Pages

Monday, February 25, 2013

အန်ဂျလီနာ ဂျိုလီနှင့် ဘရတ်ပစ်တ်တို့ ဝိုင်ထုတ်လုပ်သည့်လုပ်ငန်း လုပ်ကိုင်မည်


pitt and jolie

အန်ဂျလီနာ ဂျိုလီနှင့် ဘရတ်ပစ်တ်တို့သည် ယခုအခါ ဝိုင်လုပ်ငန်းရှင်များ အဖြစ်လည်း စီးပွားရေး ချဲ့ထွင်တော့မည်ဟု သိရှိရသည်။ ဟောလီးဝုဒ် ရုပ်ရှင်ရပ်ဝန်း၏ နာမည်ကျော် ရွှေရောင် စုံတွဲသည် လာမည့်လမှ စတင်ကာ ကိုယ်ပိုင် ဝိုင်ထုတ်လုပ်သည့် လုပ်ငန်းကို လုပ်ကိုင်မည်ဖြစ်သည်။
နှင်းဆီဝိုင်ဟု ခေါ်ဝေါ်ကြသည့် ပန်းရောင်ဖျော့ ဝိုင်အမျိုးအစားကို ပစ်ဂျိုလီစုံတွဲက ထုတ်လုပ်ရောင်းချမည် ဖြစ်သည်။ ပစ်တ်နှင့် ဂျိုလီတို့သည် ပြင်သစ်နိုင်ငံတွင် (၂၀၀၈)ခုနှစ် ကတည်းက ယူရို သန်း(၄၀)ဖိုးမျှ မြေနေရာများ ဝယ်ယူ ရင်းနှီးမြှုပ်နှံထားသည်။

ပြင်သစ်တောင်ပိုင်း ဒေသတွင် ၎င်းတို့ပိုင် မြေဧက (၁၂၀၀)ခန့် ရှိနေပြီး ယင်းအနက် စပျစ်ခင်း ဧက (၅၀)မှ (၆၀)ခန့်ထိ ပါဝင်နေသည်။ ယခုအခါ ၎င်းတို့ နှစ်ဦးသည် ပြင်သစ် ဝိုင်လုပ်ငန်း ကုမ္ပဏီ Perrinမိသားစုနှင့် ပူးပေါင်းပြီး ကိုယ်ပိုင် အမှတ်တံဆိပ် ဝိုင်များ ရောင်းချသွားမည် ဖြစ်သည်။

Miraval Cotes de Provenceဟု အမည်ပေးထားပြီး ပြင်သစ်တောင်ပိုင်း၊ ဘရင်နိုလက်စ်မြို့ရှိ ၎င်းတို့ စုံတွဲပိုင် ဇိမ်ခံအိမ်ကြီး အနီးတွင် လုပ်ငန်းတည်ထောက် ထုတ်လုပ်မည့် ဝိုင်ပုလင်းများကို တစ်ပုလင်းလျှင် (၁၅)ယူရိုဖြင့် ရောင်းချသွားမည် ဖြစ်သည်။

နာမည်ကျော်များအနက် ဝိုင်လုပ်ငန်းထဲ ဝင်ရောက်လာသူများတွင် ပစ်တ်တို့ စုံတွဲက လောလောလတ်လတ် နောက်ဆုံးဖြစ်သည်။ 

ယခင်က ကမ္ဘာကျော် ပြိုင်ကားမောင်း ချန်ပီယံဟောင်း မိုက်ကယ် ရှူးမေကာ၊ အဆိုတော် Sting၊ ဘော
လုံးသမား ဒေးဗစ်ဘက်ဟမ်း၊ မင်းသား ဂျရတ် ဒီပါဂျူး၊ အဆိုတော် မက်ဒေါနားနှင့် ဒါရိုက်တာ ဖရန်ဆစ်ဖို့ဒ်
 ကော်ပိုလာတို့လည်း ဝိုင်လုပ်ငန်းတွင် ပါဝင် မြှုပ်နှံခဲ့သည်။

RND: 25.2.2013

Bangkok Post

0 comments:

Post a Comment