Pages

Wednesday, December 26, 2012

လေယာဉ်ပျက်ကျမှု မှတ်တမ်း Black Box နှစ်ခု စစ်ဆေးမှု ပြီးမှသာ လေယာဉ်ပျက်ကျရခြင်း အကြောင်း အရင်းကို သိရမည်ဟု အဲပုဂံမှ တာဝန်ရှိသူများက ပြောကြား

အဲပုဂံလေယာဉ်ပျက်ကျမှု မှတ်တမ်း Black Box နှစ်ခုကို စင်ကာပူနိုင်ငံသို့ ပို့ဆောင်စစ်ဆေးနေပြီဖြစ်ကြောင်း ယနေ့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဲပုဂံမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ စစ်ဆေးမှုသည် သုံးပတ်ခန့်သာ ကြာမြင့်နိုင်ပြီး ယင်းစစ်ဆေးမှု ပြီးမှသာ လေယာဉ်ပျက်ကျရခြင်း အကြောင်း အရင်းကို သိရမည်ဟု အဲပုဂံမှ တာဝန်ရှိသူများက ပြောသည်။ အဆိုပါ လေယာဉ်ကို ၁၉၉၁ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး အဲပုဂံမှ ၂၀၀၅ ခုနှစ်တွင် ၀ယ်ယူပြေးဆွဲ ခဲ့ခြင်း ဖြစ်ပြီး ပျံသန်းချိန် နာရီပေါင်း မှာ ၂၇၃၇၈ နာရီ ပျံသန်းပြီးဖြစ်၍ အကြိမ်ပေါင်း ၃၂၅၈၄ ကြိမ် ဆင်းသက်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။
Air Bagan လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အဖြေရမှသာ ထုတ်ပြန်
သွားမည် ဖြစ်ကြောင်း ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် Air Bagan မှ Director of Engineering ဦးလှိုင်ဘွားက ပြောကြားသည်။
 
The Voice Weekly  ,Popular Myanmar News

0 comments:

Post a Comment