Pages

Saturday, May 9, 2015

လူကုန်ကူးမှုနဲ့ ထိုင်း အရာရှိ ၅၀ ကျော်ကို ရွှေ့ပြောင်း

RangonNewsDaily:: May . 9 .2015
ထိုင်း နိုင်ငံမှာ လူမှောင်ခို ကူးမှုတွေနဲ့ ဆက်စပ်တယ် ဆိုတဲ့ သံသယနဲ့ ရဲအရာရှိ ၅၀ ကျော်ကို အလုပ်နေရာတွေ ပြောင်းရွှေ့စေခဲ့တယ်လို့ ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။

ရန်ကင်းမြို့နယ်တွင် သမီးရည်းစားချင်းစကားများရာမှ အမျိုးသားက အမျိုးသမီးကို ဓားဖြင့် လေးချက်ထိုးသတ်

RangonNewsDaily:: May . 9 .2015
ရန်ကုန်မြို့ ရန်ကင်း မြို့နယ်တွင် မေလ ၇ ရက်က သမီးရည်းစားချင်းစကားများရာမှ အမျိုးသားက ဓားဖြင့် လေးချက်ထိုး သတ်ခဲ့သောကြောင့် အမျိုးသမီး မှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့သည်။

ရုပ်ရှင်နှင့် ဗီဒီယို ဟာသသရုပ်ဆောင် ကင်းကောင် ဦးခေါင်းခွဲစိတ်ရန် မလိုဘဲ စောင့်ကြည့်အဆင့်တွင်သာရှိ


RangonNewsDaily:: May . 9 .2015
သရဲကြီးလေးကောင် ပြဇာတ်မှ တစ်ဆင့် လူကြိုက်များ နာမည်ကျော်လာခဲ့သော ရုပ်ရှင်နှင့် ဗီဒီယို ဟာသသရုပ်ဆောင် ကင်းကောင်သည် ပြင်ဦးလွင်မြို့တွင် ဇာတ်ကားရိုက်ကူးရန် ရောက်ရှိနေစဉ်အတွင်း မူးလဲခဲ့ရာ ဦးနှောက်သွေးကြောငယ်လေးများ ပေါက်သွားပြီး သွေးခဲသွားခဲ့သော်လည်း ချောင်းဆိုးခြင်း၊ အန်ခြင်းများ မဖြစ်ပေါ်ပါက ဦးခေါင်းခွဲစိတ်မှု ပြုလုပ်ရန် မလိုအပ်တော့သဖြင့် စောင့်ကြည့်အခြေအနေတွင် ရှိနေကြောင်း အဆိုပါ ကင်းကောင်၏ သားဖြစ်သူ ကိုရဲမွန်အောင်က ပြောကြားသည်။

နားလည်ရခက်သော အင်္ဂလိပ်စကားစုများ

RangonNewsDaily:: May . 9 .2015
နားလည်ရခက်သော အင်္ဂလိပ်စကားစုများ tongue emoticon tongue emoticon tongue emoticon

၂၀၁၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် မြန်မာနှင့် ထိုင်း တို့တွေ့ဆုံ


RangonNewsDaily:: May . 9 .2015
ဗီယက်နမ် နိုင်ငံ ၊ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော ၂၀၁၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်း အသင်းတို့ ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

ကပ္ပလီပင်လယ်ရှိ မီးတောင်ပေါက်ကွဲလျှင် မြန်မာကမ်းရိုးတန်းဒေသများ ဆူနာမီအန္တရာယ်ရှိခြင်းကြောင့် သတိပြုရန် ငလျင်ပညာရှင်များထုတ်ပြန်


RangonNewsDaily:: May . 9 .2015
မြန်မာ့ကမ်းရိုးတန်းနှင့် မိုင် ၂၅၀ ခန့် ကွာဝေးသည့် ကပ္ပလီပင်လယ်အတွင်းရှိ မီးတောင်တစ်လုံးမှ ပြာမှုန့်များမှုတ်ထုတ်နေပြီး ပေါက်ကွဲခဲ့ပါက ဒေသတွင်းကမ်းရိုးတန်းနေရာများတွင် ဆူနာမီအန္တရာယ်ရှိနိုင်သောကြောင့် သတိပြုရန်လိုကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီက မေလ ၈ ရက်ညနေတွင် သတိပေးချက် ထုတ်ပြန်သည်။

ဖားကန့်တွင် တောင်နံရံပြို၍ ကျောက်တူးဖော်သူ ခုနစ်ဦးသေဆုံး

RangonNewsDaily:: May . 9 .2015
ဖားကန့်တွင် မေလ ၇ ရက်ညက တောင်နံရံပြိုကျကာ တစ်နိုင်တစ်ပိုင်ကျောက်တူးဖော် ရှာဖွေသူ ခုနစ်ဦးေ သဆုံးခဲ့ ကြောင်း သတင်းရရှိသည်။

မေလကုန်အထိ မိုးသက်လေပြင်း သတိထားရန်လို

RangonNewsDaily:: May . 9 .2015
မြန်မာနိုင်ငံဒေသအချို့ တွင် ညနေပိုင်းများ၌ မိုးသက်လေပြင်းကျသည့်ဖြစ်စဉ် နေ့စဉ်လိုလိုရင်ဆိုင်နေရပြီး ဒေသတွင်း အပူချိန်မြင့်မားနေသောကြောင့် မေလကုန်ခန့်အထိ မိုးသက်လေပြင်း အန္တရာယ်သတိပြုရန်လိုကြောင်း မိုး/ဇလဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်ဦးကျော်မိုးဦးကပြောကြားသည်။

မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်းကို ဆေးမှုဖြင့် ဖမ်း

RangonNewsDaily:: May . 9 .2015
မြန်မာ့လက်ရွေးစင် ဂိုးသမား (ဟောင်း) ကျော်ဇင် ထက်မောင်းနှင်လာသည့် ကား ပေါ်တွင် ဆေးခြောက်ဟုယူဆရ သော အရွက်များ ဖမ်းဆီးရမိခဲ့ ကြောင်း သတင်းရရှိသည်။

အင်းတကော် နှစ်လောင်းပြိုင် လူသတ်မှု ပေါ်ပေါက်၊ ငွေလိမ်လည်မှုကြောင့် သတ်ဖြတ်ဟုဆို

RangonNewsDaily:: May . 9 .2015
ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရမည်ဟုဆိုကာ တစ်ဦးလျှင် ကျပ်သိန်း ၁၁၀ ယူထားပြီး ပို့ဆောင်ပေးခြင်း မရှိသောကြောင့် ငွေလိမ်ခံရသူများက ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ ညီအစ်ကိုနှစ်ဦးတို့ကို လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်၍ ပဲခူးမြို့နယ် အင်းတကော်ရှိ ရွှေပြည် (၃) ရေလှောင်တမံသွားရာ လမ်းဘေးတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဦးက ပြောကြားသည်။

ဒုတိယကမ္ဘာစစ်တွင်း ကြုံတွေ့ခဲ့ရသော ဘေးအန္တရာယ်မျိုး မခံစားရစေရန် စစ်အင်အား တည်ဆောက်ခြင်းဟု တရုတ်ဆို


RangonNewsDaily:: May . 9 .2015
ဒုတိယကမ္ဘာစစ်တွင်း တရုတ်နိုင်ငံ ခံစားခဲ့ရသည့် ဘေးအန္တရာယ်မျိုး မကြုံတွေ့ရစေရန် အင်အားကြီးမားသည့် တပ်မတော်တစ်ရပ်ကို တည်ဆောက်နေခြင်း ဖြစ်သည်ဟု တရုတ်တပ်မတော် သတင်းစာတွင် ဖော်ပြထားကြောင်း Reuters သတင်းတွင် ရေးသားထားသည်။

ကျောင်းအသုံးစရိတ်များကို ကျောင်းအုပ်ကိုယ်တိုင် တောင်းခံရန် စတင်ခွင့်ပြု

RangonNewsDaily:: May . 9 .2015
ပညာရေးဝန်ကြီးဌာန လက်အောက် အခြေခံပညာကျောင်းများ၏ ကျောင်းဖွံ့ဖြိုးရေး အသုံးစရိတ်ကို ယခင်က ခွဲတမ်းစနစ်ဖြင့် ခွဲဝေပေးထားခဲ့ရာမှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစပြီး တစ်နှစ်စာ ကျောင်းအသုံးစရိတ် စာရင်းကို ကျောင်းအုပ်ကိုယ်တိုင် တင်ပြတောင်းခံသော စနစ်သို့ စမ်းသပ် ပြောင်းလဲလိုက်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်ပြည်လမ်း ပြည်သူ့ရင်ပြင်ရှေ့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား


RangonNewsDaily:: May . 9 .2015
မေ ၉ ရက်နေ့ ညနေ ၄း၃၀ အချိန်တွင် ရန်ကုန်ပြည်လမ်း မြို့ထဲသို့ သွားသောယာဉ် Surf ကားတစီးသည် ပြည်သူ့ရင်ပြင်ရှေ့တွင် အရှိန်ကိုမထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

အင်းစိန်ထောင်တွင် ပေ ၇၀ ခန့် မြင့်သော သစ်ပင်ပေါ် တက်ရောက်နေသည့် အကျဉ်းသားကို ကယ်ဆယ်

ရန်ကုန်၊ RangonNewsDaily:: May . 9 .2015
အင်းစိန်ဗဟိုအကျဉ်းထောင်တွင် မေလ ၅ ရက် နံနက် ၆ နာရီခွဲက မှောင်ရိပ်ခိုမှုဖြင့် ထောင်ဒဏ်သုံးလ ကျခံနေရသူ အသက် ၃၄ နှစ်အရွယ် အကျဉ်းသားတစ်ဦးက အမြင့်ပေ ၇၀ ရှိ ညောင်ပင်ပေါ်တက်ကာ အချိန်ကြာမြင့်စွာ ပြန်ဆင်းမလာသောကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ရကြောင်း အင်းစိန်ဗဟိုအကျဉ်းဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ကားနောက်ဖုံးတွင် တင်လာသည့် မြန်မာများကို ထိုင်းတောင်ပိုင်းတွင် ဖမ်းမိ


RangonNewsDaily:: May . 9 .2015
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့နယ်ထဲမှာ ကားနောက်ဖုံးမှာတင်လာတဲ့ တရားမ၀င် မြန်မာ ၁၀ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မြန်မာသင်္ဘောသားများပါသည့် ကုန်တင်သင်္ဘောကို အီရန်အစိုးရ ပြန်လွှတ်ပေး


RangonNewsDaily:: May . 9 .2015
မြန်မာသင်္ဘောသားများ လိုက်ပါလာပြီး ဟောလ်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေစဉ် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အီရန်ရေတပ်၏ ကြားဖြတ် ဖမ်းဆီးမှုကို ခံခဲ့ရသော ကုန်တင်သင်္ဘောသည် ယခုအခါ ပြန်လည် လွတ်မြောက်လာပြီဟု သတင်းရရှိသည်။

နီပေါငလျင် သေဆုံးသူပေါင်း ၈၄၃၁ ရှိပြီ


RangonNewsDaily:: May . 9 .2015
နီပေါငလျင်ကြောင့် သေဆုံးသူပေါင်း ၈၄၃၁ ဦး ရှိလာပြီဟု နီပေါကြက်ခြေနီက ပြောသည်။ ထိခိုက်ဒဏ်ရာရသူ ၁၇၅၆၇ ဦးရှိပြီး ပျောက်ဆုံးနေသူ ၂၆၀ ဦး ရှိကြောင်း ယနေ့ထုတ်ပြန်သည်။ 

မြစ်ကြီးနားမြို့တွင် နှာခေါင်းစည်း၊ ဖုံကာ မျက်နှာဖုံးတပ် သွားလာပါက ပုဒ်မ ၁၈၈ ဖြင့်အရေးယူမည်

RangonNewsDaily:: May . 9 .2015
မြစ်ကြီးနားမြို့ နယ်နိမိတ်အတွင်း နှာခေါင်းစည်း ဖုံကာမျက်နှာဖုံးများ တပ်ဆင်ကာ ဆိုင်ကယ်စီးနင်းသွားလာမှု လုံးဝမလုပ်ကြရန် မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးက ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာလိုက်သည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာကောင်စစ်ဝန် ရုံးဖွင့်မည်

RangonNewsDaily:: May . 9 .2015
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာအစိုးရမှ ကောင်စစ်ဝန်ရုံး မကြာခင် ဖွင့်လှစ်တော့မည်ဟု သိရသည်။

ပါကစ္စတန် ရဟတ်ယာဉ်ပျက်ကျမှုတွင် နော်ဝေနှင့် ဖိလစ်ပိုင် သံအမတ်တို့ သေဆုံး


RangonNewsDaily:: May . 9 .2015
ပါကစ္စတန်မြောက်ပိုင်းရှိ စီမံကိန်းများစတင်ရာသို့ သံတမန်များကို တင်ဆောင်သွားသော ပါကစ္စတန်စစ်ဘက်လေယာဉ် တစ်စင်း မေ ၈ ရက်က ပျက်ကျခဲ့ရာ နော်ဝေနှင့် ဖိလစ်ပိုင်မှ သံအမတ်များနှင့် မလေးရှား၊ အင်ဒိုနီးရှားသံအမတ်တို့၏ ဇနီးများအပါအ၀င် လူခြောက်ဦးသေဆုံး ခဲ့သည်ဟု စစ်တပ်က ထုတ်ပြန်ခဲ့သည်။

သမ္မတ ဦးသိန်းစိန်နဲ့ ၀ အထူးဒေသ ၂ ခေါင်းဆောင်တွေ့ဆုံ


RangonNewsDaily:: May . 9 .2015
သမ္မတ ဦးသိန်းစိန်ဟာ ပြည်နယ်တောင်းနေတဲ့ ၀ သွေးစည်းညီညွတ်ရေး အဖွဲ့ရဲ့ အထူးဒေသ ၂ ခေါင်းဆောင် ဦးပေါက်ယူရီ နှင့် အဖွဲ့ကို ယနေ့ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ယနေ့တွေ့ ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲ အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသော်လည်း သမ္မတဦးသိန်းစိန် နဲ့ ၀အဖွဲ့တွေ့ဆုံရာမှာ ၀ပြည်နယ်ကိစ္စကို အထူးဆွေးနွေးမယ်လို့ ခန့်မှန်းပါတယ်။

ယူကေ ရွေးကောက်ပွဲ ကွန်ဆာဗေးတစ် အနိုင်ရ


RangonNewsDaily:: May . 9 .2015
၂၀၁၅ ယူကေ ရွေးကောက်ပွဲမှာ အမတ်နေရာ ၆၅၀ အနက် ၆၄၈ နေရာ ရေတွက်ပြီးတဲ့နောက် ကွန်ဆာဗေးတစ်က ၃၂၉၊ လေဘာက ၂၃၂၊ အက်စ်အန်ပီက ၅၆၊ လစ်ဘရယ် ဒီမိုကရက်က ၈နေရာ၊ မြောက်အိုင်ယာလန် အခြေစိုက် ဒီယူပီ ပါတီက ၈ နေရာ၊ တခြား ပါတီငယ်တွေက စုစုပေါင်း ၁၅ နေရာ အသီးသီး ရခဲ့ကြပါတယ်။

မြန်မာ-ဘင်္ဂလာဒေရှ့်ပူးပေါင်းအဖွဲ့ နယ်စပ် တိုင်းတာမှု ပြုလုပ်

RangonNewsDaily:: May . 9 .2015
မြန်မာ- ဘင်္ဂလာဒေရှ့် နှစ်နိုင်ငံ နယ်စပ်ကို နှစ်ဘက် အရာရှိများ ပူးပေါင်းတိုင်းတာမှုများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။ဘင်္ဂလာဒေရှ့်မှ နယ်စပ် မြေတိုင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် မူဟာမတ် အာဘူခိုင်ယာ (Mohammad Abul Khair) ဦးဆောင်သည့် အဖွဲ့ဝင် လေးဦးပါဝင်သော မြေတိုင်းအဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ သွားရောက်ပြီး မြန်မာ အရာရှိများနှင့် အတူ နယ်စပ် တိုင်းတာမှုများကို ပြုလုပ်ခဲ့သည်။

ရုရှားအာကာသယာဉ် ပစိဖိတ်သမုဒ္ဒရာပေါ်တွင် မီးလောင်ပျက်စီး


မော်စကို၊ RangonNewsDaily:: May . 9 .2015
မြေပြင်မှ ထိန်းချုပ်၍မရတော့သော မောင်းသူမဲ့ ရုရှားကုန်တင်အာကာသယာဉ် Progress 59 သည် သောက်ကြာနေ့နံနက် ဒေသစံတော်ချိန် နံနက် ၆နာရီဝန်းကျင် အချိန်ခန့်က ကမ္ဘာ့လေထုအတွင်းသို့ပြန်လည်ကျရောက်လာပြီးနောက် ပစိဖိတ်သမုဒ္ဒရာအပေါ်ကောင်းကင်ယံတွင် မီးလောင်ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်းသိရသည်။

အငြင်းပွားပင်လယ်ပြင်ပိုင်နက်မှ ဖိလစ်ပိုင်လေတပ်ဖယ်ရှားရန် တရုတ်သတိပေးတောင်တရုတ်ပင်လယ်သန္တာကျောက်တန်းများပေါ် တရုတ်လေယာဉ်ပြေးလမ်းတည်ဆောက်နေ

မနီလာ ။ RangonNewsDaily:: May . 9 .2015
တောင်တရုတ်ပင်လယ်ရှိအငြင်း ပွားပင်လယ်ပိုက်နက်များမှ ဖိလစ် ပိုင်လေတပ်နှင့်ရေတပ်သုံးလေယာဉ် များ ထွက်ခွာကြရန် တရုတ်နိုင်ငံ က ခြောက်ကြိမ်ထက်မနည်းသတိ ပေးပြောကြားခဲ့သည်ဟု အဆိုပါ ပင်လယ်ရေကြောင်းဒေသအတွက် တာဝန်ယူလျက်ရှိသော ဖိလစ်ပိုင် စစ်ဦးစီးချုပ်က ဖိလစ်ပိုင်အထက် လွှတ်တော် ကြားနာစစ်ဆေးမှုတွင် ထွက်ဆိုခဲ့သည်။