Pages

Monday, February 25, 2013

ကမ္ဘာ ကျော်သွားခဲ့တဲ့ Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်း

Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့ လူသား သန်းပေါင်းမြောက်များစွာကို အမြင်သစ်ပေးခဲ့ပါတယ်။ ထိုမျှမက နှစ်ပေါင်းများစွာ ရန်သူလို ဆက်ဆံနေခဲ့ကြတဲ့ Israel နဲ့ Palestine ကြားမှာ ငြိမ်းချမ်းရေး ဆေးတစ်ခွက်လဲ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့သော မေလ ၂၀၊ ၂၀၁၂ နေ့၊ ဂျေရုဆလင်နေ့မှာ ဖြစ်ခဲ့တာပါ။ အစ္စရေးတွေဟာ ဂျေရုဆလင် နေ့ (Jerusalem day) အရမ်းကို အလေးအနက်ထားပါတယ်။ သူတို့ရဲ့ နေ့ထူးနေ့မြတ်အနေနဲ့ ကျင်းပတာပါ။ အဲဒီနေ့ ရောက်တိုင်း ပါလက်စတိုင်းလူမျိုးတွေရဲ့ လှုပ်ရှားမှု မှန်သမျှ လုံးဝ ခွင့်မပြုပါဘူး။ သူတို့ အစ္စရေးအလံတွေကို လွင့်ထူပြီး နိုင်ငံတော် သီချင်းများ ဆိုကြပါတယ်။

အဲဒီနေ့ မတိုင်ခင်နေ့များမှာ ပါလက်စတိုင်း လူမျိုးအချို့က အစ္စရေး တိုးချဲ့အိမ်ရာ စီမံကိန်းများကို သပိတ်မှောက်နေခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့မှာ ၁၀ နှစ်သားအရွယ် ပါလက်စတိုင်း ကောင်လေးတစ်ယောက်ဟာ ပါလက်စတိုင်း အလံကိုင်လျှက် ပွဲကြည့်နေတုန်း၊ အစ္စရေး လူမျိုးရေးဝါဒီ တစ်ယောက်က သူ့အလံကို လုယူပေးခဲ့ပါတယ်။ ကောင်လေးက ပြန်လုရင်း ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း နယ်ခြားစောင့်ရဲ တစ်ယောက်က စိတ်ဆိုးမာန်ဆိုးနဲ့ ကလေးကို လက်ဖမ်းတာခံရပါတယ်။ 

ကောင်လေးကို ခြေထောက်နဲ့ကန်တယ်၊ မညှာမသာ လုပ်လာတဲ့အခါမှာ အနားမှာ ရှိနေခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အစ္စရေး တက္ကသိုလ် ကျောင်းသူ တစ်ယောက်က အဆိုပါ ရဲကို ၀င်လုံးပြီး ကောင်လေးကို ထွက်ပြေးစေခဲ့ပါတယ်။

အစ္စရေး လူမျိုးနဲ့ ပါလက်စတိုင်း လူမျိုးဆိုတာ ရာဇ၀င် လိုက်ပြီး ရန်ဖြစ်နေခဲ့တဲ့ လူမျိုးတွေပါ။ အခုလို အဖြစ်ကို မြင်ရတော့ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ လူမျိုးနှစ်မျိုးကြား ငြိမ်းချမ်းရေး ရလာတော့မလား ဆိုပြီးလဲ ပြောဆိုလာကြပါတယ်။

သို့သော်လည်း၊ သူ့လူမျိုး (အစ္စရေး) အချင်းချင်း တွေရဲ့ ဝေဖန် ကဲ့ရဲ့ခြင်းများကိုလဲ ခံရပါတယ်။ ဘာပဲ ဖြစ်ဖြစ် ပါလက်စတိုင်းသားတွေရဲ့ facebook တွေမှာတော့ ဒီ အမျိုးသမီးကို တော်တော် ချီးကျူးထားတာ တွေ့ရပါတယ်။ ဒါဟာ ပါလက်စတိုင်းတွေ အစ္စရေး တစ်ယောက်အပေါ် အကောင်းမြင်လာတဲ့ ရှားရှားပါးပါး ကောမ်မန့်လေးတွေပါ။

လူတစ်ဦး တစ်ယောက်ရဲ့ စိတ်ထားမှန်ကန်စွာ ပြုမူလိုက်ခြင်းသည် လူအများအတွက် ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာ ဒီအဖြစ်က သက်သေပြနေပါတယ်။ မကောင်းမှုကို သိရက်နဲ့ ကိုယ့်အမျိုးမို့ အားပေး၊ အားမြောက်ပြုခြင်းကို ကိုယ့်ဘာသာကိုယ် တော့ အမှားအမှန် မသိနိုင်ပေမယ့် အပြင်လူ တစ်ယောက်အနေနဲ့ ကြည့်လိုက်မှ မသင့်တော်မှန်း သိရတဲ့ အဖြစ်မျိုးတွေရှိကောင်းရှိမှာပါ။ 

