Pages

Tuesday, October 15, 2013

အာရှ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ခုနစ်ဂိုးပြတ်ဖြင့် နှစ်ပွဲဆက် ရှုံးနိမ့်

RangonNewsDaily:: October. 14 .2013

၂၀၁၃ အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အုပ်စု ဒုတိယပွဲစဉ်တွင် တောင်ကိုရီးယားအသင်းအား ၇-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ခုနစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့သော ပွဲစဉ်နှစ်ပွဲအထိ ရှိလာခဲ့ပြီ ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် အဖွင့်ပွဲတွင် ဂျပန်အသင်းအား ၇-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး ၎င်းတို့၏ ဒုတိယပွဲစဉ်တွင်လည်း အာရှပြိုင်ဘက်များ၏ ကျွမ်းကျင်မှုကို မယှဉ်နိုင်ဘဲ တောင်ကိုရီးယားအသင်းအား ၇-၀ ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

အာရှ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် အိမ်ရှင် တရုတ်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ မြန်မာတို့ စုစုပေါင်းအသင်း ခြောက်သင်းပါဝင်သည်။

အဆိုပါအသင်း ခြောက်သင်းသည် ပတ်လည်စနစ်ဖြင့် ကစားရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် အသင်းမှာ ချန်ပီယံဆု ဖလားရရှိမည် ဖြစ်သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment