုလံဘီယာ ဒုတိယရှေ့နေချုပ် ဖာနန်ဒိုပါဒိုနိုက ပြောကြားသည်။

ထို့အပြင် အလီဂျာဒရို ရိုထရီဂူဇတ်နှင့် မာဇီဒီးဘာရာယာတို့ ၂၀၀၀ ပြည့်နှစ်တွင်း သတ်ဖြတ်ခံရသည့် အမှုတွင်လည်း ဂိုမတ် ပါဝင်ပတ်သက်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ကိုလံဘီယာ- ဗင်နီဇွဲလား နယ်ခြားဒေသရှိ လက်ယာယိမ်း ညီညွတ်သော ကိုလံဘီယာ ကိုယ်ပိုင် ကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့ တပ်မှူး ပူပိုနှင့် ဂိုမတ်ကြားတွင်လည်း ဆက်သွယ်မှုများ ရှိပြီး ရာဇဝတ်မှု ကျူးလွန်မှုများတွင် ဂိုမတ် ပါဝင်ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲခံနေရသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သည့် လက်ယာယိမ်း ပြည်သူ့စစ်များနှင့် ကိုလံဘီယာ နိုင်ငံရေးသမားများကြား အဆက်အသွယ်များ ရှိသည်ဟူသော စွပ်စွဲပြောကြားချက်များ ပြီးခဲ့သည့် နှစ်များအတွင်း ပေါ်ပေါက်ခဲ့သည်။

ကိုလံဘီယာ သမ္မတဟောင်း ယူရီဘီ လက်ထက်တွင် ပြည်သူ့စစ်များကို ပြန်လည် ဖျက်သိမ်းခဲ့ပြီး လက်နက်များကို အစိုးရ အဖွဲ့သို့ လွှဲပြောင်း ပေးအပ်ခဲ့ကာ အချို့သော ဖြစ်ရပ်များ တွင် ပြည်သူ့စစ်များကို တရားစွဲဆို ခံရခြင်းမှ ကင်းလွတ်ခွင့် ပေးခဲ့သည်။

ထို့အပြင် နိုင်ငံရေးသမား ၁၀၀ ကျော်ကို ပြည်သူ့စစ်များနှင့် ဆက်သွယ်မှုဖြင့် အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီး ၎င်းထဲမှ အများစုကို ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

The Voice Weekly

RangonNewsDaily:: October. 15 .2013
ကိုလံဘီယာ လာဂူဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူး ကီကိုဂိုမတ်အား နိုင်ငံရေး ပြိုက်ဘက်များကို လုပ်ကြံသတ်
ဖြတ်မှု၊ လျှို့ဝှက် ပူးပေါင်း ကြံစည်မှုများဖြင့် တရားစွဲ ဆိုထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဦးလေးဖြစ်သူက တူမဖြစ်သူကို အဓမ္မပြုကျင့်

RangonNewsDaily:: October. 15 .2013
ဦးလေးဖြစ်သူက တူမဖြစ်သူကို မန္တလေးမြို့သို့ ဆိုင်ကယ်ဖြင့် တင်ဆောင်ခေါ်ယူခဲ့ပြီး သားမယား
အဖြစ် ခိုးယူပေါင်းသင်းနေထိုင်ခဲ့သည့်အတွက် အရေးယူဆောင်ရွက်ပေးပါရန် အောက်တိုဘာ ၁၃
ရက်က ဘုတလင်မြို့မရဲစခန်းသို့ မိန်းကလေး မိဘများက လာရောက်တိုင်တန်းလိုက်သည်။

ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှု တွင်ဒဏ်ရာရသူ အမေရိကန် နိုင်ငံသူ ကို ဘန်ကောက်ရှိ ဆေးရုံသို့ ပို့ဆောင်ပြီ

RangonNewsDaily:: October. 15 .2013

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု မှ ဒဏ်ရာရသူ အမေရိကန်
နိုင်ငံသူကို ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ဘန်ကောက်ရှိ ဆေးရုံသို့ ပို့လိုက်ပြီဟု ဟိုတယ် ခရီး
ဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာတင်ရွှေ ကပြောသည်။

မွန်ပြည်နယ်အတွင်း ကားမှအရှိန်ဖြင့်ထန်းပင်တိုက် တစ်ဦးသေဆုံး၍ ယာဉ်ပေါက်ကွဲလုနီးပါးဖြစ်

RangonNewsDaily:: October. 15 .2013
မော်လမြိုင်မြို့မှ ကျိုက်မရောမြို့သို့သွားသောလမ်းတွင် ကားတစ်စီးအရှိန်မထိမ်းနိုင်ပဲ လမ်းဘေးရှိ ထန်းပင်
ကို ၀င်တိုက် သောကြောင့် ကားပေါ်တွင်ပါလာသူတစ်ဦးပွဲချင်းပြီး သေခဲ့ပြီး၊ ယာဉ်မောင်း၏ အောက်ပိုင်း မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဗုံးပေါက်စဉ်နဲ့ဗုံးပေါက်ပြီး ပြုလုပ်ရန်

RangonNewsDaily:: October. 15 .2013

(၁) တည်ငြိမ်စွာရှိနေပါ။ သင်သာလျင် သင့်ရဲ့ကယ်တင်ရှင်ဖြစ်သည်။
(၂) သင်သည် ဗုံးပေါက်ကွဲသည့် အဆောက်အအုံအတွင်းတွင်သော်လည်းကောင်း၊ အထက်မှအရာဝတ္ထုများ ကျနေသည့်အခြေအနေနှင့်သော်လည်းကောင်း ကြုံတွေ့နေပါက တောင့်တင်းခိုင်မာသောစားပွဲ၊ အရာဝတ္ထုတို့အောက်တွင် အသံငြိမ်သွားသည်အထိဝပ်နေပါ။ အနည်းဆုံးအသံငြိမ်ပြီး တစ်မိနစ်ခန့်နေမှထွက်လာပါ။

ထားဝယ်ရိုးရာ ယဉ်ကျေးမှု သပိတ်မျှောပွဲတော် ကျင်းပမည်

RangonNewsDaily:: October. 15 .2013

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ဒေါင်းငူ/ တံငါရပ် ဆိပ်ကမ်းသာလမ်း ထားဝယ် မြစ်ကမ်းနဖူး၌
အောက်တိုဘာ ၁၉ ရက်တွင် ထားဝယ်ရိုးရာ ယဉ်ကျေးမှု သပိတ်မျှောပွဲတော် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်သည် သာယာဝတီမြို့ (ယခု ထားဝယ်မြို့) အုပ်စိုးခဲ့သော ရွှေတောင်မြို့စား ရွှေတောင်စား မင်းလက်ထက် ၁၁၂၄ ခုနှစ်က စတင်၍ နှစ်စဉ် ကျင်းပလာခဲ့သည်။

ဗုံး(သို့)ဗုံးဟုယူဆရသောပစ္စည်းများတွေ့ရှိပါကတာဝန်ရှိသူများအားသတင်းပို့ပြီး ဆောင်ရွက်ရန် နည်းလမ်းများအား အသိပေးနှိုးဆော်ခြင်း

RangonNewsDaily:: October. 15 .2013
(၁) ဗုံး(သို့)မသင်္ကာဖွယ်ပစ္စည်းတစ်ခုခုကို တွေ့ရှိပါက ကိုင်တွယ်ခြင်း၊ရွှေ့ပြောင်းခြင်းမပြုလုပ်ပဲ သက်ဆိုင်ရာတာဝန်ရှိသည့်ဌာနသို့အမြန်ဆုံးသတင်းပို့အကြောင်းကြားရန်

(၂) သက်ဆိုင်ရာတာဝန်ရှိသည့် ၀န်ထမ်းများမှ ဗုံး(သို့)မသင်္ကာဖွယ်ရာတစ်ခုခုတွေ့ရှိသည့် နေရာ
ပတ်ဝန်းကျင်မှ လူများအား သတိပေးဖယ်ရှားရန်နှင့် အမှတ်အသား အလံစိုက်ထူထားရှိရန်

မဟာဗန္ဓုလနှင့် ၃၈လမ်းထောင့် အမှိုက်ပုန်းပေါ်တွင် မသင်္ကာဖွယ်ရာ အတာချီကေ့တလုံးတွင်၊ဗုံးမဟုတ်ဘဲ လက်ကိုင်အိတ်တလုံးသာဖြစ်နေ


RangonNewsDaily:: October. 15 .2013

ယနေ့နံနက်၁၀နာရီက မဟာဗန္ဓုလနှင့် ၃၈လမ်းထောင့်ရှိ အမှိုက်ပုန်းပေါ်တွင်မသင်္ကာဖွယ်ရာ အတာချီကေ့
တလုံးတွေ့ရှိခဲ့ရာ ရဲတပ်ဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာဗုံးမဟုတ်ဘဲ လက်ကိုင်အိတ်တလုံးသာဖြစ်ပြီး အိတ်ထဲ
တွင် ဘာမှမပါကြောင်းခရိုင်ရဲတပ်ဖွဲ့ရုံးမှရဲမှူးဦးဝင်းကြည်က ပြောသည်။

Trader ဟိုတယ် ပေါက်ကွဲမူ သံသယရှိသူ ကိုဖော်ထုတ်ရရှိ

ကုန်သည်ကြီးများဟိုတယ် ပေါက်ကွဲမူကြောင့် လွင့်စင်လာသော မှန်ကွဲများကို မြို့တော်စည်ပင် ဝန်ထမ်းများက ညတွင်းချင်းရှင်းလင်းနေစဉ်
RangonNewsDaily:: October. 15 .2013

ကုန်သည်ကြီးများ ဟိုတယ်၏ ညသန်းခေါင်ကျော် ပေါကိကွဲမူဖြစ်စဉ် တွင် အဓိက တရားခံကို ဖော်ထုတ်ရရှိထား ကြောင်းသက်ဆိုင်ရာမှသိရသည်

Bomb Blast Hits Traders Hotel in Rangoon

Bombing at Traders Hotel

RangonNewsDaily:: October. 15 .2013

RANGOON—At approximately 11:15 at night, a small bomb ripped through a 9th story room at Traders Hotel, one of the nicest hotels in downtown Rangoon.

ရန်ကုန်ဗုံးသတင်း နောက်ဆုံးရအခြေအနေ (နံနက် ၂း၃၀)


RangonNewsDaily:: October. 15 .2013
အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီ ခွဲခန့်က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ Traders ဟိုတယ် ကိုးလွှာ၊ အခန်းနံပါတ် ၉၂၁ ၏ ရေချိုးခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ တည်းခိုနေသူ အမေရိကန် နိုင်ငံခြားသား မိသားစုမှ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ သွားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားသည်။

Blackholeဗိုင်းရပ်စ် ထုတ်လွှင့်သူဟု ယူဆရသူကို ဖမ်းဆီးရမိ

Photo: Blackholeဗိုင်းရပ်စ် ထုတ်လွှင့်သူဟု ယူဆရသူကို ဖမ်းဆီးရမိ
Monday, October 14, 2013

ရုရှားနိုင်ငံ ရဲတပ်ဖွဲ့သည် အင်တာနက် ခြေရာခံလိုက်ရန်အတွက် Blackholeဟု အမည်ပေးထားသော ဗိုင်းရပ်စ် တစ်မျိုးကို တီထွင် ပျံနှံစေခဲ့သည်ဟု ယူဆရသော ဟက်ကာ တစ်ဦးအား ဖမ်းဆီးလိုက်ပြီး ဖြစ်ကြောင်း ဘီဘီစီ သတင်းတွင် ဖေါ်ပြသည်။ ဖမ်းဆီးထားသူ၏ အသေးစိတ်အကြောင်းအရာများနှင့် ပတ်သက်ပြီး ရုရှား အာဏာပိုင်များက အသေးစိတ် ထုတ်ပြန်ကြေညာခြင်း မပြုပေ။

Blackholeဗိုင်းရပ်စ်ကို ၂၀၁၀ပြည့်နှစ်ခန့်ကတည်းက ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၂ခုနှစ်တွင် ပြစ်မှု ကျူးလွန်ရာတွင် အဓိက စွမ်းဆောင်နိုင်သည့် ဗိုင်းရပ်စ်တစ်ခုအဖြစ် နာမည်ကြီးလာကာ ၂၀၁၃ ခုနှစ်တွင် ဖျက်ဆီးမှုများကို ထင်ရှားစွာ ကျူးလွန်လာခဲ့သည်ဟု Sophos ဗိုင်းရပ်စ် ကာကွယ်ရေးအရ ကုမ္ပဏီတစ်ခုက သုတေသီတစ်ဦး ဖြစ်သူ ဖရေစာဟိုးဝပ်က ဆိုသည်။
မော်စကို အခြေစိုက် အင်တာနက် ကာကွယ်ရေးအရ ကုမ္ပဏီတစ်ခုဖြစ်သည့် Kaspersky Lab ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရှင် အလက်ဇန္ဒားဂေါ့စ်တက် ဆိုသူကလည်း ရုရှားအာဏာပိုင်များသည် ထိုအမည် မဖေါ်ပြနိုင်သည့် ဟက်ကာတစ်ဦးအား ဖမ်းဆီးခဲ့သည်ဆိုခြင်း အပေါ် အတည်ပြု ပြောကြားခဲ့သည်။