ဘယ်နေရာ မဆို အမှန်တရား ဘက်က ရပ်တည်နိုင်တဲ့ စိတ်ထားဟာ လူတစ်ယောက်ရဲ့ တန်ဖိုးပါပဲ။

Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့ လူသား သန်းပေါင်းမြောက်များစွာကို အမြင်သစ်ပေးခဲ့ပါတယ်။ ထိုမျှမက နှစ်ပေါင်းများစွာ ရန်သူလို ဆက်ဆံနေခဲ့ကြတဲ့ Israel နဲ့ Palestine ကြားမှာ ငြိမ်းချမ်းရေး ဆေးတစ်ခွက်လဲ ဖြစ်ခဲ့ပါတယ်။

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း

မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။ 

မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။ 


အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ 

--
Aung Kham (TSJ team)

--
http://blog.techspace.com.mm/2013/02/youtube.html

--

မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။

ယုဇနပလာဇာ တနင်္လာနေ့တိုင်း ဆိုင်ပိတ်ခွင့်ပေးရန် အလုပ်ရှင်၊ အလုပ်သမားများ တောင်းဆို

ယုဇနပလာဇာ တနင်္လာနေ့တိုင်း ဆိုင်ပိတ်ခွင့်ပေးရန် အလုပ်ရှင်၊ အလုပ်သမားများ တောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၂၅။

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ယုဇနပလာဇာတွင်
ဆိုင်ခန်းများ တနင်္လာနေ့တိုင်း ပိတ်ခွင့်ပေးရန် အလုပ်ရှင်များနှင့် အလုပ်သမားများ တောင်းဆို ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း
သိရှိရသည်။

“ဒီလ ၁၆ ရက်နေ့က စပြီး ယုဇနပလာဇာကို ပိတ်ရက်မရှိ
ဖွင့်တော့မယ်လို့ အုပ်ချုပ်ရေး ကော်မတီက စာပို့ပါတယ်။
ကျွန်တော်တို့ကို ကြိုတင်အကြောင်းကြားတာ မရှိပါဘူး” ဟု ယုဇနပလာဇာမြေညီထပ်မှ ဆိုင်ပိုင်ရှင် ကိုညီညီက ပြော
ကြားသည်။

ယုဇနပလာဇာ အုပ်ချုပ်ရေးကော်မတီက ဆိုင်ခန်းများ ပိတ်ရက်
မရှိဖွင့်ရန် အကြောင်းကြားစာ ပေးပို့ထားသော်လည်း တနင်္လာနေ့
တွင် ပိတ်ထားသည့် ဆိုင်ခန်းများရှိနေသေးသည့်အတွက် လုံခြုံရေး
ယူပေးရန် တာဝန်မယူကြောင်း အကြောင်းကြားစာများ ထပ်မံပေးပို့
ခဲ့သည်ဟု ကိုညီညီက ရှင်းပြသည်။

ဈေးသူဈေးသားများ၏ ဆန္ဒကို မေးမြန်းခြင်းမရှိဘဲ သတင်းစာ
ထဲတွင် “တနင်္လာနေ့တိုင်း ယုဇနပလာဇာဖွင့်ပြီ” ဟု တရားဝင်
ကြော်ငြာများထည့်ပြီး ကြေညာခဲ့ခြင်းကို ရှုတ်ချကြောင်း ဆန္ဒ
ထုတ်ဖော် သူများက ပြောကြားသည်။

ရှိုးကမ္ဘာဆိုင်မှ ဆိုင်ပိုင်ရှင် ဦးတင်ဆိုင်က “ယုဇနပလာဇာပိုင်ရှင်
ဦးဌေးမြင့်က အများဆန္ဒကို မခံယူဘဲနဲ့ ဆုံးဖြတ်တာ လွဲနေတယ်
လို့ လည်းထင်တယ်။ မှားနေတယ်လို့လည်း ထင်ပါတယ်” ဟု ပြောကြားသည်။

ယုဇနပလာဇာကို တနင်္လာနေ့တိုင်း ပုံမှန် ဆိုင်ခန်းများပိတ်ခွင့်ပေး
ရန်အတွက် ဆိုင်ရှင်၊ ဆိုင်ဌား ၇၀၀ ကျော်နှင့် အလုပ်သမားပေါင်း ၁၀၀၀ ကျော် လက်မှတ်ထိုး တောင်းဆိုမှုများလည်း ပြုလုပ်ထား
ကြောင်း သိရသည်။

