Pages

Monday, February 25, 2013

ယူရိုဇုန် ငွေကြေးအကျပ်အတည်းအောက်၌ အီတလီရွေးကောက်ပွဲများ စတင်

ယူရိုဇုန် ငွေကြေးအကျပ်အတည်းအောက်၌ 
အီတလီရွေးကောက်ပွဲများ စတင်

ရောမ၊ဖေဖေါ်ဝါရီ ၂၄ ။

ယူရိုဇုန်ငွေကြေးအကျပ်အတည်းကြောင့် ဘဏ္ဍာရေးခြိုးခြံ
ခြွေတာရေး အစီအစဉ်များနှင့် ရင်ဆိုင်နေရသော အီတလီ
နိုင်ငံသားများသည် ယနေ့ တနင်္ဂနွေနေ့ ဖေဖေါ်ဝါရီ ၂၄ 
တွင် အထွေထွေရွေးကောက်ပွဲတွင်အစိုးရသစ်ရွေးချယ်ရေး
အတွက် မဲရုံများသို့ သွားရောက်မဲပေးခဲ့ကြကြောင်း သိရသည်။

ယနေ့ စတင်ကျင်းပခဲ့သော ရွေးကောက်ပွဲများမှာ ၂၀၁၁ တွင် 
ဘီလီယံနာ သူဌေးကြီး ဘာလူစကိုနီ နှုတ်ထွက်သွားပြီးနောက် ဥရောပ ကော်မ ရှင် အကြီးအကဲဟောင်း မာရီယို မွန်တီက ဝန်ကြီးချုပ်တာဝန် ရယူခဲ့ပြီးနောက်ပိုင်း ပထမဆုံးကျင်းပသော
ရွေးကောက်ပွဲများလည်း ဖြစ်လာခဲ့သည်။

 
ရွေးကောက်ပွဲများတွင် ဒီမိုကရတ်တစ်ပါတီနှင့် ၎င်း၏ခေါင်း
ဆောင် ပီယာလူဂျီ ဘာဆနီမှာ အနိုင်ရရန်ရေပန်းစားနေပြီး 
ဘာလူစကိုနီမှာ ဒုတိယနေရာမှ လိုက်နေကြောင်း ဆိုကြသည်။

ရွေးကောက်ပွဲခန့် မှန်းစစ်တမ်းများအရ တတိယနေရာတွင် လူရွှင်တော်ဘဝမှ နိုင်ငံရေးသမားဖြစ်လာသူ ဘတ်ပီ ဂရီလိုက
 ရှိနေကြောင်း သိရ သည်။

ဒီမိုကရတ်တစ်ပါတီခေါင်းဆောင် ဘာဆနီကမူ ၎င်းသည် 
အာဏာရခဲ့ပါက အီတလီရင်ဆိုင်နေရသော နှစ် ၂၀ အတွင်း အရှည်ကြာဆုံးဘဏ္ဍာ ရေး အကျပ်အတည်းကိုသာမက
နိုင်ငံရေးနှင့် စီးပွားရေးတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွား
မည်ဟု ဆိုထားသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ အီတလီနေ့ စဉ်သတင်းစာ 
လာစတမ်ပါက “အီတလီဟာ မသေချာမှုထဲ မဲပေးရတော့
မှာပါ။ မဆုံးဖြတ်ရသေးတဲ့ မဲပေးသူတွေဟာ ဆုံးဖြတ်ရပါတော့
မယ်” ဟု သတင်းစာခေါင်းကြီးပိုင်းတွင် ဖေါ်ပြခဲ့သည်။ 

အီတာလျံရွေး ကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေမှာ ၄၇ သန်း
ရှိသည်ဟု သိရသည်။

အီတလီသည် ယူရိုငွေကြေးသုံးစွဲသော ယူရိုဇုန်နိုင်ငံများတွင် ဂျာမနီနှင့် ပြင်သစ်တို့ပြီးနောက် တတိယအကြီးဆုံး စီးပွားရေး
နိုင်ငံဖြစ်ပြီး လက် ရှိ တွင် နိုင်ငံ၏ ဂျီဒီပီထက် ကြွေးမြီပမာဏက
 ၁၂၀ ဒဿမ ၁ ရာခိုင်နှုန်းရှိနေကာ ယူရိုဇုန်တွင် ဂရိပြီးနောက်
ဘဏ္ဍာရေး အကျပ်အတည်းနှင့် ကြီးကြီးမားမားရင်ဆိုင်နေရသော ဒုတိယမြောက်နိုင်ငံဖြစ်နေသည်။

