Pages

Monday, February 25, 2013

အချစ်ပုံပြင် ၈၈” တေးစီးရီး ထွက်ရှိမည့် ရက်ဂေးးအဆိုရှင် စောဖိုးခွား

”အချစ်ပုံပြင် ၈၈” တေးစီးရီး ထွက်ရှိမည့် ရက်ဂေးးအဆိုရှင်
စောဖိုးခွား

ရန်ကုန်၊ ဖေဖဝါရီ ၊၂၅။

အချစ်ပုံပြင် ၈၈ ဆိုသော တေးသီချင်းခေါင်းစဉ်ဖြင့် ရက်ဂေး
အယ်ဘမ် ထပ်မံထွက်ရှိရန်ပြင်ဆင်လျက် ရှိကြောင်း မြန်မာနိုင်ငံ
၏ တစ်ဦးတည်းသော ရက်ဂေးတေးသီချင်းများ သီဆိုသူ
စောဖိုးခွါးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

အဆိုပါ တေးစီးရီးတွင် သီချင်းပုဒ်ရေ(၁၀)ပုဒ်အထက် ပါဝင်မည်
ဖြစ်ပြီး၊ အင်္ဂလိပ် ဘာသာဖြင့် သီဆိုထားသော သီချင်း(၃)ပုဒ်နှင့်
အတူ ငြိမ်းချမ်းရေးဦးတည်သော သီချင်းများပါဝင်မည်ဖြစ်ကြောင်း
သိရသည်။

"၈၈တုန်းက ဒါကျွန်တော်တို့ရဲ့ တကယ့်ဖြစ်ရပ်မှန်လေးပါ။ ၈၈မှာ မှီခဲ့တဲ့ ကျောင်းသားတွေ အကုန်လုံး သိတယ်။ အစိုးရနဲ့ ကျောင်း
သားတွေ ပြသနာဖြစ်တော့ ရုန်းရင်းဆန်ခတ် ဖြစ်တယ်။ ပြေးကြ
တော့ သမီးရည်းစား နှစ်ယောက်လည်း ကွဲကြတာပေါ့။
ကြောက်လန့်ပြီး ပြေးကြတော့ စစ်ကားဘက် ပြေးတဲ့သူကပြေး၊ ဒီဘက်ပြေးတဲ့ သူကပြေးနဲပေါ့။ ဒါပေမယ့် ဒီကောင်လေး ထင်ထား တာ ကျောင်းပြန်ဖွင့်ရင် အဲဒီရှေ့မှာ အရေးအခင်းတွေက အများကြီး
ဖြစ်ဖူးနေတော့ သူတို့ ပြန်ပြန်တွေ့ကြတယ်။ ဒီတစ်ခေါက်တော့ ပြန်
မတွေ့လိုက်တာ ဒီနေ့ထက်ထိပြန်မတွေ့တော့ဘူး။ သူ့ရွာမှာလား၊
သူနေတဲ့ မြို့မှာလားပေါ့။ ဒီနေ့ထက်ထိ မတွေ့တော့တဲ့ အကြောင်းကို
ပြောထားတာ။ အဲမှာ ဘာတွေပါလဲဆိုတော့ တက္ကသိုလ်နဲ့ ပတ်သက်
တဲ့ အရိပ်အရောင်လေးတွေ ပါမယ်။ သူတို့ စတွေတာ ကန်ဘောင်က အကြော်ဆိုင်မှာ ဆိုတော့ ကန်ဘောင်က အကြော်ဆိုင်လေး အ
ကြောင်းပါမယ်။ အင်းယားဘေးက ခြေရာလေးတွေ ပါမယ်။ ဒါပေမယ့် ဒီနေ့ထက်ထိ သူ့ကိုပြန်မတွေတော့ဘူး။ အဲဒါလေးပါမယ်။ တကယ့် အဖြစ်ပျက်ကို ဆိုထားတဲ့ အတွက်ကြောင့်မို့ ကျွန်တော်ဆို ရင်လည်း တကယ့်မုလေးနဲ့ ဆိုဖြစ်မှာပါ” ဟု စောဖိုးခွားက ၄င်း၏ စီးရီးခေါင်းစဉ်
နှင့် ပတ်သက်၍ ပြောကြားသည်။

အနုပညာ လောကတွင်းသို့ (၁၉၉၇)ခုနှစ်တွင် စတင်ဝင်ရောက်လာခဲ့ကာ (၂၀၀၀)ခုနှစ်တွင် "တကယ့်ကို” တေးစီးရီး ထွက်ရှိပြီး၊ (၂၀၀၃)ခုနှစ်တွင် " မေ့ဖို့ သိပ်ခက်နေလို့” တေးစီးရီး ထွက်ရှိခဲ့ကြောင်းနှင့်၊ တတိယ စီးရီးဖြစ်သည့် "ဖြည်းဖြည်းယောက်ဖ” တေးစီးရီးကို (၂၀၁၁)ခုနှစ်တွင် ထွက်ရှိခဲ့ကြောင်း သိရသည်။

အိအိ

အေးချမ်းမွန်မှ  The Myanma Age တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

ရန်ကုန်၊ ဖေဖဝါရီ ၊၂၅။

အချစ်ပုံပြင် ၈၈ ဆိုသော တေးသီချင်းခေါင်းစဉ်ဖြင့် ရက်ဂေး အယ်ဘမ် ထပ်မံထွက်ရှိရန်ပြင်ဆင်လျက် ရှိကြောင်းမန်မာနိုင်ငံ၏တစ်ဦးတည်းသောရက်ဂေးတေးသီချင်းများ သီဆိုသူ စောဖိုးခွါးက မြန်မာ့ခေတ်
သို့ ပြောကြားသည်။ အဆိုပါ တေးစီးရီးတွင် သီချင်းပုဒ်ရေ(၁၀)ပုဒ်အထက် ပါဝင်မည် ဖြစ်ပြီး၊ အင်္ဂလိပ် ဘာသာဖြင့် သီဆိုထားသော သီချင်း(၃)ပုဒ်နှင့် အတူ ငြိမ်းချမ်းရေးဦးတည်သော သီချင်းများပါဝင်မည်ဖြစ်ကြောင်း
သိရသည်။

"၈၈တုန်းက ဒါကျွန်တော်တို့ရဲ့ တကယ့်ဖြစ်ရပ်မှန်လေးပါ။ ၈၈မှာ မှီခဲ့တဲ့ ကျောင်းသားတွေ အကုန်လုံး သိတယ်။ အစိုးရနဲ့ ကျောင်း သားတွေ ပြသနာဖြစ်တော့ ရုန်းရင်းဆန်ခတ် ဖြစ်တယ်။ ပြေးကြ တော့ သမီးရည်းစား နှစ်ယောက်လည်း ကွဲကြတာပေါ့။ ကြောက်လန့်ပြီး ပြေးကြတော့ စစ်ကားဘက် ပြေးတဲ့သူကပြေး၊ ဒီဘက်ပြေးတဲ့ သူကပြေးနဲပေါ့။ ဒါပေမယ့် ဒီကောင်လေး ထင်ထား တာ ကျောင်းပြန်ဖွင့်ရင် အဲဒီရှေ့မှာ အရေးအခင်းတွေက အများကြီး ဖြစ်ဖူးနေတော့ သူတို့ ပြန်ပြန်တွေ့ကြတယ်။ 
 
ဒီတစ်ခေါက်တော့ ပြန် မတွေ့လိုက်တာ ဒီနေ့ထက်ထိပြန်မတွေ့တော့ဘူး။ သူ့ရွာမှာလား၊ သူနေတဲ့ မြို့မှာလား
ပါ့။ ဒီနေ့ထက်ထိ မတွေ့တော့တဲ့ အကြောင်းကို ပြောထားတာ။ အဲမှာ ဘာတွေပါလဲဆိုတော့ တက္ကသိုလ်
နဲ့ ပတ်သက် တဲ့ အရိပ်အရောင်လေးတွေ ပါမယ်။ သူတို့ စတွေတာ ကန်ဘောင်က အကြော်ဆိုင်မှာ ဆိုတော့ ကန်ဘောင်က အကြော်ဆိုင်လေး အကြောင်းပါမယ်။ အင်းယားဘေးက ခြေရာလေးတွေ ပါမယ်။ 
 
ဒါပေမယ့် ဒီနေ့ထက်ထိ သူ့ကိုပြန်မတွေတော့ဘူး။ အဲဒါလေးပါမယ်။ တကယ့် အဖြစ်ပျက်ကို ဆိုထားတဲ့ အတွက်ကြောင့်မို့ ကျွန်တော်ဆို ရင်လည်း တကယ့်မုလေးနဲ့ ဆိုဖြစ်မှာပါ” ဟု စောဖိုးခွားက ၄င်း၏ စီးရီးခေါင်းစဉ် နှင့် ပတ်သက်၍ ပြောကြားသည်။

အနုပညာ လောကတွင်းသို့ (၁၉၉၇)ခုနှစ်တွင် စတင်ဝင်ရောက်လာခဲ့ကာ (၂၀၀၀)ခုနှစ်တွင် "တကယ့်ကို” တေးစီးရီး ထွက်ရှိပြီး၊ (၂၀၀၃)ခုနှစ်တွင် " မေ့ဖို့ သိပ်ခက်နေလို့” တေးစီးရီး ထွက်ရှိခဲ့ကြောင်းနှင့်၊ တတိယ စီးရီးဖြစ်သည့် "ဖြည်းဖြည်းယောက်ဖ” တေးစီးရီးကို (၂၀၁၁)ခုနှစ်တွင် ထွက်ရှိခဲ့ကြောင်း သိရသည်။

အိအိ
RND: 25.2.2013
The Myanma Age

0 comments:

Post a Comment