တနင်္လာနေ့တွင် ဆိုင်ခန်းဖွင့်သည့် ဆိုင်ပိုင်ရှင်အချို့က ဈေးပိတ်သည့် အတွက် တစ်ရက်လျှင် တစ်သိန်းခန့် နစ်နာကြောင်း၊ ပိတ်ချင်သူ များပြား သည့်အတွက် ကြားညှပ်မည်ကို စိုးရွံ့ကြကြောင်း ပြောကြားသည်။

ဟိန်းသူ

အေးချမ်းမွန်မှ  The Myanma Age တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၂၅။

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ယုဇနပလာဇာတွင် ဆိုင်ခန်းများ တနင်္လာနေ့တိုင်း ပိတ်ခွင့်ပေးရန်
 အလုပ်ရှင်များနှင့် အလုပ်သမားများ တောင်းဆို ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကော်ရှူနှုန်းများသွားပါကဦးနှော က်ထိခိုက်ကာစိတ်ရူးသွပ်သည်အထိဖြစ်နိုင်

ကော်ရှူနှုန်းများသွားပါကဦးနှောက်ထိခိုက်ကာစိတ်ရူးသွပ်သည်အထိဖြစ်နိုင်

ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃

လူငယ်များအကြား ကော်ရှူနှုန်း မြင့်မားလာနေပြီး များများရှူပါက ဦးနှောက်ထိခိုက်ကာ စိတ်ရူးသွပ်သွားသည်အထိ ဖြစ်နိုင်ကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာခင်မောင်ဆွေကပြောသည်။

“ကော်ထဲမှာပါတဲ့ တင်ဒါလို ဓာတုပစ္စည်းမျိုးက အဆုတ်ကို တိုက်ရိုက် အန္တရာယ်ပေးတာ။ များများရှူမိရင် ဦးနှောက်ပါထိခိုက်ပြီး ရူးတဲ့အထိ ဖြစ်နိုင်တယ်”ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ ခင်မောင်ဆွေက ပြောသည်။

ထို့အပြင် ကော်ရှူနှုန်းမြင့်မားလာခြင်းက လူမှုပတ်ဝန်းကျင်အပြင် ယင်းတို့၏ဘ၀ကိုပါ အလွန်အမင်း ဆိုးရွားစေကြောင်း စိတ်ကျန်းမာရေး ဆရာဝန် ဒေါက်တာအောင်ကျော်မျိုးက ပြောသည်။

ဆေးခြောက်၊ ဘိန်းဖြူတို့ကဲ့သို့ ဥပဒေအရ မူးယစ်ဆေးဝါးအဖြစ် သတ်မှတ် မထားသော အဆိုပါ ကော်ဘူးများမှာ လမ်းဘေးကွမ်းယာဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင်တို့တွင် အလွယ်တကူ ၀ယ်ယူနိုင်ပြီး ဈေးနှုန်း အနေဖြင့်လည်း ကျပ်ငါးရာခန့်သာ ပေးရသောကြောင့် လူငယ်များ အလွယ်တကူ သုံးစွဲနေကြခြင်းဖြစ်သည်။

ကော်ရှူမိပါက ရန်လိုခြင်း၊ မိုက်ရူးရဲဆန်ခြင်း စသည့်လက္ခဏာများဖြစ်ပြီး အုပ်စုလိုက်ရှူလေ့ရှိကြသောကြောင့် ဘေးပတ်ဝန်းကျင်ကို ရမ်းကားသော အလေ့အထမျိုး ရှိကြောင်း သိရသည်။ ရန်ကုန်မြို့တွင် အင်းလျားကန်ပေါင်၊ ဆူးလေဘုရားနှင့် ဘူတာကြီး အနီးတစ်ဝိုက်တွင် အုပ်စုဖွဲ့နေထိုင်တတ်ကြပြီး နယ်ဒေသအချို့တွင်လည်း ကော်ရှူသည့် အလေ့အထမှာ လူငယ်များ အကြား ပျံ့နှံ့နေပြီဖြစ်သည်။

“မသုံးဖူးလို့ တစ်ခါစမ်းသုံးလိုက်တာ။ အိမ်ကမိဘတွေက အပမှီတယ်ထင်ပြီး ဘုန်းကြီးကျောင်းကို ပို့ပစ်တာမျိုး ကြုံဖူးတယ်” ဟု အင်းလျားကန်ပေါင်တွင် သူငယ်ချင်းများနှင့် နေ့စဉ်ကော်ရှူနေသော ၁၅ နှစ်အရွယ် လူငယ်တစ်ဦးက ဆိုသည်။

ကမာရွတ်မြို့နယ် ရဲစခန်းမှ ဒုရဲအုပ်မောင်မောင်စိုးက လူငယ်များ အုပ်စုဖွဲ့ကော်ရှူနေသည်ကို တွေ့နေရသော်လည်း မူးယစ်ဆေးဝါးဥပဒေအရ အရေးယူ၍ မရသောကြောင့် ပိုမိုအတင့်ရဲလာကြကြောင်း ပြောသည်။

“အရွယ်မရောက်သေးတဲ့ လူငယ်ဆိုတော့ ဖမ်းဆီးအရေးယူဖို့ထက် ပညာပေးဖို့ လိုအပ်တယ်။ အခုနောက်ပိုင်း ယောက်ျားလေးတွေအပြင် မိန်းကလေးတွေပါ သုံးစွဲတာ တွေ့နေရတော့ လူငယ်မျိုးဆက်တွေအတွက် ရင်လေးစရာပါ” ဟု မူးယစ်ဆေးဝါးဖြတ်လိုသူများကို ကူညီပေးနေသည့် လူငယ့်အားမာန်အဖွဲ့မှ ကိုလှထွန်းမျိုးကဆိုသည်။

မူးယစ်ဆေးစွဲနေသူအများစုမှာ ဆေးလိပ်၊ ကွမ်းယာ၊ အရက်မှ အစပြု၍ စိတ်ကိုပြောင်းလဲစေသော ကော်၊ ကင်ဆာရောဂါကို ပျောက်စေသော ထမရောကဲ့သို့သော အိမ်သုံးဆေးဝါးတို့ကို သုံးစွဲကာ ယင်းမှ တစ်ဆင့် ဆေးခြောက်၊ ဘိန်းဖြူ စသည်တို့ကို တစ်ဆင့်ချင်း သုံးစွဲခြင်းဖြစ်၍ ငယ်ရွယ်စဉ်မှစတင်ကာ ပညာပေးတားဆီးသင့်ကြောင်း ၎င်းက အကြံပြုသည်။

ဥပဒေဖြင့် တားမြစ်ထားခြင်းမရှိသော အဆိုပါကော်ဘူးများအား တလွဲ အသုံးချမည်ဟု ယူဆပါက ဈေးဆိုင်များအနေဖြင့် လူငယ်များအား မရောင်းချသင့်ကြောင်း ဒေါက်တာဌေးအောင်က (Health Digest) ကျန်းမာရေးနှင့် ဆေးပညာဂျာနယ်တွင် ရေးသားထားသည်။

“ကော်ဘူးအ၀ကနေ ရှူသွင်းလိုက်တဲ့ လေထဲမှာ အောက်ဆီဂျင်ပါဝင်မှု နည်းပါးတာကြောင့် လေငတ်တဲ့လက္ခဏာတွေ ခံစားရတာ၊ အဆုတ်ရောင်တာတွေ ဖြစ်နိုင်ပါတယ်။ သေဆုံးကြသူတွေရဲ့ ၂၂ ရာခိုင်နှုန်းက သူတို့ရဲ့ ပထမဆုံးအကြိမ် ရှူသွင်းတဲ့အခေါက်မှာတင် အသက်ဆုံးရှူံးကြရတာပါ” ဟု ဒေါက်တာဌေးအောင်က ရေးသားထားသည်။


(Share from:General Knowledge)
ဗိုက်ဆာတဲ့ဝေဒနာပျောက်ဖို့ ကော်ဗှုးရှုနေရတဲ့ မြန်မာလူငယ်လေးများ
ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃

လူငယ်များအကြား ကော်ရှူနှုန်း မြင့်မားလာနေပြီး များများရှူပါက ဦးနှောက်ထိခိုက်ကာ စိတ်ရူးသွပ်သွားသည်အထိဖစ်နိုင်ကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာခင်မောင်ဆွေကပြော
သည်။

ရေခဲတောင် မှ ရှင်သန်ကျော်ဖြတ်ခြင်း နှစ်နှစ်ပြည့် အထိမ်းအမှတ်

ရေခဲတောင် မှ ရှင်သန်ကျော်ဖြတ်ခြင်း နှစ်နှစ်ပြည့် အထိမ်းအမှတ်

မြန်မာနိုင်ငံ၏ မြောက်ဖျားစွန်း၊ ဆီးနှင်းများ အမြဲနီးပါး ဖုံးလွှမ်းနေလေ့ရှိသော မဒွယ်တောင်ထိပ်ဖျား နတ်ရေကန်တွင် မတော်တဆဖြစ်ပွားခဲ့သော ရဟတ်ယာဉ်ပျက်ကျမှုဆီမှ ရှင်သန်လွတ်မြောက်လာခဲ့သည်မှာ ယနေ့ဆိုလျှင် ၂-နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ အဖြစ်အပျက်ကို ပြန်တွေးကြည့်မိတိုင်းလည်း မနေ့တနေ့ကလို အတွေးအာရုံထဲ ကွက်ကွက်ကွင်းကွင်း ပြန်မြင်ယောင်မိ နေပါသေးသည်။  

မဒွယ်တောင်သည် အမြင့်ပေ ၁၅၀၀၀ ကျော်မြင့်မားလှပေရာ လူသားတို့အတွက် အသက်ရှူရန်ပင် လွန်စွာပင်ပန်းလှပေသည်။ ထို့အပြင် ဆီးနှင်းဒဏ်နှင့် ရေခဲမှတ်အောက် ရောက်ရှိနေသော အအေးဒဏ်များကလည်း နေ့ဝက်မျှပင် အသက်ရှင်ရန် ခက်ခဲသော အခြေအနေကို ဖန်တီးထားသကဲ့သို့ ရှိနေပါသည်။ 

ထိုသို့သော အခက်အခဲနှင့် သဘာဝ အတားအဆီးများကို လေးရက်တိုင်တိုင် အစားအသောက်နှင့် အနွေးအကာမရှိ ဖြတ်ကျော်လွှား နိုင်ခဲ့သည်ကိုလည်း ပြန်တွေးမိတိုင်း ၀မ်းမြောက်ဂုဏ်ယူမဆုံး ဖြစ်ရပါသည်။ ဤကဲ့သို့ အသက်အန္တရာယ်ကို ကျော်လွှားလွတ်မြောက်နိုင်ခဲ့သည့် အဓိကအစိတ်အပိုင်းမှာ စိတ်ဓါတ်နှင့် စည်းလုံးမှုပင် ဖြစ်ပါသည်။ 

အဖိုးမှစ၍ ကျေးဇူးရှင် ဖခင် ဦးမြင့်ဆွေ၊ သူရဲကောင်းမှတ်တမ်းဝင်၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်)၊  နိုင်ငံဂုဏ်ရည် (ပထမအဆင့်) ထံမှ သွန်သင်ကြားနာခဲ့ရသည့် အရာရာတိုင်းကို မဆုတ်မနစ် ရဲဝံ့စွာ ကြိုးစားတတ်သော စိတ်ဓါတ်တို့က သေမင်းကို အံတုကာ သေမင်းခံတွင်းဝမှ လွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည် ဆိုရပါမည်။

မိမိနှင့်အတူ အသက်ဘေးမှ လွတ်မြောက်ရန်အတွက် အတူတကွ အားလုံးအနစ်နာခံ ကြိုးစားစွမ်းဆောင်ခဲ့ကြသူ သူရဲကောင်းငါးဦးကိုလည်း ယခုကဲ့သို့ ရေခဲတောင်မှ ရှင်သန်လွတ်မြောက်ခြင်း နှစ်နှစ်ပြည့် အချိန်တွင် လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်မိပါကြောင်းနှင့် စိုးရိမ်တကြီး ၀ိုင်းဝန်းကယ်ဆယ် ကူညီပေးကြသော သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ ဒေသခံ ပြည်သူပြည်သားများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားအပ်ပါသည်။

မြန်မာနိုင်ငံ၏ မြောက်ဖျားစွန်း၊ ဆီးနှင်းများ အမြဲနီးပါး ဖုံးလွှမ်းနေလေ့ရှိသော မဒွယ်တောင်ထိပ်ဖျား နတ်ရေကန်တွင် မတော်တဆဖြစ်ပွားခဲ့သော ရဟတ်ယာဉ်ပျက်ကျမှုဆီမှ ရှင်သန်လွတ်မြောက်လာခဲ့သည်မှာ ယနေ့ဆိုလျှင် ၂-နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ အဖြစ်အပျက်ကို ပြန်တွေးကြည့်မိတိုင်းလည်း မနေ့တနေ့ကလို အတွေးအာရုံထဲ ကွက်ကွက်ကွင်းကွင်း ပြန်မြင်ယောင်မိ နေပါသေးသည်။

(၈၅)ကြိမ်မြောက် အော်စကာဆုပေးပွဲမှ ဆုရရှိသူများနှင့် ဇာတ်ကားများစာရင်း အပြည့်အစုံ ထွက်ပေါ်

US-OSCARS-SHOW

Argo director Ben Affleck accepts the Oscar for Best Movie onstage at the 85th Annual Academy Awards on February 24, 2013 in Hollywood, California. AFP PHOTO/Robyn BECK
 AFP

လော့စ်အိန်ဂျလိစ်၊ ဖေဖေါ်ဝါရီ-၂၅ ကမ္ဘာ့ရုပ်ရှင်လောက၏ အရှိန်အဝါအကြီးဆုံး ဆုပေးပွဲတစ်ရပ်ဖြစ်သည့် ၈၅ ကြိမ်မြောက် အော်စကာ အကယ်ဒမီဆုပေးပွဲကို ကျင်းပခဲ့ရာ ဆုရရှိသူ သရုပ်ဆောင်များ၊ ဇာတ်ကား
များ၏ အမည်စာရင်းအပြည့်အစုံ ပေါ်ထွက်ခဲ့ပြီဖြစ်ပါသည်။

ပြည်ပ မောင်းသူမဲ့ လေယာဉ် တစ်စင်း အီရန် ပစ်ချ

ပြည်ပ မောင်းသူမဲ့ လေယာဉ် တစ်စင်း အီရန် ပစ်ချ
Monday, February 25, 2013 

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့် တပ်ဖွဲ့ (IRGC) သည် နိုင်ငံ တောင်ပိုင်းတွင် စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို ပြုလုပ်စဉ်
ပြည်ပ မောင်းသူမဲ့ လေယာဉ် တစ်စင်းကို ပစ်ချ၍ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်း ဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန် ခဲ့သည်။

IRGC ၏ အီလက်ထရွန်နစ် တပ်ဖွဲ့ဝင် များသည် နိုင်ငံတောင်ပိုင်း ပိုင်နက် အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်း နေသော ပြည်ပ မောင်းသူမဲ့ လေယာဉ်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ကြီး ဟာမစ် ဆာခေလီ၏ ပြောကြားချက်ကို ကိုးကား၍ IRNA သတင်း ဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

IRGC မှ ကျွမ်းကျင် ပညာရှင် များသည် အဆိုပါ မောင်းသူမဲ့
လေယာဉ်၏ လေကြောင်း သွားလာမှု စနစ်ကို ထိန်းချုပ်ပြီးနောက် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရာ ဆာကျန်မြို့ အနီးတွင် ပစ်ချခဲ့ခြင်း
ဖြစ်ကြောင်းနှင့် စစ်ရေး လေ့ကျင့်မှုကို ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင် ပြုလုပ်ခဲ့ကြောင်း ဆာခေလီက ပြောကြား ခဲ့သည်။

http://bit.ly/XzWqcb
မြ၀တီ

Monday, February 25, 2013

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့် တပ်ဖွဲ့ (IRGC) သည် နိုင်ငံ တောင်ပိုင်းတွင် စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို ပြုလုပ်စဉ် ပြည်ပ မောင်းသူမဲ့ လေယာဉ် တစ်စင်းကို ပစ်ချ၍ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်း ဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန် ခဲ့သည်။

အစိုးရ ရဲဘော်(၁၀)ဦး ငြိမ်းချမ်းရေးလိုလားကြောင်းဆန္ဒထုတ်ဖော်ပြသတဲ့အနေဖြင့် ဗုံးဖောက်ခွဲ၍သတ်သေ

February 25, 2013 post by Min Htay
အစိုးရကငြိမ်းချမ်းရေးကိုအမှန်တကယ်မလိုလားသောလုပ်ဆောင်ချက်များကိုတွေ့ရှိသောကြောင့် ဒေါ့ဖုန်းယန် နှင့် လွယ်မောက်ယန် အကြား ခလားတောင်ခြေတွင် တပ်စွဲထားသော ခမရ-၃၈၉, ခမရ-၂၃၇, ခလရ- ၇၄ မှ ရဲဘော်(၁၀)သည် အောက်ခြေရဲဘော်များငြိမ်းချမ်းရေးကိုလိုလားကြောင်း ဆန္ဒထုတ်ဖော်သည့်အနေဖြင့် ဖေဖေါ်ဝါရီလ(၂၄)ရက်နေ့မှာ ဗုံးဖောက်သတ်သေသွားခဲ့ကြသည်။

မန်းတွင် သင်္ကြန်မဏ္ဍပ်တည်ဆောက်လိုသူများ စတင်လျှောက်ထားနိုင်ပြီ

မန်းတွင် သင်္ကြန်မဏ္ဍပ်တည်ဆောက်လိုသူများ စတင်လျှောက်ထားနိုင်ပြီ

မန္တလေး-ဖေဖော်ဝါရီ ၂၅

ယခုနှစ်သင်္ကြန်တွင် သင်္ကြန်မဏ္ဍပ်တည်ဆောက်လိုသူများ မန်းစည်ပင်အခွန်ဌာနာသို့ မတ်လ၈ရက် နေ့နောက်ဆုံးထားလျှောက်ထားနိုင်ပြီးဖြစ်ကြောင်း မန်းစည်ပင် အခွန်ဌာနမှသိရသည်။ 
ကျုံးဘေးပတ်လည် တွင်တည်ဆောက်လိုသော မဏ္ဍပ်များမှာ အာမခံကြေးငါးသိန်းပေးချေရမည်ဖြစ်ပြီး ကန်တော်ကြီးပတ်လည်နှင့် မြို့တွင်းနေရာများတွင် အာမခံကြေးပေးသွင်းရန်မလိုဘဲ မဏ္ဍပ်တည်ဆောက်ရာတွင် တီးဝိုင်းပါလျှင် ရေပိုက် ၁၂၀နှင့် တီးဝိုင်းမပါလျှင် ရေပိုက် ၈၀အထိသာ လက်ခံဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ မတ်လ၁၃ရက်နေ့တွင် မဏ္ဍပ်နေရာများအတွက် မဲနှိုက်မည်ဖြစ်ပြီး ၁၅ရက်နေ့တွင် တည်ဆောက်ခွင့်ပေးသွား မည်ဖြစ်ကြောင်း မန်းစည် ပင် အခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မဏ္ဍပ်တွေကို စည်းကမ်းချက်တွေနှင့် အညီတည်ဆောက်ရပါမယ်။ တည်ဆောက်ခြင်းမရှိတဲ့မဏ္ဍပ်တွေ ကို တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ် ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
မဏ္ဍပ်တည်ဆောက်လိုသူများသည် စည်ပင်ဌာနမှ ချပေးသည့်နေရာတွင် သတ်မှတ်ထားသည့် အကျယ်အ၀န်းအတိုင်း တည်ဆောက်ရမည်ဖြစ်ပြီး မဏ္ဍပ်အောက်တွင် ဆယ်ပေပတ်လည် အမှိုက်ကန်ထားရှိရ မည်ဖြစ်ကာ ယာယီရေလောင်းအိမ်သာထားရှိရမည်ဖြစ်သည်။ ထို့အပြင် စီးကရက်၊ ဆေးလိပ်၊ ဘီယာနှင့် အရက်ကြော်ငြာများကပ်ခြင်း၊ ချိပ်ဆွဲခြင်းများမပြုလုပ်ရန်နှင့် မဏ္ဍပ်တည်ဆောက်ရာတွင် ပလပ်ဖောင်းအတွင်း သာတည်ဆောက်ရမည်ဖြစ်ပြီး လေအိုးသုံးရေပိုက်၊ မီးသက်ပိုက်ခေါင်းများဖြင့် ရေပတ်ခြင်းအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လိုက်နာခြင်းမရှိပါက Black List စာရင်းသွင်းရ်ျ လိုအပ်သလို အရေးယူသွား မည်ဖြစ်ကြောင်း မဏ္ဍပ်တည်ဆောက်လိုသူများလိုက်နာရန် မန်းစည်ပင် အခွန်ဌာနမှ ထုတ်ပြန်ထားသည့် စည်း ကမ်းချက်များအရသိရသည်။ ဖိုးလပြည့်

မန္တလေး-ဖေဖော်ဝါရီ ၂၅

ယခုနှစ်သင်္ကြန်တွင် သင်္ကြန်မဏ္ဍပ်တည်ဆောက်လိုသူများ မန်းစည်ပင်အခွန်ဌာနာသို့ မတ်လ၈ရက် နေ့နောက်ဆုံးထားလျှောက်ထားနိုင်ပြီးဖြစ်ကြောင်း မန်းစည်ပင် အခွန်ဌာနမှသိရသည်။

အချစ်ပုံပြင် ၈၈” တေးစီးရီး ထွက်ရှိမည့် ရက်ဂေးးအဆိုရှင် စောဖိုးခွား

”အချစ်ပုံပြင် ၈၈” တေးစီးရီး ထွက်ရှိမည့် ရက်ဂေးးအဆိုရှင်
စောဖိုးခွား

ရန်ကုန်၊ ဖေဖဝါရီ ၊၂၅။

အချစ်ပုံပြင် ၈၈ ဆိုသော တေးသီချင်းခေါင်းစဉ်ဖြင့် ရက်ဂေး
အယ်ဘမ် ထပ်မံထွက်ရှိရန်ပြင်ဆင်လျက် ရှိကြောင်း မြန်မာနိုင်ငံ
၏ တစ်ဦးတည်းသော ရက်ဂေးတေးသီချင်းများ သီဆိုသူ
စောဖိုးခွါးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

အဆိုပါ တေးစီးရီးတွင် သီချင်းပုဒ်ရေ(၁၀)ပုဒ်အထက် ပါဝင်မည်
ဖြစ်ပြီး၊ အင်္ဂလိပ် ဘာသာဖြင့် သီဆိုထားသော သီချင်း(၃)ပုဒ်နှင့်
အတူ ငြိမ်းချမ်းရေးဦးတည်သော သီချင်းများပါဝင်မည်ဖြစ်ကြောင်း
သိရသည်။