Blackholeဗိုင်းရပ်စ်သည် Java ပရိုဂရမ်၊ Adobeထုတ် Flash Media Playerနှင့် Windows ဆော့ဖ်ဝဲများ၊ PDFဖိုင်များကို တိုက်ခိုက်တတ်ကြောင်း၊ နောက်ပိုင်းတွင် Coolဆိုသည့် နောက်ဆက်တွဲ ဗိုင်းရပ်စ်ကပါ တိုက်ခိုက်လာပြီး Sophos ကုမ္ပဏီအနေနှင့် ယခုလအတွင်း ဗိုင်းရပ်စ်အားလုံး၏ ၄ရာခိုင်းနှုန်းကို ခြေရာခံနိုင်ခဲ့ကြောင်း၊ ယမန်နှစ်က ၂၈ရာခိုင်နှုန်းအထိ ခြေရာခံနိုင်ခဲ့ကြောင်း ထုတ်ဖော်ခဲ့သည်ဟု သိရပါသည်။

Myanmar ICT

RangonNewsDaily:: October. 15 .2013
ရုရှားနိုင်ငံ ရဲတပ်ဖွဲ့သည် အင်တာနက် ခြေရာခံလိုက်ရန်အတွက် Blackholeဟု အမည်ပေးထားသော ဗိုင်းရပ်စ် တစ်မျိုးကို တီထွင် ပျံနှံစေခဲ့သည်ဟု ယူဆရသော ဟက်ကာ တစ်ဦးအား ဖမ်းဆီးလိုက်ပြီး ဖြစ်ကြောင်း ဘီဘီစီ သတင်းတွင် ဖေါ်ပြသည်။

အလုံမြို့နယ်တွင် မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိ

Photo: အလုံမြို့နယ်တွင် မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိ
Monday, October 14, 2013

၁၄.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် အလုံမြို့နယ် ၊ စောရန်ပိုင်
အနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ Western Park II စားသောက်ဆိုင်မှ စားပွဲထိုးဝန်ထမ်းဖြစ်သူ မောင်ကျော်ဇေယျာမင်းသည် စားပွဲခုံများအား သန့်ရှင်းရေးဆောင်ရွက်စဉ် စားပွဲခုံအမှတ် (၁၉)၏အောက်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ်
အထုပ်တစ်ထုပ်အား တွေ့ရှိသဖြင့် ဆိုင်မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းမှ အဆိုပါအထုပ်အား ကြည့်ရှုရာ အထုပ်ထဲတွင် ၀ါယာကြိုးနှစ်စ၊ ဘက္ထရီခြောက်တစ်ခုနှင့် အနက်ရောင်အထုပ်တို့အား တွေ့ရှိသဖြင့် ၎င်းအထုပ်အား ဆိုင်၏အပြင်ဘက်သို့ ထုတ်ထားကာ အလုံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ပါသည်။

ထိုသို့အကြောင်းကြားချက်အရ အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ လာရောက်၍ မသင်္ကာဖွယ် အထုပ်အား တာယာကွင်းများဖြင့် ကာရံခဲ့ပြီး ရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၉၀၅) စစ်မြေပြင်
အင်ဂျင်နီယာတပ်ရင်းသို့ အကြောင်းကြားခဲ့သဖြင့် ဗိုလ်မှူး မျိုးဟိန်းစိုးနှင့်အဖွဲ့မှ လာရောက်၍ အဆိုပါအထုပ်အားရှင်းလင်းပြီး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police

RangonNewsDaily:: October. 15 .2013
၁၄.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် အလုံမြို့နယ် ၊ စောရန်ပိုင်
အနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ Western Park II စားသောက်ဆိုင်မှ စားပွဲထိုးဝန်ထမ်းဖြစ်သူ မောင်ကျော်ဇေယျာမင်းသည် စားပွဲခုံများအား သန့်ရှင်းရေးဆောင်ရွက်စဉ် စားပွဲခုံအမှတ် (၁၉)၏အောက်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ်

“ချင်းတွင်းမြစ်အတွင်း ကုန်တင်အမြန်ရေယာဉ် နစ်မြုပ်”

Photo: “ချင်းတွင်းမြစ်အတွင်း ကုန်တင်အမြန်ရေယာဉ် နစ်မြုပ်”
Monday, October 14, 2013 

၂၀၁၃ အောက်တိုဘာ (၁၃)ရက်နေ့ ညနေပိုင်း(၆)နာရီအချိန်ခန့်တွင် မုံရွာမြို့ဆိပ်ကမ်း မှ နမ့်တော သို့ ကုန်ပိသာချိန်(၂)သောင်းခန့် တင်ဆောင်ပြီး ထွက်ခွာလာသည့် ရေယာဉ်မောင်း ဦးမြသိန်း မောင်းနှင်သော သန်းကြွယ်မိုး အမည်ပါရှိသော ကုန်တင်အမြန်ရေယာဉ်သည် ယင်းမာပင်မြို့နယ် လက်ခုပ်ပင်ရွာဆိပ်ကမ်း အနီးတွင် ရေမြုပ် သစ်မျှောတုံးအား တိုက်မိပြီး ရေယာဉ်နောက်ပိုင်းမှ ရေများဝင်ကာနစ်မြုပ်ခဲ့ ခြင်းဖြစ်ကြောင်း ရေကြောင်းညွန်ကြားမှုဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးကပြောပါသည်။

   “ရေမြုပ်ပြီးမျှောပါလာတဲ့ သစ်တုံးတစ်ခုကိုတိုက်မိပြီး နစ်မြုပ်ခဲ့တာပါ။ရေယာဉ်ရဲ့ အမည်ကတော့ နှစ်မျိုးဖြစ်နေပါတယ် တပြည်လုံးရွှေ နဲ့ သန်းကြွယ်မိုး ပါ။ လိုင်စင်မှာ တစ်ကယ်တန်းအမည်ပေါက်တာက တပြည်လုံးရွှေ ပါ။လိုင်စင်မှာလည်းအဲဒီနာမည် ပေါက်ပါတယ်။ယာဉ်မောင်းသူ ဦးမြသိန်း ကိုတော့ လိုင်စင်ရှိ မရှိ စိစစ်နေဆဲပါ။လူ အသေအပျောက်တော့လုံးဝမရှိပါဘူး။ရေယာဉ်ပေါ်ပါ ကုန်ပစ္စည်းတွေရဲ့ ဆုံးရှုံးမှု တန်ဘိုးကတော့ သိန်း(၃၀)၀န်းကျင်ရှိပါတယ်”လို့ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ဆိုပါတယ်။

 အဆိုပါရေယာဉ်နစ်မြုပ်မှုအား ယင်းမာပင်မြို့ မြို့မရဲစခန်းမှ ယာဉ်(ပ)၂၃/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၈၀ ဖြင့် ရဲအုပ် သန်းမြတ်စိုး မှ တရားလိုပြုလုပ်တိုင်တန်း ထားကြောင်းသိရသည်။

The Hot News Weekly.

RangonNewsDaily:: October. 15 .2013

၂၀၁၃ အောက်တိုဘာ (၁၃)ရက်နေ့ ညနေပိုင်း(၆)နာရီအချိန်ခန့်တွင် မုံရွာမြို့ဆိပ်ကမ်း မှ နမ့်တော သို့ ကုန်ပိသာချိန်(၂)သောင်းခန့် တင်ဆောင်ပြီး ထွက်ခွာလာသည့် ရေယာဉ်မောင်း ဦးမြသိန်း မောင်းနှင်သော သန်းကြွယ်မိုး အမည်ပါရှိသော ကုန်တင်အမြန်ရေယာဉ်သည် ယင်းမာပင်မြို့နယ် လက်ခုပ်ပင်ရွာဆိပ်ကမ်း အနီးတွင် ရေမြုပ် သစ်မျှောတုံးအား တိုက်မိပြီး ရေယာဉ်နောက်ပိုင်းမှ ရေများဝင်ကာနစ်မြုပ်ခဲ့ ခြင်းဖြစ်ကြောင်း ရေကြောင်းညွန်ကြားမှုဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးကပြောပါသည်။

