Pages

Tuesday, October 15, 2013

နိုင်ငံရေးပြိုင်ဘက် လုပ်ကြံသတ်ဖြတ်မှုဖြင့် ကိုလံဘီယာပြည်နယ် အုပ်ချုပ်ရေးမှူး တရားစွဲခံရ

Photo: နိုင်ငံရေးပြိုင်ဘက် လုပ်ကြံသတ်ဖြတ်မှုဖြင့် ကိုလံဘီယာပြည်နယ် အုပ်ချုပ်ရေးမှူး တရားစွဲခံရ
Tuesday, October 15, 2013

ကိုလံဘီယာ လာဂူဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူး ကီကိုဂိုမတ်အား နိုင်ငံရေး ပြိုက်ဘက်များကို လုပ်ကြံသတ်ဖြတ်မှု၊ လျှို့ဝှက် ပူးပေါင်း ကြံစည်မှုများဖြင့် တရားစွဲ ဆိုထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပြည်နယ် အုပ်ချုပ်ရေးမှူး ကီကိုဂိုမတ်ကို လုပ်ကြံသတ်ဖြတ်မှု၊ လျှို့ဝှက် ပူးပေါင်း ကြံစည်မှုများဖြင့် သာမက လက်ယာပြည်သူ့စစ် အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့်လည်း တရားစွဲထားသည်။

ကိုလံဘီယာ အရှေ့မြောက်ပိုင်း ဘာရန်ကတ်မြို့ရှိ ဂိုမတ်၏ နေအိမ်အတွင်း ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ပြီး ဂိုမတ်ကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်များက ကြိုးပမ်းသည်ကို ၎င်းအပေါ် ထောက်ခံသူများက ခုခံကာကွယ်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဘာရတ်ကတ် မြို့တော်ကောင်စီဝင် လိုပတ်ပါရန်တာ ၁၉၉၇ ခုနှစ်တွင်း လုပ်ကြံသတ်ဖြတ် ခံရမှုတွင် ဂိုမတ် ပါဝင်ပတ်သက်နေကြောင်း ကိုလံဘီယာ ဒုတိယရှေ့နေချုပ် ဖာနန်ဒိုပါဒိုနိုက ပြောကြားသည်။

ထို့အပြင် အလီဂျာဒရို ရိုထရီဂူဇတ်နှင့် မာဇီဒီးဘာရာယာတို့ ၂၀၀၀ ပြည့်နှစ်တွင်း သတ်ဖြတ်ခံရသည့် အမှုတွင်လည်း ဂိုမတ် ပါဝင်ပတ်သက်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ကိုလံဘီယာ- ဗင်နီဇွဲလား နယ်ခြားဒေသရှိ လက်ယာယိမ်း ညီညွတ်သော ကိုလံဘီယာ ကိုယ်ပိုင် ကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့ တပ်မှူး ပူပိုနှင့် ဂိုမတ်ကြားတွင်လည်း ဆက်သွယ်မှုများ ရှိပြီး ရာဇဝတ်မှု ကျူးလွန်မှုများတွင် ဂိုမတ် ပါဝင်ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲခံနေရသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သည့် လက်ယာယိမ်း ပြည်သူ့စစ်များနှင့် ကိုလံဘီယာ နိုင်ငံရေးသမားများကြား အဆက်အသွယ်များ ရှိသည်ဟူသော စွပ်စွဲပြောကြားချက်များ ပြီးခဲ့သည့် နှစ်များအတွင်း ပေါ်ပေါက်ခဲ့သည်။

ကိုလံဘီယာ သမ္မတဟောင်း ယူရီဘီ လက်ထက်တွင် ပြည်သူ့စစ်များကို ပြန်လည် ဖျက်သိမ်းခဲ့ပြီး လက်နက်များကို အစိုးရ အဖွဲ့သို့ လွှဲပြောင်း ပေးအပ်ခဲ့ကာ အချို့သော ဖြစ်ရပ်များ တွင် ပြည်သူ့စစ်များကို တရားစွဲဆို ခံရခြင်းမှ ကင်းလွတ်ခွင့် ပေးခဲ့သည်။

