Pages

Tuesday, May 12, 2015

လေယာဉ်ပေါ်တွင် တီဗွီမကြည့်ရသဖြင့် အမျိုးသမီးတစ်ဦး ယူနိုက်တက်လေကြောင်းလိုင်းကို တရားစွဲ


RangonNewsDaily:: May . 12 .2015
ပျူတိုရီကိုမှ နယူးဝက်ခ်သို့ ယူနိုက်တက်လေကြောင်းလိုင်းဖြင့် ပြန်ခဲ့သည့် နယူးဂျာဇီဒေသခံ အမျိုးသမီးတစ်ဦးသည် လေယာဉ်ပေါ်တွင် တီဗွီကြည့်ခွင့် ဆုံးရှုံးခဲ့သဖြင့် ယူနိုက်တက်လေကြောင်းလိုင်းကို လျော်ကြေးအမေရိကန်ဒေါ်လာ ငါးသန်းတောင်းကာ တရားစွဲထားကြောင်း ဒေးလီးမေးလ်သတင်းဌာနက ယနေ့ဖော်ပြထားသည်။
လေယာဉ်ပေါ်တွင် တီဗွီကြည့်ခွင့်အတွက် ၇ ဒသမ ၉၉ ဒေါ်လာ သီးသန့် ထပ်မံပေးဆောင်ခဲ့ရသော်လည်း ၄ နာရီကြာခရီးစဉ်တွင် နောက်ဆုံး ၁ဝ မိနစ်ခန့်သာ တီဗွီကြည့်ခွင့် ရခဲ့ကြောင်းနှင့် ရုပ်မြင်သံကြားဝန်ဆောင်မှုမှာအလုပ်မလုပ်ခဲ့ကြောင်း ဒေးလီးမေးလ်ကဖော်ပြထားသည်။ 
::
၎င်းအနေဖြင့် တိုက်ရိုက်ထုတ်လွှင့်သည့်အစီအစဉ်များကို ကြည့်ရှုလိုသောကြောင့် တီဗွီင်္ကြည့်ခပေးခဲ့ကြောင်းနှင့် ကြည့်ချင်ခဲ့သော တိုက်ရိုက်ထုတ်လွှင့်သည့်အစီအစဉ်များကို နောက်တစ်ခါ ကြည့်ခွင့်မရရှိတော့ကြောင်းပြောသည်။
T1P
(Ref:Daily Mail)::--
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment