Pages

Saturday, May 9, 2015

လူကုန်ကူးမှုနဲ့ ထိုင်း အရာရှိ ၅၀ ကျော်ကို ရွှေ့ပြောင်း

RangonNewsDaily:: May . 9 .2015
ထိုင်း နိုင်ငံမှာ လူမှောင်ခို ကူးမှုတွေနဲ့ ဆက်စပ်တယ် ဆိုတဲ့ သံသယနဲ့ ရဲအရာရှိ ၅၀ ကျော်ကို အလုပ်နေရာတွေ ပြောင်းရွှေ့စေခဲ့တယ်လို့ ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်း တောင်ပိုင်း မလေးရှား နယ်စပ် အနီးမှာ မြေကျင်းတွေ ထဲက လူသေ အလောင်း ၃၀ ကျော်ကို တွေ့ရှိ ခဲ့ရပြီးနောက် အခု ကြေညာချက် ထွက်လာတာပါ။



အဲဒီ အလောင်းတွေဟာ လူမှောင်ခို ကူးသူတွေကို အခကြေးငွေ ပေးပြီး ထိုင်း နိုင်ငံက တဆင့် မလေးရှားကို ဝင်ရောက်ဖို့ ကြိုးစားကြတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ လူတွေ ဖြစ်တယ်လို့ ယူဆကြပါတယ်။

အဲဒီ လူမှောင်ခို ကူးသူတွေ အသုံးပြုတဲ့ စခန်းတွေ အားလုံးကို ၁၀ ရက်အတွင်း ရှင်းလင်း ဖို့လည်း ထိုင်း စစ်အစိုးရက အမိန့် ထုတ်လိုက်ပါတယ်။

ထိုင်း ဝန်ကြီးချုပ် ပရာယု ချန်အိုချာ ကတော့ ဒီပြဿနာကို ဖြေရှင်းဖို့ မူရင်း နိုင်ငံတွေမှာ အဖြေရှာရမှာ ဖြစ်ပြီး ထိုင်းနိုင်ငံကတော့ ကြားခံသာ ဖြစ်တယ်လို့ ပြောပါတယ်။
BBC , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment