Pages

Monday, February 25, 2013

ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲရွာ့ (နောက်ဆုံးရသတင်း)

ယနေ့ည၁၀နာရီခွဲကျော်ခန့်ကစ၍ ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွါးနေသော
ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲရွာ့မှ ဆရာတော် အား အဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီး ဝန်းရံနေ
သောပြည်သူလူထုအား ခဲများဖြင့်ပစ်ပေါက်၊ တုတ်များဖြင့်ရိုက်ကာ ဖြိုခွဲခဲ့ကြောင်းကြားသိရသည်၊ရွာသူရွာ
သားများ ဝင်ရောက်နေသော နှစ်ကျပ်ခွဲရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအား ခဲများဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် အဖွဲ့ချုပ်ရုံးမှာ ပျက်စီး
ဆုံးရှုံးမှုများရှိသွားကြောင်း ကြားသိရပါတယ်၊ ညအချိန်အခါဖြစ်၍ ဓာတ်ပုံရိုက်ယူခဲ့ရခြင်းမရှိကြောင်း အရေး
တကြီး ထွက်ပြေးခဲ့ရသူ ရွာသားဒေသခံတစ်ဦးကပြောကြားခဲ့ပါသည်၊ 
 
ည၁၁နာရီကျော်တွင်လူစုကွဲသွားပြီး ရဲတပ်ဖွဲ့က လျှပ်စစ်ရုံးကားကို တွန်းယူသွားကြောင်းလည်း ကြားသိရ
ပါတယ်
 
အသေးစိတ်အချက်အလက်များကို မနက်ခင်းကျမှ ဆက်လက်ပြောပြပေးသွားပါမည် ဟု ထိုရွာသားကပြော
ကြားခဲ့ပါတယ်။
 
May Popa

0 comments:

Post a Comment