Pages

Tuesday, October 15, 2013

“ချင်းတွင်းမြစ်အတွင်း ကုန်တင်အမြန်ရေယာဉ် နစ်မြုပ်”

Photo: “ချင်းတွင်းမြစ်အတွင်း ကုန်တင်အမြန်ရေယာဉ် နစ်မြုပ်”
Monday, October 14, 2013 

၂၀၁၃ အောက်တိုဘာ (၁၃)ရက်နေ့ ညနေပိုင်း(၆)နာရီအချိန်ခန့်တွင် မုံရွာမြို့ဆိပ်ကမ်း မှ နမ့်တော သို့ ကုန်ပိသာချိန်(၂)သောင်းခန့် တင်ဆောင်ပြီး ထွက်ခွာလာသည့် ရေယာဉ်မောင်း ဦးမြသိန်း မောင်းနှင်သော သန်းကြွယ်မိုး အမည်ပါရှိသော ကုန်တင်အမြန်ရေယာဉ်သည် ယင်းမာပင်မြို့နယ် လက်ခုပ်ပင်ရွာဆိပ်ကမ်း အနီးတွင် ရေမြုပ် သစ်မျှောတုံးအား တိုက်မိပြီး ရေယာဉ်နောက်ပိုင်းမှ ရေများဝင်ကာနစ်မြုပ်ခဲ့ ခြင်းဖြစ်ကြောင်း ရေကြောင်းညွန်ကြားမှုဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးကပြောပါသည်။

   “ရေမြုပ်ပြီးမျှောပါလာတဲ့ သစ်တုံးတစ်ခုကိုတိုက်မိပြီး နစ်မြုပ်ခဲ့တာပါ။ရေယာဉ်ရဲ့ အမည်ကတော့ နှစ်မျိုးဖြစ်နေပါတယ် တပြည်လုံးရွှေ နဲ့ သန်းကြွယ်မိုး ပါ။ လိုင်စင်မှာ တစ်ကယ်တန်းအမည်ပေါက်တာက တပြည်လုံးရွှေ ပါ။လိုင်စင်မှာလည်းအဲဒီနာမည် ပေါက်ပါတယ်။ယာဉ်မောင်းသူ ဦးမြသိန်း ကိုတော့ လိုင်စင်ရှိ မရှိ စိစစ်နေဆဲပါ။လူ အသေအပျောက်တော့လုံးဝမရှိပါဘူး။ရေယာဉ်ပေါ်ပါ ကုန်ပစ္စည်းတွေရဲ့ ဆုံးရှုံးမှု တန်ဘိုးကတော့ သိန်း(၃၀)၀န်းကျင်ရှိပါတယ်”လို့ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ဆိုပါတယ်။

 အဆိုပါရေယာဉ်နစ်မြုပ်မှုအား ယင်းမာပင်မြို့ မြို့မရဲစခန်းမှ ယာဉ်(ပ)၂၃/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၈၀ ဖြင့် ရဲအုပ် သန်းမြတ်စိုး မှ တရားလိုပြုလုပ်တိုင်တန်း ထားကြောင်းသိရသည်။

The Hot News Weekly.

RangonNewsDaily:: October. 15 .2013

၂၀၁၃ အောက်တိုဘာ (၁၃)ရက်နေ့ ညနေပိုင်း(၆)နာရီအချိန်ခန့်တွင် မုံရွာမြို့ဆိပ်ကမ်း မှ နမ့်တော သို့ ကုန်ပိသာချိန်(၂)သောင်းခန့် တင်ဆောင်ပြီး ထွက်ခွာလာသည့် ရေယာဉ်မောင်း ဦးမြသိန်း မောင်းနှင်သော သန်းကြွယ်မိုး အမည်ပါရှိသော ကုန်တင်အမြန်ရေယာဉ်သည် ယင်းမာပင်မြို့နယ် လက်ခုပ်ပင်ရွာဆိပ်ကမ်း အနီးတွင် ရေမြုပ် သစ်မျှောတုံးအား တိုက်မိပြီး ရေယာဉ်နောက်ပိုင်းမှ ရေများဝင်ကာနစ်မြုပ်ခဲ့ ခြင်းဖြစ်ကြောင်း ရေကြောင်းညွန်ကြားမှုဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးကပြောပါသည်။ “ရေမြုပ်ပြီးမျှောပါလာတဲ့ သစ်တုံးတစ်ခုကိုတိုက်မိပြီး နစ်မြုပ်ခဲ့တာပါ။ရေယာဉ်ရဲ့ အမည်ကတော့ နှစ်မျိုးဖြစ်နေပါတယ် တပြည်လုံးရွှေ နဲ့ သန်းကြွယ်မိုး ပါ။ လိုင်စင်မှာ တစ်ကယ်တန်းအမည်ပေါက်တာက တပြည်လုံးရွှေ ပါ။လိုင်စင်မှာလည်းအဲဒီနာမည် ပေါက်ပါတယ်။ယာဉ်မောင်းသူ ဦးမြသိန်း ကိုတော့ လိုင်စင်ရှိ မရှိ စိစစ်နေဆဲပါ။လူ အသေအပျောက်တော့လုံးဝမရှိပါဘူး။ရေယာဉ်ပေါ်ပါ ကုန်ပစ္စည်းတွေရဲ့ ဆုံးရှုံးမှု တန်ဘိုးကတော့ သိန်း(၃၀)၀န်းကျင်ရှိပါတယ်”လို့ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ဆိုပါတယ်။

အဆိုပါရေယာဉ်နစ်မြုပ်မှုအား ယင်းမာပင်မြို့ မြို့မရဲစခန်းမှ ယာဉ်(ပ)၂၃/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၈၀ ဖြင့် ရဲအုပ် သန်းမြတ်စိုး မှ တရားလိုပြုလုပ်တိုင်တန်း ထားကြောင်းသိရသည်။

The Hot News Weekly. , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment