Pages

Wednesday, December 26, 2012

Mercedes Benz CLA ကားသစ် ဒီဇိုင်း

Mercedes Benz CLA ကားသစ် ဒီဇိုင်း
Wednesday, 26 December 2012

ဆလွန်းကား သစ် Brand တစ်ခုအနေနဲ့ ဂျာမနီ မာစီဒီးက ထုတ်မယ့်ကား
ဖြစ်ပါတယ်။

A Class ကနေ အသစ်ခွဲထွက်မယ့် ကား ဖြစ်ပါတယ်။ CLA လို့အမည်ပေး ထားပြီး ၂၀၁၄ မော်ဒယ်ကနေသာ ထွက်ရှိစေမှာ ဖြစ်ပါတယ်။ ဆလွန်း subcompact ကား ဖြစ်ပြီး Cadillac တို့လို GM ရဲ့ နာမည်ကြီး ကားတွေကို ယှဉ်ပြိုင်မယ့် အနေအထားမှာ ရှိပါတယ်။ ဈေးနှုန်းကလည်း သက်သက် သာသာနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

အင်ဂျင်ပါဝါ ၁၆၀၀ စီစီ၊ ၂၀၀၀ စီစီ အင်ဂျင်တွေချည်း ဖြစ်ပြီး တာဘို ဒီဇယ် ဗားရှင်းလည်း ပါဝင်အုံးမှာ ဖြစ်ပါတယ်။ တံခါး လေးပေါက် ခေတ်မှီ လှပတဲ့ ဆလွန်း ဖြစ်ပါတယ်။ ထုတ်လုပ်မှုကို ယခု စတင်နေပြီ ဖြစ်ပါတယ်။

ကာလတန်ဖိုအားဖြင့် အမေရိကန်ဒေါ်လာ ၃ သောင်း ဝန်းကျင်နဲ့သာ ရောင်း ချမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: autoblog
Photo courtesy of autoblog. All Rights Reserved.
ColayOnline:Automobile
ဆလွန်းကား သစ် Brand တစ်ခုအနေနဲ့ ဂျာမနီ မာစီဒီးက ထုတ် မယ့် ကား ဖြစ်ပါတယ်။A Class ကနေ အသစ်ခွဲထွက်မယ့် ကား ဖြစ်ပါတယ်။ CLA လို့အမည်ပေး ထားပြီး ၂၀၁၄ မော်ဒယ်ကနေသာ ထွက်ရှိစေ မှာ ဖြစ်ပါတယ်။ ဆလွန်း subcompact ကား ဖြစ်ပြီး Cadillac တို့လို GM ရဲ့ နာမည်ကြီး ကားတွေကိုယှဉ်ပြိုင်မယ့် အနေအထားမှာ ရှိပါ တယ်။ ဈေးနှုန်းကလည်း သက်သက်သာသာနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံတွင် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် မီးသတ်သမား နှစ်ဦး သေဆုံး နှစ်ဦး ဒဏ်ရာရ

အမေရိကန် နိုင်ငံတွင် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် မီးသတ်သမား နှစ်ဦး သေဆုံး နှစ်ဦး ဒဏ်ရာရ
Wednesday, 26 December 2012

အမေရိကန် နိုင်ငံ နယူးယောက် ပြည်နယ် အတွင်းရှိ မြို့ငယ် တစ်ခုတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ
နေရာတွင် သေနတ်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် မီးသတ်
သမားနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင် များက ပြောကြားခဲ့သည်။

အဆိုပါ မီးသတ်သမား များသည် မီးလောင်မှု ဖြစ်ပွားရာ မြို့ငယ်
တစ်ခု ဖြစ်သော ဝက်ဘ်စတား မြို့သို့ မီးငြှိမ်းသတ်ရန် သွားရောက်စဉ်
သေနတ် သမား တစ်ဦး၏ ရုတ်တရက် တိုက်ခိုက်မှုကို ခံရခြင်း ဖြစ်ကြောင်း ဝက်ဘ်စတား ရဲတပ်ဖွဲ့ အကြီးအကဲ ဂျရတ် ပစ်ကာရင်းက ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့နောက်တွင် အခင်း ဖြစ်ပွားရာ နေရာသို့ ဝက်ဘ်စတား ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦး ရောက်ရှိ လာပြီးနောက် သေနတ်သမား တစ်ဦးနှင့် အပြန်အလှန် ပစ်ခတ် ခဲ့ကြရာ သေနတ်သမားမှာ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့ ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သိရသည်။ 

မြ၀တီ
အမေရိကန် နိုင်ငံ နယူးယောက် ပြည်နယ်အတွင်းရှိ မြို့ငယ် တစ်ခုတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ် ပွားခဲ့ရာနေ ရာတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် မီးသတ် သမားနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင် များက ပြောကြားခဲ့သည်။

ပါကင်မှာ အဆင်ပြေမည့်ကားမျိုး ဂျပန်ကျောင်းသားတို့တီထွင်

ပါကင်မှာ အဆင်ပြေမည့်ကားမျိုး ဂျပန်ကျောင်းသားတို့တီထွင်
Wednesday, 26 December 2012

ဂျပန် ဟီရိုချီးမား တက္ကသိုလ်က အင်ဂျင်နေယာ ကျောင်းသားများ ဖန်တီးတဲ့ ကား ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဆိုတာ အများစု သိထားတဲ့အတိုင်း လမ်းကျဉ်း၊ အိမ်ကျဉ်း တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် အရွယ်ကြီးကြီး၊ ခါးရှည်ရှည်ကား ဆို တော် ရုံလူ ဝယ်မစီး ပါဘူး။ အကွေ့မှာ ခက်ခဲသလို၊ ပါကင်ထိုးဖို့ဆို စဉ်းစားလို့ကို မရတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါကို ဖြေရှင်း ဖို့ ဈေးသက်သာ ကား တစ်မျိုးကို ဂျပန်ကျောင်းသားတို့ စမ်းသပ် တီထွင် ထားပါတယ်။

တစ်နာရီ ၅၀ ကီလိုမီတာ သာ မောင်းနှင်နိုင်သေးတဲ့ အစမ်းမော်ဒယ် ဖြစ် ပါတယ်။ လျှပ်စစ်ဓာတ်အားကို အသုံးပြုတဲ့ သုံးဘီးကား ဖြစ်ပါတယ်။ ပတ် ပတ်လည်ကို လေအိတ်တွေချည်းနဲ့သာ ဖုံးအုပ် ထားပြီး တစ်ခုခုကို တိုက်တော့မယ်ဆို အလိုအလျောက် ရပ်ပါတယ်။ ဒီအတွက် ကြားမှ အရှိန် ယူစဉ် ပတ်ပတ်လည် လေအိတ်က အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဒီတော့ လူကို ဝင်တိုက်ရင်တောင် လေအိတ်က အလုပ်လုပ်တဲ့အတွက် ဘာမှ မထိ ခိုက်ပါဘူး။

ပါကင်ထိုးမယ်ဆိုရင်လည်း လေအိတ်တွေချည်းနဲ့သာ ပွတ်တိုက်ရမှာ ဖြစ်တဲ့ အတွက် အဆင်ပြေသလို တောင် ပါကင်ထိုးနိုင်ပါတယ်။ ယင်းကားကို iSAVE-SC1 လို့ အမည်ပေးထားပါတယ်။ အောက်ပါ ဗီဒီယိုကို လေ့လာဖို့ ကား ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို မြင်တွေ့ နိုင်ပါတယ်။

http://youtu.be/WO0QKXb8lq8

http://www.colayonline.com.mm/automobile

ColayOnline:Automobile
ဂျပန်ဟီရိုချီးမား တက္ကသိုလ်က အင်ဂျင်နေယာ ကျောင်းသားများ ဖန်တီးတဲ့ကား ဖြစ်ပါတယ်။ဂျပန်နိုင်ငံဆိုတာ အများစုသိထားတဲ့ အတိုင်းလမ်းကျဉ်း၊ အိမ်ကျဉ်းတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် အရွယ် ကြီးကြီး၊ ခါးရှည်ရှည်ကားဆို တော် ရုံလူဝယ်မစီးပါဘူး။ အကွေ့မှာ ခက်ခဲသလို၊ ပါကင်ထိုးဖို့ဆို စဉ်းစားလို့ကို မရတဲ့ အခြေအနေ တစ်ခုဖြစ် ပါတယ်။

တရုတ် နိုင်ငံတွင် ကလေးမှောင်ခို ဂိုဏ်းတစ်ခု နှိမ်နင်း

တရုတ် နိုင်ငံတွင် ကလေးမှောင်ခို ဂိုဏ်းတစ်ခု နှိမ်နင်း

တရုတ် နိုင်ငံမှ ရဲတပ်ဖွဲ့သည် ကလေးမှောင်ခို ကွန်ရက် တစ်ခုကို တိုက်ခိုက် နှိမ်နင်းပြီးနောက် သံသယ ရှိသူ ၃၅၅ ဦးကို ဖမ်းဆီး၍ ကလေး ၈၉ ဦးကို ကယ်တင် နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဖူကျန့်၊ ယူနန်၊ စီချွမ်၊ အန်ဟွေးနှင့် ကွမ်တုံ အပါအဝင် ဒေသ ကိုးခုမှ ရဲအရာရှိ များသည် ကလေးမှောင်ခို ဂိုဏ်းကို ဖြိုခွင်းရန် အတွက် ပူးပေါင်း စစ်ဆင်ရေး တစ်ခုကို ဒီဇင်ဘာ ၁၈ ရက်တွင် စတင်လုပ်ဆောင် ခဲ့ကြ ကြောင်း ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန လူမှောင်ခို ဆန့်ကျင် တိုက်ဖျက်ရေး ရုံးမှ ညွှန်ကြားရေး မှူး ချန်ရှီကူ က ပြောကြား ခဲ့သည်။

လူမှောင်ခို ဂိုဏ်းမှ ကယ်တင် နိုင်ခဲ့သည့် ကလေးသူငယ် များကို ဒေသတွင်း ရှိ ပြုစု စောင့်ရှောက်ရေး ဌာန များတွင် ပြုစု စောင့်ရှောက်လျက် ရှိပြီး ၎င်း တို့၏ မိဘများကို ရဲတပ်ဖွဲ့ဝင် များက ရှာဖွေလျက် ရှိကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကလေးငယ် များ၏ DNA စစ်ဆေးချက် များကို စုဆောင်း၍ ၎င်း DNA စစ်ဆေးချက် များကို အမျိုးသား DNA စစ်ဆေးရေး ဌာန၏ ကွန်ပျူတာ အချက်အလက် များအတွင်း ထည့်သွင်း၍ ကလေးများ၏ မိဘများကို ရှာဖွေ ရာတွင် အသုံးပြုမည် ဖြစ်ကြောင်း ချန်၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာသတင်း ဌာနက ပြောကြားခဲ့ သည်။ 

ယူနန်ကဲ့သို့ ဆင်းရဲသော ပြည်နယ်များတွင် ကျန်းမာသော နို့စို့အရွယ် ယောက်ျားလေး တစ်ဦးကို  ယွမ်ငွေ ၃ဝဝဝဝ (အမေ ရိကန်ဒေါ်လာ၄၈၁ဝ)ဖြင့် ပေးဝယ်၍  ဖူကျန့်နှင့်  ဂွမ်ဒေါင်းပြည်နယ်ကဲ့သို့ ကြွယ်ဝ ချမ်းသာသော ပြည်နယ်များသို့ ယွမ်ငွေ ၇ဝဝဝဝ မှ ၉ဝဝဝဝ ဖြင့် ရောင်းချနိုင်ကြောင်း၊ လူကုန်ကူး မှုသည် အကျိုးအမြတ် များသောကြောင့် လူကုန်ကူးမှု လုပ်ငန်း ကြီးထွားလျက် ရှိသည်ဟု ဖူကျန့်ပြည်နယ် တရား ဥပဒေ စိုးမိုးရေး အဆင့်မြင့် အရာရှိ ဝမ်ဆီဇန်က ပြောကြားထားသည်။

http://www.myawady.net.mm/allnews/global/item/2805-2012-12-26-09-58-27
တရုတ် နိုင်ငံမှ ရဲတပ်ဖွဲ့သည် ကလေးမှောင်ခို ကွန်ရက်တစ်ခုကို တိုက်ခိုက် နှိမ်နင်းပြီးနောက် သံသယ ရှိသူ ၃၅၅ ဦးကို ဖမ်းဆီး၍ ကလေး ၈၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

Open Society Foundation တည်ထောင်သူ ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ရန်ကုန်၌ တွေ့ဆုံမည်

Photo: Open Society Foundation တည်ထောင်သူ ဘီလျံနာသူဌေး
ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ရန်ကုန်၌ တွေ့ဆုံမည်  
Wednesday, 26 December 2012

ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်၌ 
ရန်ကုန်မြို့ Chatrium Hotel တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်
ကျောင်းသားများအဖွဲ့မှ သတင်းရရှိပါသည်။

ယခုတွေ့ဆုံမှုကို ဂျော့ဆိုးရော့စ်၏ Open Society Foundation မှ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး သုံးဦးလက်ခံတွေ့ဆုံသွားမည်ဖြစ်ကာ မည်သည့်အကြောင်းအရာကို ဆွေးနွေးသွားမည်ဆိုသည်နှင့် မည်သူတို့ သွားရောက်တွေ့ဆုံမည်ကို မဆုံးဖြတ်ရသေးကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီက ပြောကြားခဲ့သည်။

ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် မိသားစုဝင်များသည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်အထိ လာရောက်လည်ပတ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ သမ္မတအကြံပေးများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည်
တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့ရေးလုပ်ငန်းများ တရားဝင်အခြေစိုက် ထူထောင်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ဂျော့ဆိုးရော့စ်၏ Open Society Foundation မှ မြန်မာပရောဂျက်သည် ၁၉၉၄ ခုနှစ်က စတင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း အခြေအနေများကို
နိုင်ငံတကာမှ သိရှိနားလည်မှု ပိုမိုလာရန်နှင့် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လူငယ်များအား ကူညီထောက်ပံ့ရန် ဆောင်ရွက်ခဲ့သည်။

Open Society Foundation သည် နိုင်ငံပေါင်း ၇၀ ကျော်တွင် တရားမျှတမှု၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်
တို့အတွက် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဂျော့ဆိုးရော့စ်
အနေဖြင့် ၁၉၇၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ယင်းကဏ္ဍများအတွက် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှလည်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ
အနှံ့အပြားသို့ သွားရောက်ဟောပြောမှုများ ပြုလုပ်ခြင်း၊ ငွေကြေး
လှူဒါန်းခြင်းများ ပြုလုပ်နေသည်။

Eleven Media Group
ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်၌ရန်ကုန်မြို့ Chatrium Hotel တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ သတင်းရရှိပါသည်။

နေပြည်တော် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် အစိမ်းရောင် လွင်ပြင် စကိတ် အားကစားကွင်း ဖွင့်လှစ်

နေပြည်တော် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် အစိမ်းရောင် လွင်ပြင် စကိတ် အားကစားကွင်း ဖွင့်လှစ်

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီ (၂)လမ်း၌ အစိမ်းရောင် လွင်ပြင် အမည်ရှိ စကိတ်စီး ကွင်းကို ဒီဇင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့ရာ ပျဉ်းမနား မြို့ပေါ်မှ လူငယ် လူရွယ် အများအပြား လာရောက်၍ ပျော်ရွှင်စွာ စကိတ်စီးလျက် ရှိကြောင်း သိရသည်။

အဆိုပါ အစိမ်းရောင် လွင်ပြင်စကိတ် အားကစား ကွင်းသည် ပေ(၆ဝx၁ဝဝ) အကျယ်အဝန်း ရှိကာ တစ်ချိန် တည်း၌ စကိတ်စီး လူငယ်လူရွယ် ၆ဝ ခန့် တစ်ပြိုင်နက်တည်း ကျယ်ကျယ်ပြန့်ပြန့် စီးနင်း ကစားနိုင်ပြီး  စကိတ် အားကစား ကွင်း၌ လေးဘီးစကိတ်၊ လေးဘီး အတန်းလိုက် စကိတ်၊ ကုတ်စကိတ်နှင့် စကိတ်စီး ဖိနပ် အရန် (၂ဝဝ)ကျော်ခန့် ထားရှိသည်။

ထို့ပြင် ယခုမှ စတင် စကိတ်စီး သူများအတွက် ဒူးကာနှင့် ဦးထုပ်များလည်း အဆင်သင့် ထားရှိကြောင်း၊ စကိတ်လာရောက် စီးသူများ အတွက် ဆိုင်ကယ်၊ ကား၊ စက်ဘီးနှင့် ဖိနပ် စသည်တို့ ပျောက်ဆုံးမှု မရှိအောင် လုံခြုံရေး စီမံချက်များ ထားရှိကြောင်းလည်း သိရသည်။

''ကျွန်တော်တို့က ကလေးတွေ အားကစားနဲ့ ကျန်းမာရေး အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။  ခုခေတ် ကလေးတွေက  အင်တာနက်ထိုင်၊ တီဗွီဂိမ်း နှိပ်နဲ့ တစ်နေကုန် အညောင်း အညာတွေ များနေ တာကြောင့် ကျန်းမာရေးလည်း အထောက် အကူပြု၊ ပျော်ရွှင် စရာလည်း ဖြစ်စေချင်လို့ ဒီလို စကိတ်ကွင်း စီစဉ် ခဲ့ရခြင်းပါ''ဟု ကွင်းပိုင်ရှင်မှ ပြော ကြားကြောင်း သိရသည်။

http://www.myawady.net.mm/allnews/localnews/item/2772-2012-12-26-08-37-35
နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီ (၂)လမ်း၌ အစိမ်းရောင် လွင်ပြင်အမည်ရှိ စကိတ်စီးကွင်းကို ဒီဇင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့ရာ ပျဉ်းမနားမြို့ပေါ်မှ လူငယ်လူရွယ် အများအပြား လာရောက်၍ ပျော်ရွှင်စွာစကိတ်စီးလျက် ရှိကြောင်းသိရသည်။

ဆီးရီးယားတွင် ပေါင်မုန့်ဝယ်ရန် တန်းစီနေသည့် လူတန်းကြီးအား လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူ ၂၀၀ ခန့်သေဆုံး

ဆီးရီးယားတွင် ပေါင်မုန့်ဝယ်ရန် တန်းစီနေသည့် လူတန်းကြီးအား
လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူ ၂၀၀ ခန့်သေဆုံး  
Wednesday, 26 December 2012

ဒီဇင်ဘာလ ၂၂ ရက်နေ့က ဆီးရီးယားနိုင်ငံတွင် ပေါင်မုန့်ရောင်းနေသည်ကို တန်းစီနေသည့် လူတန်းကြီးအား လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀၀ ခန့်သေဆုံးပြီး ဆီးရီးယားနိုင်ငံတွင်လေကြောင်း
တိုက်ခိုက်မှုကြောင့် အသေအပျောက်အများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။

ဗီဒီယိုပြကွက်များတွင် အပျက်အစီးပုံများနှင့်အတူ သွေးစွန်းနေသော အလောင်းများစွာတို့ လမ်းပေါ်၌ စုပုံနေသည်ကို တွေ့မြင်ရသည်။ အလောင်းများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များစွာတို့ ပါဝင်သည်။ ဟောဖာယာမြို့ရှိ ပေါင်မုန့်ဆိုင်တစ်ခုအား ဆီးရီးယား
စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူပေါင်းရာနှင့်ချီလျက် ဒဏ်ရာရရှိခဲ့သည်။

နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ယခုနှစ်ဆန်းက မုန့်ဆိုင်များအား တိုက်ခိုက်မှုတို့ကို အပြစ်တင်ခဲ့ဖူးပြီး ဆီးရီးယားစစ်တပ်သည် သူပုန်တို့၏ နေရာအတိအကျကို တွက်ချက်
နိုင်ခြင်းမရှိဟု ဆိုသည်။

၂၁ လကြာခဲ့ပြီဖြစ်သည့် ပြည်တွင်းစစ်အတွင်း လွန်ခဲ့သည့်သီတင်းပတ်
ကမှ ဟောဖာယာမြို့ကို သူပုန်များက သိမ်းယူခဲ့ခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ယင်းပေါင်မုန့်ဆိုင်၌ လူပေါင်း ၁,၀၀၀ ကျော် တန်းစီနေကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံတစ်ဝန်းတွင်
လောင်စာဆီနှင့် ဂျူံမုန့်ရှားပါးမှုကြောင့် ပေါင်မုန့်ထုတ်လုပ်ရေးမှာ အဟန့်အတားဖြစ်လျက်ရှိပြီး လူများသည် ပေါင်မုန့်ဝယ်ရန်အတွက် နာရီပေါင်းများစွာ တန်းစီရကြောင်း သိရသည်။

Ref: Daily Mail
Eleven Media Group
ဒီဇင်ဘာလ ၂၂ ရက်နေ့က ဆီးရီးယားနိုင်ငံတွင် ပေါင်မုန့် ရောင်းနေ သည်ကို တန်းစီနေသည့် လူတန်းကြီးအား လေကြောင်းမှ တိုက်ခိုက် မှုကြောင့် လူပေါင်း ၂၀၀ ခန့်သေဆုံးပြီး ဆီးရီးယားနိုင်ငံ တွင်လေကြောင်း တိုက်ခိုက်မှုကြောင့် အသေအပျောက် အများ ဆုံး ဖြစ်ရပ် တစ်ခု ဖြစ်ခဲ့သည်။

မူးယစ်ရာဇာ နော်ခမ်းသေဒဏ် အယူခံပယ်ချ

မူးယစ်ရာဇာ နော်ခမ်းနဲ့ သူ့ဂိုဏ်းဝင်တွေကို တရုတ်က သေဒဏ်အပြစ်ပေးထားတဲ့အပေါ် အယူခံဝင်တာကို တရုတ်အထက်တရားရုံးကနေပယ်ချလိုက်ပါပြီ။တရားရုံးရဲ့သေဒဏ်စီရင်ဆုံးဖြတ်ချက်ဟာ မှန်ကန်မျှတမှုရှိ
တယ်လို့တရုတ်အထက်တရားရုံးကနေဆုံးဖြတ်ခဲ့ပါတယ်။ ဒီအကြောင်းရိုက်တာသတင်းက ရေးသားပေးပို့
ချက်ကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ ထင်ရှားရသည့်အကြောင်းရင်းများ (ဗဟုသုတရစေပါတယ်)

ဒီတခါတော့ဖတ်ဖူးထားတဲ့မြန်မာပြည်ထူးထူးဆန်းဆန်းတွေ

သရော်ထားတဲ့အကြောင်းလေးတင်ပေးလိုက်ပါတယ် 

အားလုံးပျော်ရွှင်ကြည်နူး ၍ ပြုံးပျော်နိုင်ကြပါစေ...

ထူးဆန်းထွေလာပြည်မြန်မာ
================

(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော် ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။

(၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ် ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။

(၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို မြန်မာနိုင်ငံမှ စတင် တီထွင်ကာ ရောင်းချခဲ့သည်။

(၄)သတင်းစာကို နောက်ဆုံး မှ လှန်ဖတ်သော ဓလေ့စရိုက် သည် မြန်မာနိုင်ငံတွင်သာရှိသည်။

(၅)ကမ္ဘာပေါ်တွင် ဆောင်ပုဒ် အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။

(၆) ခြင်တောင်လှန်၍ သန်းခေါင်စာရင်းစစ်သောအလေ့အထသည်
ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌သာရှိသည်။

(၇) ကမ္ဘာပေါ်တွင် ၀ါးတားဂိတ် (၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိတ်)
အများဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်သည်။

