Pages

Tuesday, October 15, 2013

အင်းလျားကန်ဘောင်အနီး မသင်္ကာဖွယ်အထုပ်နှစ်ထုပ်အား စစ်မြေပြင် အင်ဂျင်နီယာတပ်မှရှင်း လင်းခဲ့ရ

Photo: အင်းလျားကန်ဘောင်အနီး မသင်္ကာဖွယ်အထုပ်နှစ်ထုပ်အား စစ်မြေပြင် အင်ဂျင်နီယာတပ်မှရှင်း
လင်းခဲ့ရ


kolatt(PBDN): October. 15 .2013

 အောက်တိုဘာလ(၁၄) ရက်နေ့ ညနေ (၆)နာရီခွဲ အချိန်တွင် လှိုင်မြို့နယ်၊ တံတားဖြူ မှတ်တိုင် အနီးတွင် ဗုံးဟု ယူဆရသော မသင်္ကာဖွယ်ရာ အထုပ်နှစ်ထုပ်အား တွေ့ရှိခဲ့သဖြင့်၊ စစ်မြေပြင်အင်ဂျင်နီယာတပ်က ရှင်းလင်းခဲ့ရကြောင်း သိရသည်။ 

အဆိုပါ မသင်္ကာဖွယ်ရာ အထုပ်(၂) ထုပ်မှာ သတင်းစာ စက္ကူများဖြင့် စနစ်တကျ လေးထောင့်ပုံစံ ထုပ်ပိုးထားပြီး မှတ်တိုင် ခရီးသည်ထိုင်ခုံဘေးတွင် ချထားခြင်းဖြစ်ကြောင်း လှိုင်မြို့နယ် ရဲစခန်းမှ တာဝန်ကျ တာဝန်မှူးက ဆိုသည်။

 “မသင်္ကာစရာ အထုပ်(၂) ထုပ် တွေ့လို့ အမှတ်(၉၀၅)၊ စစ်မြေပြင် အင်ဂျင်နီယာတပ် ကို အကြောင်းကြားပြီး ရှင်းလင်းခဲ့တာပါ” ဟု အဆိုပါ တာဝန်မှူးက ပြောသည်။ အဆိုပါ မသင်္ကာဖွယ်ရာအထုပ်နှစ်ထုပ်အား စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဗိုလ်မှူးမျိုးဟိန်းစိုးနှင့်အဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ 

ယင်းဖြစ်စဉ်ကြောင့်မိနစ်အနည်းခန့်ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီးသက်ဆိုင်ရာမှလာရောက်ရှင်းလင်းခဲ့သဖြင့်ယာဉ်သွားလာမှု ပုံမှန်အခြေအနေသို့ ပြန်လည်ရောက် ရှိခဲ့သည် ဟု အင်းယား ကန် အနီး တာဝန်ထမ်းဆောင်နေသည့်ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

(မြစ်မခ)::--

RangonNewsDaily:: October. 15 .2013
အောက်တိုဘာလ(၁၄) ရက်နေ့ ညနေ (၆)နာရီခွဲ အချိန်တွင် လှိုင်မြို့နယ်၊ တံတားဖြူ မှတ်တိုင် အနီးတွင် ဗုံးဟု ယူဆရသော မသင်္ကာဖွယ်ရာ အထုပ်နှစ်ထုပ်အား တွေ့ရှိခဲ့သဖြင့်၊ စစ်မြေပြင်အင်ဂျင်နီယာတပ်က ရှင်းလင်းခဲ့ရကြောင်း သိရသည်။ အဆိုပါ မသင်္ကာဖွယ်ရာ အထုပ်(၂) ထုပ်မှာ သတင်းစာ စက္ကူများဖြင့် စနစ်တကျ လေးထောင့်ပုံစံ ထုပ်ပိုးထားပြီး မှတ်တိုင် ခရီးသည်ထိုင်ခုံဘေးတွင် ချထားခြင်းဖြစ်ကြောင်း လှိုင်မြို့နယ် ရဲစခန်းမှ တာဝန်ကျ တာဝန်မှူးက ဆိုသည်။

“မသင်္ကာစရာ အထုပ်(၂) ထုပ် တွေ့လို့ အမှတ်(၉၀၅)၊ စစ်မြေပြင် အင်ဂျင်နီယာတပ် ကို အကြောင်းကြားပြီး ရှင်းလင်းခဲ့တာပါ” ဟု အဆိုပါ တာဝန်မှူးက ပြောသည်။ အဆိုပါ မသင်္ကာဖွယ်ရာအထုပ်နှစ်ထုပ်အား စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဗိုလ်မှူးမျိုးဟိန်းစိုးနှင့်အဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့်မိနစ်အနည်းခန့်ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီးသက်ဆိုင်ရာမှလာရောက်ရှင်းလင်းခဲ့သဖြင့်ယာဉ်သွားလာမှု ပုံမှန်အခြေအနေသို့ ပြန်လည်ရောက် ရှိခဲ့သည် ဟု အင်းယား ကန် အနီး တာဝန်ထမ်းဆောင်နေသည့်ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

(မြစ်မခ)::-- , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment