Pages

Wednesday, December 26, 2012

လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အခွန်ကျပ် ၁၆၀၀ ဘီလျံ ကောက်ခံရရှိရန် လျာထား

လက်ရှိ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် အခွန်ကျပ် ၁၆၀၀ ဘီလျံကောက်ခံရရှိရန် လျာထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အခွန်ကျပ် ၁၅၀၀ ဘီလျံကျော် ကောက်ခံရရှိခဲ့ပြီး လျာထားချက်ထက် ကျပ် ၃၀၀ ဘီလျံကျော် ပိုမိုခဲ့ကြောင်းနှင့် အခွန်အရပ်ရပ် ကောက်ခံရရှိငွေ၏ ၄၉ ဒသမ ၉၅ ရာခိုင်နှုန်းသည် ကုန်သွယ်လုပ်ငန်းခွန်မှ ကောက်ခံရရှိခြင်းဖြစ်ကြောင်း သိရပါသည်။မြန်မာနိုင်ငံတွင် ကောက်ခံနေသည့် အခွန်အမျိုးအစားပေါင်း ၁၄ မျိုးရှိပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ငါးမျိုးကောက်ခံကြောင်းနှင့် ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အကောက်ခွန်တို့ကို ကောက်ခံလျက်ရှိပြီး အခွန်အရပ်ရပ်၏ ၉၀ ရာခိုင်နှုန်း ၀န်းကျင်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိကြောင်း သိရပါသည်။

အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ပြုထားခြင်းများသည် အခွန်လျော့နည်းရခြင်း၏ အကြောင်းတစ်ရပ်ဖြစ်နေမြန်မာနိုင်ငံတွင် အခွန်ရှောင်သည့် စီးပွားရေးလုပ်ငန်း အများအပြား ရှိနေဆဲဖြစ်ပြီး အခွန်ဝန်ထမ်း အသိုင်းအ၀ိုင်းအတွင်း လာဘ်ပေးလာဘ်ယူ ပြုလုပ်သောကြောင့် အရေးယူမှုများလည်း ပြုလုပ်နေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း၏ ပြောကြားချက်အရ သိရပါသည်။

အခွန်ရှောင်လွှဲသည့် ကိစ္စရပ်များကို ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၆ နှင့် ၄၇ ဖြင့်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ နှင့် ၂၂ အရလည်းကောင်း အရေးယူနိုင်ကြောင်းနှင့် အခွန်နှင့်ပတ်သက်သော အဂတိလိုက်စားမှုများကို ကာကွယ်နိုင်ရန် ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၈ နှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၃ တို့တွင် ပြဋ္ဌာန်းထားကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံ၏ အခွန်အရပ်ရပ် ရရှိမှုမှာ ဂျီဒီပီ၏ ၃ ဒသမ ၂၆ ရာခိုင်နှုန်းသာ ရှိနေပြီး အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ပြုထားခြင်းများသည် အခွန်လျော့နည်းရခြင်း၏ အကြောင်းတစ်ရပ် ဖြစ်နေကြောင်း သိရပါသည်။

ကုမ္ပဏီအချို့နှင့် အဖွဲ့အစည်းအချို့၏ ထုတ်ကုန်ရောင်းချမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားခြင်း၊ သွင်းကုန်အစားထိုး ကုန်စည်များ ပြည်ပသွင်းကုန်များနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စေရန် ရောင်းရငွေအပေါ် ကျသင့်အခွန်၏ ၂၀ ရာခိုင်နှုန်းသာ ပေးဆောင်ရန် သက်သာခွင့်ပြုထားခြင်း၊
 မန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများနှင့် ကုမ္ပဏီအဖွဲ့အစည်းအချို့၏ အသားတင်အမြတ်အပေါ် ၀င်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်ပြုထားခြင်း၊ ပြည်ပသွင်းကုန် အချို့အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်သက်သာခွင့်များ ပြုထားခြင်းနှင့် ဥပဒေ အချို့တွင် ၀င်ငွေခွန်ပါ ပြဋ္ဌာန်းချက် လွှမ်းမိုးသက်ရောက်သည့် ပြဋ္ဌာန်းချက်များကို ထည့်သွင်းထားခြင်း စသည်တို့ကြောင့် အခွန်ကောက်ခံမှုများ လျော့နည်းခဲ့ရကြောင်း သိရပါသည်။

 Eleven Media Group 

0 comments:

Post a Comment