(၈) လေအေးစက်တပ်ထားသောအခန်းများတွင်
နောက်မှီကုလားထိုင်ပေါ်ထိုင်၍ တောင်းစားသောသူတောင်းစားများမှာ
မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။

(၉) နောက်ဖေးလမ်းကြားထဲသို့ တိုက်ပေါ်မှအမှိုက်ပစ်ချသော
အမှိုက်စွန့် စံနစ်သည် မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။

(၁၀) ဒီမိုကရေစီပါလီမန်ဟုဆိုသော လွတ်တော်ထဲတွင် (၂၅%) သော
စစ်ယူနီဖေါင်းဝတ်ထားသူများ မျက်နှာမာများနှင့် မျက်နှာပြောင်တိုက်
ထိုင်နေသော ဒီမိုကရေစီလွှတ်တော်သည် ကမ္ဘာ့ပထမဆုံးသော
ဒီမိုကရေစီလွှတ်တော်ဖြစ်သည်။

(၁၁) အိမ်သာများတွင် နိုင်ငံခြားသားအတွက်သီးသန့် 
(Foreigner Only)ဟုခွဲခြားသောဆိုင်းဘုတ်များသည်
မြန်မာတနိုင်ငံတည်းတွင်သာရှိသည်။

(၁၂) မြို့ လည်ခေါင်တွင် ခရီးသည်တင်ကားများကို လက်တား၍
ပိုက်ဆံတောင်းသော ဓါးပြများကိုမဖမ်းပဲခွင့်ပြုထားသောတိုင်းပြည်သည်
မြန်မာပြည်ဖြစ်သည်။

(၁၃) ကမ္ဘာပေါ်တွင် မီးအားမြှင့်စက်အရောင်းရဆုံးတိုင်းပြည်မှာမြန်မာပြည်ဖြစ်သည်။

(၁၄) ကမ္ဘာပေါ်တွင်အင်တာနက်အနှေးဆုံးနှင့် Overseas PhoneCall ဈေးအကြီးဆုံးမှာ မြန်ပြည်ဖြစ်သည်။

(၁၅) ဈေးဝယ်ပြီး ငွေအကြွေ မအမ်းနိုင်၍ပစ္စည်းနှင့်လဲလှယ်သော
စနစ်သည်ကမ္ဘာပေါ်တွင် မြန်မာပြည်၌သာရှိသည်။

(16) ????

(၁၇) အာဏာရူးလောဘရူးများကို တရိုတသေဖြင့် "အဘ" ဟုခေါ်
ရသော ကမ္ဘာ့အယဉ်အကျေးဆုံးတိုင်းပြည်သည် မြန်မာပြည်ဖြစ်သည်။

(၁၈) "လာဘ်ပေးရန်မလို" (လာဘ်ပေးလျှင် ရန်မလို)
"လာဘ်ပေး ရန်မလို"ဟူသော အဓိပ္ပါယ်ရသည့်ဆိုင်းဘုတ်များကို
ရုံးဌာနများတွင် ပြောင်ပြောင်တင်းတင်းကပ်ထားသည့် ကမ္ဘာတွင်
တခုတည်းသောတိုင်းပြည်ဖြစ်သည်။

(၁၉) ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပိုင်ရှင်ရှိနေသည့်
ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်နေသောတိုင်းပြည်ဖြစ်သည်။

(၂၀) ဖိနပ်များကိုသဲကြိုးပြန်တပ်၍ စီးခြင်း၊ တခါသုံးဓါတ်ငွေ့ 
မီးခြစ်များကိုဓါတ်ငွေ့ နှင့်မီးခြစ်ကျောက်များပြန်ထည့်၍
အသုံးပြုသောစံနစ်တို့ အား မြန်မာနိုင်ငံမှ စတင်ခဲ့သည်။

(၂၁) အကြော်များအား တာရှည်ခံရန်အတွက် ပလတ်စတစ်
ကြွတ်ကြွတ်အိတ်များအား အကြော်ဆီအိုးထဲတွင်ထည့်ကြော်
သော နည်းစံနစ်ကို မကြောက်မလန့် - မြန်မာနိုင်ငံတွင် ပထမဆုံး
တည်ထွင်ကြံဆ အသုံးချခဲ့သည်။

(၂၂) တတိုင်းပြည်လုံးနီးနီးမှောင်နေသော်လည်း လျှပ်စစ်ဓါတ်အားများ
ပိုလျှံနေ၍ နိုင်ငံခြားသို့ တင်ပို့ ရောင်းချနေသည့် ထူးခြားသော
တိုင်းပြည်ဖြစ်သည်။

(၂၃) တိုင်းပြည်တွင် ရေနံ နှင့် သဘာဝဓါတ်ငွေတို့ အလျှံပယ်
ထွက်ရှိနေသော်လည်း နိုင်ငံခြားမှ ဒီဇယ်ဆီဝယ်သုံးနေသည့်
အလွန်ချမ်းသာသောတိုင်းပြည်ဖြစ်သည်။
(မှတ်ချက်။ ဒီဇယ်ဆီကို အန္ဒိယမှဝယ်ပါသည်)

(၂၄) ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့်
အာဏာရသွားသော အစိုးရအုပ်ချုပ်သည့် ကမ္ဘာပေါ်တွင်
တစ်ခုတည်းသော ဒီမိုကရေစီတိုင်းပြည်။

(၂၅) လက်မူ့ လယ်ယာမှစက်မူ့ လယ်ယာသို့ဟုကြွေးကြော်ကာ
ဘိုးဘွားပိုင်ဓါးမဦးချလယ်ယာမြေများကို ခရိုနီများနှင့်အာဏာပိုင်များ
ပေါင်းကာ သိမ်းယူ၍ စက်မူလယ်ယာစံနစ်ကိုအကောင်အထည်ဖေါ်
သော ထူးခြားသည့်နိုင်ငံဖြစ်သည်။

(၂၆) နိုင်ငံအတွင်း ဆင်းရဲမှူ့ ပပျောက်ရေးဟု ကြွေးကြော်ပြီး အခြေခံလူတန်းစားများ နေထိုင်ပိုင်ဆိုင်သော အိမ်ယာမြေများကို
ဥပဒေအသစ် ပုဒ်မအသစ်များတပ်၍ သိမ်းယူကာ ဆင်းရဲမူ
ပပျောက်အောင် ဖေါ်ဆောင်သောစံနစ်သည် ကမ္ဘာပေါ်တွင်
မြန်မာတနိုင်ငံတည်း၌သာရှိသည်။

(၂၇) ကုန်း/ရေ နှစ်မျိုးသွား (Amphibian) လူစီးဘတ်စ်ကား
များအားကမ္ဘာပေါ်၌ မြန်မာနိုင်ငံတွင်ပထမဆုံးအသုံးပြုနိုင်ခဲ့သည်။

(၂၈) " မြေကြီးက ရွှေသီးလို့ ပြည်ဝမ်းဝနေဆိုတဲ့" သီချင်းအား
ရုပ်မြင်သံကြားတွင် သတိယတိုင်းလွှင့်နေပြီး ပညာတတ်များနှင့်
အရွယ်ရောက်သူ (၅) သန်း ကမ္ဘာပတ် ကျွန်ခံနေရသောတိုင်းပြည်
ဖြစ်သည်။

(၂၉) မြန်မာနိုင်ငံသည်လျှပ်စစ်မီးသီးကိုတီထွင်ခဲ့သော
အမေရိကန်နိုင်ငံသား သောမတ်စ်အက်ဒီဆင်အား
ဂုဏ်ပြုဆုံးသောတိုင်းပြည်အဖြစ် မှတ်တမ်းတင်ထားခြင်းခံရသည်။
(အက်ဒီဆင်အားဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့ တွင်
အမေရိကန်နိုင်ငံ၌ လျှပ်စ်မီးကိုငါးမီးနစ်တိတိ ဖြတ်တောက်ထား
ခဲ့ဖူးပါသည်)။

(၃၀) ငွေမပေးနိုင်လျှင်အကူအညီမပေးသော၊ ဘာတစ်ခုမှစေတနာဖြင့်
ကူညီဖေါ်မရသောသူများက "ကူညီပါရစေ" ဆိုင်းဘုတ်အား မူပိုင် ယူထားသည်မှာလည်း မြန်မာနိုင်ငံတခုတွင်သာရှိပါသည် ။

(၃၁) (၂၁) ရာစုတွင် ကျောင်းသားများအားတန်းစီ၍
(ဘယ်ပြန်ညာပြန် ဒုတိယကမ္ဘာစစ်က ဖက်ဆစ်ဂျပန်စတိုင်) ပါးရိုက်
သော ဆရာမမျိုးသည်လည်းကမ္ဘာတွင် မြန်မာနိုင်ငံမှ ပထမဆုံး
ပေါ်ထွန်းခဲ့သည်။ (မှတ်ချက်။ ရန်ကုန် TTC ကျောင်းဆရာမ)

(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော် ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။

(၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ် ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။

Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်ထဲ အသုံးပြုနည်း

Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်ထဲ အသုံးပြုနည်း
**********************************************
ဒီနည်းလေးက လွယ်ပါတယ်....ကျွန်တော်လည်းအစကမသိပါဘူး......

