Pages

Monday, February 25, 2013

အစိုးရ ရဲဘော်(၁၀)ဦး ငြိမ်းချမ်းရေးလိုလားကြောင်းဆန္ဒထုတ်ဖော်ပြသတဲ့အနေဖြင့် ဗုံးဖောက်ခွဲ၍သတ်သေ

February 25, 2013 post by Min Htay
အစိုးရကငြိမ်းချမ်းရေးကိုအမှန်တကယ်မလိုလားသောလုပ်ဆောင်ချက်များကိုတွေ့ရှိသောကြောင့် ဒေါ့ဖုန်းယန် နှင့် လွယ်မောက်ယန် အကြား ခလားတောင်ခြေတွင် တပ်စွဲထားသော ခမရ-၃၈၉, ခမရ-၂၃၇, ခလရ- ၇၄ မှ ရဲဘော်(၁၀)သည် အောက်ခြေရဲဘော်များငြိမ်းချမ်းရေးကိုလိုလားကြောင်း ဆန္ဒထုတ်ဖော်သည့်အနေဖြင့် ဖေဖေါ်ဝါရီလ(၂၄)ရက်နေ့မှာ ဗုံးဖောက်သတ်သေသွားခဲ့ကြသည်။ ထိုဖြစ်စဉ်ကို ဘေးမှာတွေ့ခဲ့တဲ့ ရဲဘော်တဦးကရွာထဲမှာအရက်လာသောက်ရင်း အခုလိုပြောခဲ့ပါတယ်။

" သူတို့ဗုံးမဖောက်ခင်ပြောတာက ပြည်သူလူထုနဲ့ စစ်မှုထမ်းဟောင်းတွေတောင် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေတာ အစိုးရက ဘာလို့ မလိုက်လျောတာလဲ ငြိမ်းချမ်းရေးကို ငါတို့ အောက်ခြေ ရဲဘော်အနေနဲ့ လိုလားကြောင်းဆန္ဒပြတဲ့အနေနဲ့ ကိုယ့်ကိုယ်သတ်မယ်ဆိုပြီး ဗုံးကြီးကို အလယ်မှာထားဝိုင်းထိုင်းပြီးမနက်ပိုင်း မှာ ဖောက်ခွဲလိုက်တာ ၃၈၉ ,၂၃၇ ,က(၉)ယောက် ၇၄ ,က (၁)ယောက် စုစုပေါင်း(၁၀)ယောက် သေသွားတယ် "

အခုဖြစ်စဉ်က ပြီးခဲ့တဲ့အပါတ်က ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ကို လမ်းခရီးမှာ နှောက်ယှက်တာရယ်၊ ICRC အဖွဲ့ ပြန်လှည့်သွားရတဲ့ကိစ္စတွေနဲ့ တိုက်ရိုက်ပါတ်သက်နေတယ်လို့ ဒေါ့ဖုန်းယန်ရွာသားများကပြောဆိုနေကြပါတယ်။
RND: 25.2.2013
Jade Land News:

0 comments:

Post a Comment