ထို့အပြင် နိုင်ငံရေးသမား ၁၀၀ ကျော်ကို ပြည်သူ့စစ်များနှင့် ဆက်သွယ်မှုဖြင့် အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီး ၎င်းထဲမှ အများစုကို ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

The Voice Weekly

RangonNewsDaily:: October. 15 .2013
ကိုလံဘီယာ လာဂူဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူး ကီကိုဂိုမတ်အား နိုင်ငံရေး ပြိုက်ဘက်များကို လုပ်ကြံသတ်
ဖြတ်မှု၊ လျှို့ဝှက် ပူးပေါင်း ကြံစည်မှုများဖြင့် တရားစွဲ ဆိုထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ပြည်နယ် အုပ်ချုပ်ရေးမှူး ကီကိုဂိုမတ်ကို လုပ်ကြံသတ်ဖြတ်မှု၊ လျှို့ဝှက် ပူးပေါင်း ကြံစည်မှုများဖြင့် သာမက လက်ယာပြည်သူ့စစ် အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့်လည်း တရားစွဲထားသည်။

ကိုလံဘီယာ အရှေ့မြောက်ပိုင်း ဘာရန်ကတ်မြို့ရှိ ဂိုမတ်၏ နေအိမ်အတွင်း ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ပြီး ဂိုမတ်ကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်များက ကြိုးပမ်းသည်ကို ၎င်းအပေါ် ထောက်ခံသူများက ခုခံကာကွယ်
ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဘာရတ်ကတ် မြို့တော်ကောင်စီဝင် လိုပတ်ပါရန်တာ ၁၉၉၇ ခုနှစ်တွင်း လုပ်ကြံသတ်ဖြတ် ခံရမှုတွင် ဂိုမတ် ပါဝင်ပတ်သက်နေကြောင်း ကိုလံဘီယာ ဒုတိယရှေ့နေချုပ် ဖာနန်ဒိုပါဒိုနိုက ပြောကြားသည်။

ထို့အပြင် အလီဂျာဒရို ရိုထရီဂူဇတ်နှင့် မာဇီဒီးဘာရာယာတို့ ၂၀၀၀ ပြည့်နှစ်တွင်း သတ်ဖြတ်ခံရသည့် အမှု
တွင်လည်း ဂိုမတ် ပါဝင်ပတ်သက်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ကိုလံဘီယာ- ဗင်နီဇွဲလား နယ်ခြားဒေသရှိ လက်ယာယိမ်း ညီညွတ်သော ကိုလံဘီယာ ကိုယ်ပိုင် ကာကွယ်
ရေး ပြည်သူ့စစ်အဖွဲ့ တပ်မှူး ပူပိုနှင့် ဂိုမတ်ကြားတွင်လည်း ဆက်သွယ်မှုများ ရှိပြီး ရာဇဝတ်မှု ကျူးလွန်မှုများ
တွင် ဂိုမတ် ပါဝင်ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲခံနေရသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သည့် လက်ယာယိမ်း ပြည်သူ့စစ်များနှင့် ကိုလံဘီယာ နိုင်ငံရေးသ
မားများကြား အဆက်အသွယ်များ ရှိသည်ဟူသော စွပ်စွဲပြောကြားချက်များ ပြီးခဲ့သည့် နှစ်များအတွင်း ပေါ်
ပေါက်ခဲ့သည်။

ကိုလံဘီယာ သမ္မတဟောင်း ယူရီဘီ လက်ထက်တွင် ပြည်သူ့စစ်များကို ပြန်လည် ဖျက်သိမ်းခဲ့ပြီး လက်နက်
များကို အစိုးရ အဖွဲ့သို့ လွှဲပြောင်း ပေးအပ်ခဲ့ကာ အချို့သော ဖြစ်ရပ်များ တွင် ပြည်သူ့စစ်များကို တရားစွဲဆို ခံရခြင်းမှ ကင်းလွတ်ခွင့် ပေးခဲ့သည်။

ထို့အပြင် နိုင်ငံရေးသမား ၁၀၀ ကျော်ကို ပြည်သူ့စစ်များနှင့် ဆက်သွယ်မှုဖြင့် အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးခဲ့
ပြီး ၎င်းထဲမှ အများစုကို ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment