Pages

Wednesday, December 26, 2012

၂၀၁၃ ခုနှစ် ဧပြီလတွင် ကမ္ဘာ့အဆင့် သင်္ချာပြိုင်ပွဲ ကျင်းပပြုလုပ် သွားမည်

T & H After School Maths For Kids မှ မြန်မာပြည် ကိုယ်စားလှယ် အဖြစ် ဦးစီးပြီး အမေရိကန် နိုင်ငံမှ ကြီး
မှူး ကျင်းပမယ့် ကမ္ဘာ့အဆင့် သင်္ချာ ပြိုင်ပွဲကြီးကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ MICT Park မှာ ကျင်းပ
ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပွဲနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ကိုတော့ ဒီဇင်
ဘာလ ၂၃ ရက်နေ့က မြရိပ်ညို ရွိုင်ရယ် ဟိုတယ်မှာ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။နှစ်စဉ် ကျင်းပ ပြုလုပ်တဲ့ ကမ္ဘာ့အဆင့် သင်္ချာပြိုင်ပွဲများမှာကမ္ဘာတစ်ဝှမ်းမှ မူလတန်းနဲ့ အလယ်တန်း အဆင့်
ကျောင်းသား၊ ကျောင်းသူပေါင်း နှစ်သိန်း နီးပါး နှစ်စဉ် ၀င်ရောက် ယှဉ်ပြိုင် နေတာ ဖြစ်ပြီးအဲ့ဒီ ပြိုင်ပွဲတွေ ကို
တော့၁၉၇၉ ခုနှစ်မှစတင်ကာအမေရိကန် နိုင်ငံမှသင်္ချာပညာရှင်ကြီးကစတင်ပြုလုပ် ပေးခဲ့တာ ဖြစ်ပါတယ်။
 
ယခု မြန်မာနိုင်ငံမှာ ကျင်းပ ပြုလုပ်မယ့် ကမ္ဘာ့အဆင့် သင်္ချာ ပြိုင်ပွဲကြီး မှာလည်း မြန်မာ တစ်နိုင်ငံလုံးမှ ၂ တန်းမှ ၇ တန်းထိ ကျောင်းသား၊ ကျောင်းသူ မည်သူမဆို ၀င်ရောက် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

အဲ့ဒီပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင် လိုသူတွေဟာ ပြိုင်ပွဲဝင်ကြေး ငွေကျပ် နှစ်သောင်း ငါးထောင် ပေးသွင်း ရမှာဖြစ်ပြီး ပြိုင်ပွဲဝင်ကြေး ပေးသွင်းပြီးပါက ယခုနှစ်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲမှ မေးခွန်း အဟောင်းများနဲ့ ပြိုင်ပွဲ စည်းကမ်းများကို ရရှိမှာ ဖြစ်ပါတယ်။ 
 
ဝင်ရောက် ယှဉ်ပြိုင် လိုသူတွေဟာ ယခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၀၁၃ ခုနှစ် မတ်လကုန် အထိ T & H After School Maths For Kids မှာ လာရောက် စာရင်းပေး သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဆုချီးမြှင့်မှု အနေနဲ့ ၀င်
ရာက် ယှဉ်ပြိုင် သူများကို Certificate ပေးအပ်မှာ ဖြစ်ပြီး အမှတ် ၁၀၀ အပြည့်ရသူကို perfect ဆုနဲ့ အမေရိ
ကန် ဒေါ်လာ ၁၀၀ ကို ချီးမြှင့် သွားမှာ ဖြစ်ပါတယ်။ 
 
ဒါ့အပြင် ၀င်ရောက် ယှဉ်ပြိုင် သူများထဲက ထိပ်ဆုံးမှ အမှတ် အများဆုံး ရရှိတဲ့ ၁၀ ရာခိုင်နှုန်းကို ရွှေတံဆိပ်၊
 နောက်တစ်ဆင့် ၁၀ ရာခိုင်နှုန်းကို ငွေတံဆိပ်၊ ကြေး တံဆိပ်များ အသီးသီး ချီးမြှင့်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

MyanmarExpress

0 comments:

Post a Comment