"၈၈တုန်းက ဒါကျွန်တော်တို့ရဲ့ တကယ့်ဖြစ်ရပ်မှန်လေးပါ။ ၈၈မှာ မှီခဲ့တဲ့ ကျောင်းသားတွေ အကုန်လုံး သိတယ်။ အစိုးရနဲ့ ကျောင်း
သားတွေ ပြသနာဖြစ်တော့ ရုန်းရင်းဆန်ခတ် ဖြစ်တယ်။ ပြေးကြ
တော့ သမီးရည်းစား နှစ်ယောက်လည်း ကွဲကြတာပေါ့။
ကြောက်လန့်ပြီး ပြေးကြတော့ စစ်ကားဘက် ပြေးတဲ့သူကပြေး၊ ဒီဘက်ပြေးတဲ့ သူကပြေးနဲပေါ့။ ဒါပေမယ့် ဒီကောင်လေး ထင်ထား တာ ကျောင်းပြန်ဖွင့်ရင် အဲဒီရှေ့မှာ အရေးအခင်းတွေက အများကြီး
ဖြစ်ဖူးနေတော့ သူတို့ ပြန်ပြန်တွေ့ကြတယ်။ ဒီတစ်ခေါက်တော့ ပြန်
မတွေ့လိုက်တာ ဒီနေ့ထက်ထိပြန်မတွေ့တော့ဘူး။ သူ့ရွာမှာလား၊
သူနေတဲ့ မြို့မှာလားပေါ့။ ဒီနေ့ထက်ထိ မတွေ့တော့တဲ့ အကြောင်းကို
ပြောထားတာ။ အဲမှာ ဘာတွေပါလဲဆိုတော့ တက္ကသိုလ်နဲ့ ပတ်သက်
တဲ့ အရိပ်အရောင်လေးတွေ ပါမယ်။ သူတို့ စတွေတာ ကန်ဘောင်က အကြော်ဆိုင်မှာ ဆိုတော့ ကန်ဘောင်က အကြော်ဆိုင်လေး အ
ကြောင်းပါမယ်။ အင်းယားဘေးက ခြေရာလေးတွေ ပါမယ်။ ဒါပေမယ့် ဒီနေ့ထက်ထိ သူ့ကိုပြန်မတွေတော့ဘူး။ အဲဒါလေးပါမယ်။ တကယ့် အဖြစ်ပျက်ကို ဆိုထားတဲ့ အတွက်ကြောင့်မို့ ကျွန်တော်ဆို ရင်လည်း တကယ့်မုလေးနဲ့ ဆိုဖြစ်မှာပါ” ဟု စောဖိုးခွားက ၄င်း၏ စီးရီးခေါင်းစဉ်
နှင့် ပတ်သက်၍ ပြောကြားသည်။

အနုပညာ လောကတွင်းသို့ (၁၉၉၇)ခုနှစ်တွင် စတင်ဝင်ရောက်လာခဲ့ကာ (၂၀၀၀)ခုနှစ်တွင် "တကယ့်ကို” တေးစီးရီး ထွက်ရှိပြီး၊ (၂၀၀၃)ခုနှစ်တွင် " မေ့ဖို့ သိပ်ခက်နေလို့” တေးစီးရီး ထွက်ရှိခဲ့ကြောင်းနှင့်၊ တတိယ စီးရီးဖြစ်သည့် "ဖြည်းဖြည်းယောက်ဖ” တေးစီးရီးကို (၂၀၁၁)ခုနှစ်တွင် ထွက်ရှိခဲ့ကြောင်း သိရသည်။

အိအိ

အေးချမ်းမွန်မှ  The Myanma Age တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

ရန်ကုန်၊ ဖေဖဝါရီ ၊၂၅။

အချစ်ပုံပြင် ၈၈ ဆိုသော တေးသီချင်းခေါင်းစဉ်ဖြင့် ရက်ဂေး အယ်ဘမ် ထပ်မံထွက်ရှိရန်ပြင်ဆင်လျက် ရှိကြောင်းမန်မာနိုင်ငံ၏တစ်ဦးတည်းသောရက်ဂေးတေးသီချင်းများ သီဆိုသူ စောဖိုးခွါးက မြန်မာ့ခေတ်
သို့ ပြောကြားသည်။

အန်ဂျလီနာ ဂျိုလီနှင့် ဘရတ်ပစ်တ်တို့ ဝိုင်ထုတ်လုပ်သည့်လုပ်ငန်း လုပ်ကိုင်မည်