Ref: AFP

ရောမ၊ဖေဖေါ်ဝါရီ ၂၄ ။
ယူရိုဇုန်ငွေကြေးအကျပ်အတည်းကြောင့် ဘဏ္ဍာရေးခြိုးခြံခြွေတာရေး အစီအစဉ်များနှင့် ရင်ဆိုင်နေရသော အီတလီနိုင်ငံသားများသည် ယနေ့ တနင်္ဂနွေနေ့ ဖေဖေါ်ဝါရီ ၂၄ တွင် အထွေထွေရွေးကောက်ပွဲတွင်အစိုး
ရသစ်ရွေးချယ်ရေးအတွက် မဲရုံများသို့ သွားရောက်မဲပေးခဲ့ကြကြောင်း သိရသည်။ ယနေ့ စတင်ကျင်းပခဲ့သော ရွေးကောက်ပွဲများမှာ ၂၀၁၁ တွင် ဘီလီယံနာ သူဌေးကြီး ဘာလူစကိုနီ နှုတ်ထွက်သွားပြီးနောက် ဥရောပ ကော်မ ရှင် အကြီးအကဲဟောင်း မာရီယို မွန်တီက ဝန်ကြီးချုပ်တာဝန် ရယူခဲ့ပြီးနောက်ပိုင်း ပထမဆုံးကျင်းပသောရွေးကောက်ပွဲများလည်း ဖြစ်လာခဲ့သည်။


ရွေးကောက်ပွဲများတွင် ဒီမိုကရတ်တစ်ပါတီနှင့် ၎င်း၏ခေါင်းဆောင် ပီယာလူဂျီ ဘာဆနီမှာ အနိုင်ရရန်ရေပန်းစားနေပြီး ဘာလူစကိုနီမှာ ဒုတိယနေရာမှ လိုက်နေကြောင်း ဆိုကြသည်။

ရွေးကောက်ပွဲခန့် မှန်းစစ်တမ်းများအရ တတိယနေရာတွင် လူရွှင်တော်ဘဝမှ နိုင်ငံရေးသမားဖြစ်လာသူ ဘတ်ပီ ဂရီလိုကရှိနေကြောင်း သိရ သည်။

ဒီမိုကရတ်တစ်ပါတီခေါင်းဆောင် ဘာဆနီကမူ ၎င်းသည် အာဏာရခဲ့ပါက အီတလီရင်ဆိုင်နေရသော နှစ် ၂၀ အတွင်းအရှည်ကြာဆုံးဘဏ္ဍာ ရေးအကျပ်အတည်းကိုသာမကနိုင်ငံရေးနှင့် စီးပွားရေးတွင် ပြုပြ
င်ပြောင်း
လဲမှုများ ပြုလုပ်သွားမည်ဟု ဆိုထားသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ အီတလီနေ့ စဉ်သတင်းစာ လာစတမ်ပါက “အီတလီဟာ မသေချာမှုထဲ မဲပေးရတော့မှာပါ။ မဆုံးဖြတ်ရသေးတဲ့ မဲပေးသူတွေဟာ ဆုံးဖြတ်ရပါတော့မယ်” ဟု သတင်းစာခေါင်းကြီး
ပိုင်းတွင် ဖေါ်ပြခဲ့သည်။

အီတာလျံရွေး ကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေမှာ ၄၇ သန်းရှိသည်ဟု သိရသည်။

အီတလီသည် ယူရိုငွေကြေးသုံးစွဲသော ယူရိုဇုန်နိုင်ငံများတွင် ဂျာမနီနှင့် ပြင်သစ်တို့ပြီးနောက်တတိယ
အကြီး
ဆုံး စီးပွားရေးနိုင်ငံဖြစ်ပြီး လက် ရှိ တွင် နိုင်ငံ၏ ဂျီဒီပီထက် ကြွေးမြီပမာဏက၁၂၀ ဒဿမ ၁ ရာခိုင်နှုန်း
ရှိနေကာ ယူရိုဇုန်တွင် ဂရိပြီးနောက်ဘဏ္ဍာရေး အကျပ်အတည်းနှင့် ကြီးကြီးမားမားရင်ဆိုင်နေရသော ဒုတိယမြောက်နိုင်ငံဖြစ်နေသည်။

Ref: AFP
RND: 25.2.2013
The Myanma Age

0 comments:

Post a Comment