တရုတ် ပရိသတ်များက ရွေးချယ်ခဲ့သည့် အနုပညာ လောက၏ နတ်မိမယ် ၁၅ ဦးအား ထုတ်ဖော် ပြသ

Photo: တရုတ် ပရိသတ်များက ရွေးချယ်ခဲ့သည့် အနုပညာ လောက၏ နတ်မိမယ် ၁၅ ဦးအား ထုတ်ဖော် ပြသ
Monday, October 14, 2013

တရုတ် နိုင်ငံရှိ အနုပညာ လောက၏ နတ်မိမယ် ၁၅ ဦးအား အနုပညာချစ်သူ ပရိသတ်များက အင်တာနက် အသုံးပြု၍ မဲပေး ရွေးချယ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နတ်မိမယ် ၁၅ ဦးစာရင်း၌ ကမ္ဘာကျော် တရုတ်မင်းသမီးချော ကျန်းကျိယိက သူမ၏ ဂန္ထဝင်ဆန်သော အလှဖြင့် နံပါတ် ၁၂ နေရာတွင် ရပ်တည် နေခဲ့ကြောင်း သိရသည်။

တောက်ပသော မျက်ဝန်း အလှကို ပိုင်ဆိုင်ပြီး မေးစေ့ချွန်ဖြင့် တစ်မျိုးတစ် ဘာသာလှပ နေသည့် မင်းသမီး တစ်ဖနီတန်က အဆိုပါ စာရင်းတွင် နံပါတ်ကိုး နေရာကို သာရရှိခဲ့ သည်။

မျက်နှာခွဲစိတ် ပြုပြင်သူဟု သတင်းကြီးသည့် တရုတ် အဆိုတော် မင်းသမီးချော ယန်မီကမူ နံပါတ် ငါးနေရာကို ရရှိခဲ့ပြီး အပြစ် ကင်းစင်ပြီး ချိုမြိန်သော အပြုံးကို ပိုင်ဆိုင်ထားသူ မင်းသမီး ကောင်းယွမ်ယွမ်က သူမ၏ အပြုံးအလှဖြင့်ပင် နံပါတ်လေး နေရာကို ရရှိခဲ့သည်။ ကမ္ဘာ တစ်ဝန်းမှ ပရိသတ်များ ချစ်ခင်အားပေးသော ဖန်ပင်းပင်းကမူ သူမ၏ ဖက်ရှင်၊ အနုပညာ အရည်အသွေးတို့တွင် အလွန် ကျော်ကြားသူဖြစ်ပြီး ဒုတိယမဲ အများဆုံး ပရိသတ် ချစ်ခင်သည့် မင်းသမီးတစ်လက် ဖြစ်လာခဲ့သည်။

Lust ဇာတ်ကားဖြင့် အငြင်းပွားဖွယ် ကိစ္စရပ်များဖြင့် သတင်းကြီးသည့် မင်းသမီးချော တန်ဝေကမူ ပရိသတ်များစွာ၏ မဲပေးရွေးချယ်မှုဖြင့် နတ်မိမယ် ၁၅ ဦးစာရင်းတွင် သရဖူဆောင်းနိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: October. 15 .2013

တရုတ် နိုင်ငံရှိ အနုပညာ လောက၏ နတ်မိမယ် ၁၅ ဦးအား အနုပညာချစ်သူ ပရိသတ်များက အင်တာနက် အသုံးပြု၍ မဲပေး ရွေးချယ်ခဲ့ကြောင်း သိရသည်။

အိန္ဒိယဘာသာရေးပွဲတော်တွင် လူအုပ်ပြိုကျပြီး ၁၀၀ ကျော် သေဆုံး

<
Photo: အိန္ဒိယဘာသာရေးပွဲတော်တွင် လူအုပ်ပြိုကျပြီး ၁၀၀ ကျော် သေဆုံး
Monday, October 14, 2013

အိန္ဒိယ အလယ်ပိုင်းရှိ ဟိန္ဒူ ဘုရားကျောင်း တစ်ခုတွင် ဖြစ်ပွားသော လူအုပ်ပြိုမှုကြီးအတွင်း အသေအပျောက် ပမာဏ (၁၀၉)ဦးထိ မြင့်တက် လာသလို ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း အာဏာပိုင်းများက အတည်ပြုခဲ့သည်

အိန္ဒိယဘာသာရေးပွဲတော်တွင် လူအုပ်ပြိုကျပြီး ၁၀၀ ကျော် သေဆုံး
အိန္ဒိယ နိုင်ငံတွင် ဘာသာရေး ပွဲတော် တစ်ခု၌ ကောလာဟလ တစ်ခု ကို ကြောက်လန့်ကာ လူအများ ဝရုန်းသုန်းကား ပြေးလွှားရင်း လူ(၁၀၀)ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။ အိန္ဒိယ အလယ်ပိုင်းရှိ ဟိန္ဒူ ဘုရားကျောင်း တစ်ခုတွင် ဖြစ်ပွားသော လူအုပ်ပြိုမှုကြီးအတွင်း အသေ အပျောက် ပမာဏ (၁၀၉)ဦးထိ မြင့်တက်လာသလို ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း အာဏာပိုင်းများက အတည်ပြုခဲ့သည်။ တနင်္ဂနွေနေ့က မက်ဒ်ဟာပရာဒက်ရှ် ပြည်နယ်ရှိ ဘုရားကျောင်း တစ်ခုတွင် ထောင်နှင့်ချီသော ဘုရားဖူးများ စုရုံးနေစဉ် တံတားပြိုကျတော့ မည်ဟု ကောလာဟလတစ်ခု စတင်ပျံ့နှံ့လာခဲ့သည်။ ထို့ကြောင့် ဘုရားဖူးများ ကြောက်လန့်တကြား ထွက်ပြေးရင်း လူအုပ်ပြိုကျ မှုကြီး ဖြစ်လာကာ အများအပြား သေဆုံးခဲ့ခြင်းဟု ရဲများက ပြောဆိုခဲ့သည်။

တနင်္ဂနွေနေ့ ညနေပိုင်းထိ ရုပ်အလောင်း (၁၀၉)ခုကို ရယူနိုင်ခဲ့ပြီး နောက် ထပ် အသေအပျောက် အရေအတွက် မြင့်တက်လာမည်ကိုလည်း တာဝန်ရှိသူများက စိုးရိမ်နေသည်။ အနီးအနားရှိ ဆေးရုံများတွင်လည်း ဒဏ်ရာရရှိသူ အမြောက်အမြားကို လက်ခံ ကုသပေးနေရသည်။ ဟိန္ဒူ နတ်ဘုရားမ ဒါဂါကို ဂုဏ်ပြုကျင်းပသည့် (၁၀)ရက်ကြာ ဘာသာရေး ပွဲတော်တွင် လူပေါင်းများစွာတို့သည် နှစ်လမ်းသွား တံတားတစ်ခုပေါ်၌ ရှိနေခဲ့သည်။ ဆင်းမြစ်ကို ဖြတ်ကျော် ဖောက်လုပ်ထားသည့် တံတားပေါ်တွင် ထိုအချိန်က လူပေါင်း မည်၍မည်မျှ ရှိနေခဲ့သည်ကို တိတိကျကျ မသိရသေးချေ။

ဒေသဆိုင်ရာ သတင်းဌာနများက ယခုပွဲတော်သို့ လူပေါင်း(၅၀၀၀၀)မျှ လာရောက်ရန် စီစဉ်ခဲ့သော်လည်း ကောလာဟလများ ကြိုတင် ထွက်ပေါ် ခဲ့သည့်နောက် အချို့သည် လမ်းတစ်ဝက်တွင် လှည့်ပြန်သွားကြောင်း ဖော်ပြ ခဲ့သည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အိန္ဒိယ ဝန်ကြီးချုပ် မိုဟာမက်ဆင်းက အလွန်ဝမ်းနည်းမိပြီး အသက်ပေါင်းများစွာ ဆုံးရှုံးသဖြင့် တုန်လှုပ် မိကြောင်း ပြော ဆိုခဲ့သလို တာဝန်ရှိသူများကိုလည်း ဒဏ်ရာရသူ များနှင့် သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများအား အစွမ်းကုန် ကူညီရန် တိုက်တွန်း ပန်ကြားခဲ့သည်။ "ဒါဟာ ပွဲတော်နေ့ တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ကျွန်တော်တို့ရဲ့ နှလုံးသားတွေ အားလုံးဟာ ထိခိုက် သေဆုံးသူတွေနဲ့ မိသားစုဝင်တွေအတွက် ဆုတောင်းပေးဖို့ပဲ ဦးတည်ရပါတော့မယ်"ဟု ဝန်ကြီးချုပ်က ပြောဆို သွားသည်။ 

Planet Myanmar Network