တစ်ပြိုင်ထဲ facebook အကောင့်နှစ်ခုဖွင့်ထားချင်သူတွေအတွက် 

အဆင်ပြေပါတယ်

Firefox Browser အတွက်ကိုတော့ Extension လေးတစ်ခုကို Browser 

မှာ Add ပေးရမှာပါ....ဒီလင့်လေးကိုအရင်သွားလိုက်ပါခင်ဗျာ >>> 

http://br.mozdev.org/multifox/

Install Multifox ကို နှိပ်ပါ လမ်းညွှန်တဲ့အတိုင်း Install ပေးလိုက်ပါခင်ဗျာ

ပြီးရင် Firefox Browser ကို Restart ချပေးလိုက်ပါ 

ကီးဘုတ်က Ctrl + Alt + M ကိုနှိပ်ပြီး Facebook နှစ်ခု သုံးခု Gmail နှစ်ခု 

သုံးခုကို Browser တစ်ခုထဲမှာ Login ဝင်နိုင်ပါပြီခင်ဗျာ....

Chrome Browser မှာတော့ မည်သည့် Extension မှ 

ထည့်ပေးစရာမလိုပါဘူး ကီးဘုတ်က Ctrl + Shift + N 

ကိုနှိပ်လိုက်ပြီး Log in ၀င်လို့ရပါပြီ......

ITgroup

______________________________________________
light@LHM


Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်ထဲ အသုံးပြုနည်း
လေးပါတစ်ပြိုင်ထဲ facebook အကောင့်နှစ်ခုဖွင့်ထားချင်သူတွေအတွက် အဆင်ပြေမှာပါ။

မြေငလျှင်သတင်း (EQRTHQUAKE Breaking News:)

EQRTHQUAKE Breaking News:
ယနေ့ည ၈ နာရီ၊ ၂၉ မိနစ်၊ ၄၆ စက္ကန့်အချိန်တွင် ရွှေဘိုမြို့အနီး ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း U.S. Geological Survey က ဖော်ပြသည်။ 
အဆိုပါငလျင်သည် ရွှေဘိုမြို့နှင့် ၂၂ မိုင်အကွာ၊ မိုးကုတ်မြို့နှင့် ၃၆ မိုင်အကွာ၊ မန္တလေးမြို့နှသင့် ၅၇ မိုင်အကွာ၊ ပြင်ဦးလွင်မြို့နှင့် ၆၂ မိုင်အကွာ၊ နေပြည်တော်နှင့် ၂၁၀ မိုင်အကွာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။Planet Myanmar Network

ယနေ့ည ၈ နာရီ၊ ၂၉ မိနစ်၊ ၄၆ စက္ကန့်အချိန်တွင် ရွှေဘိုမြို့အနီး ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း U.S. Geological Survey က ဖော်ပြသည်။ အဆိုပါငလျင်သည်

မလေးရှားနိုင်ငံ အရှေ့ပိုင်း မိုးသည်းထန်စွာ ရွာသွန်းပြီးရေကြီးမှုဖြစ်ပွားနေ

မလေးရှား အရှေ့ပိုင်း ရေကြီး 
Wednesday, 26 December 2012

မလေးရှားနိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက်
ရေလွှမ်းမိုးမှုတွေဖြစ်ပွားခဲ့လို့ လူပေါင်း ၁၃၀၀၀ ကျော်ကို အရေးပေါ်
ကယ်ဆယ်ခဲ့ရပါတယ်။ မုတ်သုန်မိုးကြောင့် မြေနိမ့်ပိုင်းဒေသတွေမှာ အိမ်တွေနဲ့ မော်တော်ယာဉ်တွေ ရေနစ်မြုပ်ခဲ့ရပြီးတဲ့နောက် အရှေ့ပိုင်း ပြည်နယ် အများအပြားမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

အခုဆိုရင် ရေလွှမ်းမိုးမှု ဆိုးဆိုးရွားရွား ပြင်းထန်စွာ ခံလိုက်ရတဲ့
ဒေသတွေမှာ အရေးပေါ်ကယ်ဆယ်ရေး ဒုက္ခသည်စခန်းတွေကို အာဏာပိုင်တွေက ဖွင့်လှစ်ထားပါတယ်။ အခြေအနေဟာ ပိုပြီးတော့မှ ဆိုးဝါးလာနိုင်ခြေရှိတယ်လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။ အရှေ့ဘက်ကမ်းရိုးတန်းဒေသမှာ မုတ်သုန်ရာသီဟာဖေဖော်ဝါရီလ
အထိဖြစ်ပါတယ်။ 

ဗွီအိုအေ

မလေးရှားနိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ရေလွှမ်းမိုးမှုတွေဖြစ်ပွားခဲ့လို့ လူပေါင်
၁၃၀၀၀ ကျော်ကို အရေးပေါ်ကယ်ဆယ်ခဲ့ရပါတယ်။ မုတ်သုန်မိုးကြောင့် မြေနိမ့်ပိုင်းဒေသတွေမှာ အိမ်တွေ
နဲ့ မော်တော်ယာဉ်တွေ ရေနစ်မြုပ်ခဲ့ရပြီးတဲ့နောက် အရှေ့ပိုင်း ပြည်နယ် အများအပြားမှာ ကူညီကယ်ဆယ်
ရေးတွေ လုပ်ဆောင်နေပါတယ်။