Pages

Wednesday, December 26, 2012

တော်ဝင်သစ်အချောထည်စက်ရုံမှအလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြခဲ့ကြသူများနှင့် စက်ရုံမှ ကျန်ရှိအလုပ်သမားတို့ကြား ပဋိပက္ခဖြစ်ပွား


တော်ဝင်သစ်အချောထည်စက်ရုံမှအလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြခဲ့ကြသူများနှင့် စက်ရုံမှ ကျန်ရှိအလုပ်သမားတို့ကြား ပဋိပက္ခဖြစ်ပွား

TUESDAY, 25 DECEMBER 2012 10:44

ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက တော်ဝင်သစ်အချောထည် စက်ရုံမှ အလုပ်သမား အခွင့်အရေး တောင်းဆိုရာတွင် ပါဝင်ဆန္ဒပြခဲ့ကြ သူများနှင့် ဆန္ဒပြပွဲများတွင် မပါဝင်သော ကျန်ရှိအလုပ်သမားတို့ကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ပဋိပက္ခဖြစ်ပွားမှုကြောင့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသူများဘက်မှ အမျိုးသား ၂၀ ဦးခန့်နှင့် အမျိုးသမီး ၁၀ ဦးခန့် ဒဏ်ရာအသီးသီး ရခဲ့ကြပြီး ဒဏ်ရာပြင်းထန်သူ အမျိုးသားသုံးဦးကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကုသပြီး ဒဏ်ရာမပြင်းထန်သူများကို ရွှေပြည်သာဆေးရုံတွင် ဆေးဝါးကုသလျက် ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် စိုးရိမ်ရသူ အမျိုးသားသုံးဦးမှာ အလုပ်သမား အခွင့်အရေး ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့ကြသူများ ဖြစ်ကြပြီး ဦးခေါင်းပေါက်ပြဲ ဒဏ်ရာနှင့် ၀ိုင်းဝန်း ရိုက်နှက်မှုကြောင့် နောက်ကျောနှင့် နံကြားတို့တွင် ထိခိုက်ဒဏ်ရာများ ရခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြတောင်းဆိုသူများနှင့် ကျန်ရှိစက်ရုံအလုပ်သမားများအကြား ခွဲခြားဆက်ဆံမှုများရှိခြင်း၊ ဆန္ဒပြ အလုပ်သမား ဦးရေ ၁၇၅ ဦး အတွက် နေရာထိုင်ခင်း စီစဉ်ပေးမှုမှာ အိမ်သာနှစ်လုံးနှင့် သောက်ရေအိုး နှစ်လုံးသာ ထားရှိခြင်း၊ စာချုပ်ပါ အချက်အလက်များအပေါ် သဘောမတူနိုင်ခြင်းတို့ကြောင့် စက်ရုံပိုင်ရှင်နှင့် စက်ရုံအကြီးအကဲ၊ ဒါရိုက်တာတို့ထံ တွေ့ခွင့်တောင်းရန် ကြိုးစားရာမှ ယခုလို ပဋိပက္ဒ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြတောင်းဆိုသူများဘက်မှ စက်ရုံဝင်းအတွင်းရှိ မှန်ပြတင်းပေါက်များအား ဖျက်ဆီးခဲ့ကြရာ စက်ရုံမှ ကျန်ရှိအလုပ်သမားများက ၀င်ရောက် ရိုက်နှက်ခဲ့ကြကြောင်း ပဋိပက္ခဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ပြီး ဆန္ဒပြပွဲများတွင်လည်း ဦးဆောင်ပါဝင်ခဲ့သူ မအိဇာဖြူက ပြောသည်။

“ကျွန်မတို့ကို စက်ရုံထဲက အလုပ်သမားအချင်းချင်းသာ မကဘဲ ရွှေပြည်သာမြို့နယ်၊ ၀ါးတစ်ရာရွာက ဥက္ကဋ္ဌကပါ ၀င်ရောက်ရိုက်နှက်ဖို့ လုပ်ပါတယ်။ ကျွန်မလည်း အရိုက်ခံရပါတယ်။ ကျွန်မသူငယ်ချင်းတွေနဲ့ အလုပ်သမားတွေဟာ ခေါင်းပေါက်တာတို့၊ မိန်းမတွေကိုတောင် မရှောင်ဘဲ လိုက်ရိုက်လို့ ပြေးရလွှားရလို့ ဒူးပြဲတာတွေလည်း ရှိပါတယ်” ဟု ရှင်းပြသည်။

ထို့ပြင် အဆိုပါပဋိပက ဖြစ်စဉ်တွင် အလုပ်သမား အများစုဘက်မှ တရားဥပဒေကို ချိုးဖောက်သလို ဖြစ်နေသည့်အတွက် သက်ဆိုင်ရာမှ အရေးယူပါက အလုပ်ရှင်နှင့် အပေါင်းပါများကိုလည်း တရားဥပဒေနှင့်အညီ အရေးယူစေလိုကြောင်း ၎င်းကဆိုသည်။

“အလုပ်သမားတွေ အချင်းချင်း ခွဲခြားဆက်ဆံတယ်။ ပြီးတော့ဆန္ဒ့ပြပွဲမှာ ပါဝင်ခဲ့ဖူးတဲ့ မိန်းကလေးတွေကို မိန်းကလေးနဲ့ မသက်ဆိုင်တဲ့ သံချောင်းကွေးတဲ့ အလုပ်တွေ လုပ်ခိုင်းတယ်။ ဒါတွေကို မကျေနပ်လို့ ဒီနေ့မနက် ဒါရိုက်တာနဲ့တွေ့ပြီး အလုပ်ဖြုတ်ရင်လည်း လျော်ကြေး (နစ်နာကြေး) ပေးပြီး ဖြုတ်ပေးဖို့ သွားတောင်းဆိုရာမှာ သူတို့ဘက်က ဒါရိုက်တာနဲ့ တွေ့ခွင့်မပေးလို့ စက်ရုံအလုပ်သမားတွေက တံခါးတွန်းဖွင့်ပြီး ပြတင်းမှန်တွေကို ခွဲရာက ခုလိုဖြစ်ရတာပါ” ဟု ပြောသည်။

အဆိုပါ ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ တော်ဝင်သစ်အချောထည် စက်ရုံမှ အလုပ်သမားများတွေ့ခွင့် တောင်းခဲ့သူ ဒါရိုက်တာ ဦးညွန့်သိန်းကမူ “အင်အားနဲ့ မင်းမဲ့စရိုက်လို စက်ရုံကို ၀င်ရိုက်ခွဲကြတော့ ဘယ်သူမှ ဘာမှ မလုပ်ရဲခဲ့ကြပါဘူး။ လက်ပိုက် ကြည့်နေရုံပဲ တတ်နိုင်ပါတယ်။ သူတို့ အချင်းချင်း ဟိုဘက်ဒီဘက် ပစ်ပေါက်ကြတော့ မှန်ကွဲစတွေနဲ့ ထိမိပြီး ဒဏ်ရာရတာပါ။ သူတို့က အလုပ်စည်းကမ်းလည်း မလိုက်နာကြဘူး။ မျိုးစုံ ပြဿနာရှာပြီး အခုလိုလုပ်ကြတာပါ။ ညှိုနိုင်းချင်တယ်ဆိုရင် ကျွန်တော် ဆွေးနွေးခွင့်ပေးပါတယ်။ အလုပ်သမား အချင်းချင်း ခွဲခြားဆက်ဆံမှုလည်း မရှိပါဘူး” ဟု ပြန်လည်ထောက်ပြသည်။


ပဋိပက္ခဖြစ်စဉ်ကြောင့် ဒဏ်ရာရှိခဲ့သော ဆန္ဒပြအလုပ်သမား တစ်ဦးအား တွေ့ရစဉ်
ပဋိပက္ခဖြစ်စဉ်ကြောင့် ဒဏ်ရာရှိခဲ့သော ဆန္ဒပြအလုပ်သမား တစ်ဦးအား တွေ့ရစဉ်
ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက တော်ဝင်သစ်အချောထည် စက်ရုံမှ အလုပ်သမား အခွင့်အရေး တောင်းဆိုရာတွင် ပါဝင်ဆန္ဒပြခဲ့ကြသူများနှင့်ဆန္ဒပြပွဲများတွင်မပါဝင်သောကျန်ရှိအလုပ်သမားတို့ကြားပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
ယခုကဲ့သို့ ပဋိပက္ခဖြစ်ပွားမှုကြောင့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသူများဘက်မှ အမျိုးသား ၂၀ ဦးခန့်နှင့် အမျိုးသမီး ၁၀ ဦးခန့် ဒဏ်ရာအသီးသီး ရခဲ့ကြပြီး ဒဏ်ရာပြင်းထန်သူအမျိုးသားသုံးဦးကိုအင်းစိန်ဆေးရုံသို့ ပို့ဆောင်ကုသပြီး
ဒဏ်ရာမပြင်းထန်သူများကို ရွှေပြည်သာဆေးရုံတွင် ဆေးဝါးကုသလျက် ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် စိုးရိမ်ရသူ အမျိုးသားသုံးဦးမှာ အလုပ်သမား အခွင့်အရေး ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်
ခဲ့ကြသူများ ဖြစ်ကြပြီး ဦးခေါင်းပေါက်ပြဲ ဒဏ်ရာနှင့် ၀ိုင်းဝန်း ရိုက်နှက်မှုကြောင့် နောက်ကျောနှင့် နံကြားတို့တွင် ထိ
ခိုက်ဒဏ်ရာများ ရခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြတောင်းဆိုသူများနှင့်ကျန်ရှိစက်ရုံအလုပ်သမားများအကြားခွဲခြားဆက်ဆံမှုများရှိခြင်း၊ဆန္ဒပြ အလုပ်သမား
ဦးရေ ၁၇၅ ဦး အတွက် နေရာထိုင်ခင်း စီစဉ်ပေးမှုမှာ အိမ်သာနှစ်လုံးနှင့် သောက်ရေအိုး နှစ်လုံးသာ ထားရှိခင်း၊
စာချုပ်ပါ အချက်အလက်များအပေါ် သဘောမတူနိုင်ခြင်းတို့ကြောင့် စက်ရုံပိုင်ရှင်နှင့်စက်ရုံအကြီးအကဲ၊ ဒါရိုက်တာ
တို့ထံ တွေ့ခွင့်တောင်းရန် ကြိုးစားရာမှ ယခုလို ပဋိပက္ဒ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြတောင်းဆိုသူများဘက်မှ စက်ရုံဝင်းအတွင်းရှိ မှန်ပြတင်းပေါက်များအား ဖျက်ဆီးခဲ့ကြရာ စက်ရုံမှ ကျန်ရှိအ
လုပ်သမားများက၀င်ရောက်ရိုက်နှက်ခဲ့ကြကြောင်း ပဋိပက္ခဖြစ်စဉ်ကိုယ်တိုင်ကြုံတွေ့ခဲ့ပြီးဆန္ဒပြပွဲများတွင်လည်း
ဦးဆောင်ပါဝင်ခဲ့သူ မအိဇာဖြူက ပြောသည်။

“ကျွန်မတို့ကို စက်ရုံထဲက အလုပ်သမားအချင်းချင်းသာ မကဘဲ ရွှေပြည်သာမြို့နယ်၊ ၀ါးတစ်ရာရွာက ဥက္ကဋ္ဌကပါ ၀င်ရောက်ရိုက်နှက်ဖို့ လုပ်ပါတယ်။ ကျွန်မလည်း အရိုက်ခံရပါတယ်။ ကျွန်မသူငယ်ချင်းတွေနဲ့ အလုပ်သမားတွေ
ဟာ ခေါင်းပေါက်တာတို့၊ မိန်းမတွေကိုတောင် မရှောင်ဘဲ လိုက်ရိုက်လို့ ပြေးရလွှားရလို့ ဒူးပြဲတာတွေလည်း ရှိပါ
တယ်” ဟု ရှင်းပြသည်။

ထို့ပြင် အဆိုပါပဋိပက ဖြစ်စဉ်တွင် အလုပ်သမား အများစုဘက်မှ တရားဥပဒေကို ချိုးဖောက်သလို ဖြစ်နေသည့်
အတွက် သက်ဆိုင်ရာမှ အရေးယူပါက အလုပ်ရှင်နှင့် အပေါင်းပါများကိုလည်း တရားဥပဒေနှင့်အညီ အရေးယူစေ
လိုကြောင်း ၎င်းကဆိုသည်။

အလုပ်သမားတွေ အချင်းချင်း ခွဲခြားဆက်ဆံတယ်။ ပြီးတော့ဆန္ဒ့ပြပွဲမှာ ပါဝင်ခဲ့ဖူးတဲ့ မိန်းကလေးတွေကို မိန်းက
လးနဲ့ မသက်ဆိုင်တဲ့ သံချောင်းကွေးတဲ့ အလုပ်တွေ လုပ်ခိုင်းတယ်။ ဒါတွေကို မကျေနပ်လို့ ဒီနေ့မနက် ဒါရိုက်
တာနဲ့တွေ့ပြီး အလုပ်ဖြုတ်ရင်လည်း လျော်ကြေး (နစ်နာကြေး) ပေးပြီး ဖြုတ်ပေးဖို့ သွားတောင်းဆိုရာမှာ သူတို့
ဘက်က ဒါရိုက်တာနဲ့ တွေ့ခွင့်မပေးလို့ စက်ရုံအလုပ်သမားတွေက တံခါးတွန်းဖွင့်ပြီး ပြတင်းမှန်တွေကို ခွဲရာက ခု
လိုဖြစ်ရတာပါ” ဟု ပြောသည်။

အဆိုပါ ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ တော်ဝင်သစ်အချောထည် စက်ရုံမှ အလုပ်သမားများတွေ့ခွင့် တောင်းခဲ့သူ ဒါရိုက်တာ ဦးညွန့်သိန်းကမူ “အင်အားနဲ့ မင်းမဲ့စရိုက်လို စက်ရုံကို ၀င်ရိုက်ခွဲကြတော့ ဘယ်သူမှ ဘာမှ မလုပ်ရဲခဲ
့ကြပါဘူး။ လက်ပိုက် ကြည့်နေရုံပဲ တတ်နိုင်ပါတယ်။ သူတို့ အချင်းချင်း ဟိုဘက်ဒီဘက် ပစ်ပေါက်ကြတော့ မှန်ကွဲ
စတွေနဲ့ ထိမိပြီး ဒဏ်ရာရတာပါ။ သူတို့က အလုပ်စည်းကမ်းလည်း မလိုက်နာကြဘူး။ မျိုးစုံ ပြဿနာရှာပြီးအခုလို
လုပ်ကြတာပါ။ ညှိုနိုင်းချင်တယ်ဆိုရင် ကျွန်တော် ဆွေးနွေးခွင့်ပေးပါတယ်။ အလုပ်သမားအချင်းချင်းခွဲခြားဆက်
ဆံမှုလည်း မရှိပါဘူး” ဟု ပြန်လည်ထောက်ပြသည်။

သတင်းစုဗှုး

0 comments:

Post a Comment