Pages

Friday, September 14, 2012

သင့်ကျန်းမာရေးအတွက် ရေချိုးသင့်သော အကြောင်းများ




ပင်ပန်းနွမ်းနယ် နေချိန်မှာ ရေစိမ်ကန်ထဲ စိမ်ချိုးတာက ပင်ပန်းမှု ပြေလျော့ပြီး စိတ်ကို လန်းဆန်းသွားစေပါ
တယ်။  ချိုးရေထဲ ရေချိုးပေါင်ဒါမှုန့် ဒါမှမဟုတ် ရေချိုးဆီ ထည့်ပေးတာက စိတ်နဲ့ခန္ဓာကို အနားရစေပါတယ်။

ဗြိတိသျှ တော်ဝင်မင်းသမီး ကိတ်မစ်ဒယ်လ်တန်၏ အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများ ပြင်သစ် မဂ္ဂဇင်း တစ်စောင်က ပုံနှိပ်ထုတ်ဝေမည်ကြေငြာ

 
ဗြိတိသျှ တော်ဝင်မင်းသမီး ကိတ်မစ်ဒယ်လ်တန်၏ အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများကို မိမိတို့ လက်ဝယ်ပိုင်ဆိုင်ပြီးပုံနှိပ်ထုတ်ဝေမည်ဆိုသောပြင်သစ်မဂ္ဂဇင်း တစ်စောင်၏ ကြေညာချက်ကြောင့်တော်ဝင်
နန်းတော် မိသားစု ခေါင်းကျိန်းနေရသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် KIA မှ မိုင်းခွဲမှုကြောင့် ကျောင်းသူ၊ ကျောင်းသားများ သေဆုံး ဒဏ်ရာရရှိ (ဓါတ်ပုံ)

လွှတ်တော်တက်နေသော ကိုယ်စားလှယ်များ၏ သွားလာရေး၊ စားသောက်ရေး အခက်အခဲများကိုဇတ်လမ်းအဖြစ်ဖန်တီးထားတဲ့‘ဇွတ်ခေါ်တဲ့ လွှတ်တော်’ မကြာမီ ထွက်တော့မည်


လျှပ်စစ်မီး မရရှိမှု အပါအဝင် အခြားတိုင်းပြည် အခြေအနေများကို ပြည်ထောင်စု လွှတ်တော် အတွင်း ကိုယ်
စားလှယ်များ ဆွေးနွေးချက်များအား ထောက်ပြ၍ လှောင်ပြောင် သရော်ထားသည့် ‘ဇွတ်ခေါ်တဲ့ လွှတ်တော်
’ ဗီဒီယိုဇာတ်လမ်းခွေကို မကြာမီ ဖြန့်ချိတော့မည် ဖြစ်သည်။

ပုသိမ်မြို့နယ် NLD ရုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို (ရန်ကုန်)မှ အသိအမှတ်မပြုတော့ကြောင်းသတင်းထုတ်ပြန်


ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့တွင် ဖွင့်လှစ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်ရုံးကို 'အသိအမှတ်မပြု' ကြောင်း ပါတီဗဟိုဌာနချုပ်က ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

Myanmar Payment Union ကနေ Debit Card ဘဏ်ကဒ် မိတ်ဆက်ပွဲအ ခမ်းအနားကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ ဒီကနေ့ မနက်ပိုင်း က ကျင်းပ

Photo: မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရပိုင်ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ် (၁၇) ခု ပူးပေါင်းပြီး ရင်းနှီးငွေ အမေရိကန်ဒေါ်လာ လေးသန်း မတည် ထူထောင်ထားတဲ့ Myanmar Payment Union ကနေ  Debit Card ဘဏ်ကဒ် မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ ဒီကနေ့ မနက်ပိုင်း က ကျင်းပခဲ့ပါတယ်။

အမ်ပီယူကဒ်တွေကို လက်တလောမှာ Debit Card ဘဏ်ကတ် အဖြစ် စတင်အသုံးပြုနိုင်မှာဖြစ်ပြီး မကြာခင် Credit Card အကြွေးဝယ်ကဒ် တွေ အဖြစ် ဆက်လက်ထုတ်ဝေတဲ့အခါ Master ၊ Visa ၊ American Express ၊ JCB ၊ China Union Pay Card စတဲ့ နိုင်ငံတကာအကြေးဝယ် ကဒ်ပြားတွေ နဲ့လည်း ချိတ်ဆက်သုံးနိုင်မယ်လို့ ပြောပါတယ်။ 

အမ်ပီယူ Dabit Card တွေကို  လက်ရှိနိုင်ငံတစ်ဝန်းမှာ တပ်ဆင်ထားတဲ့ 
 အေတီအမ် ငွေထုတ်စက်ပေါင်း ၁၂၇ လုံးမှာ အသုံးပြုနိုင်မှာဖြစ်ပြီး၊ များမကြာခင်မှာ နိုင်ငံတကာမှာတပ်ဆင်ထားတဲ့ ငွေထုတ်စက်တွေမှာပါ  အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ မြန်မာပေးမန့်ယူနီယံ အတွင်းရေးမှူး
 အေဂျီဒီဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောပါတယ်။

ဒီကနေ့ စတင်မိတ်ဆက်လိုက်တဲ့ အမ်ပီယူ debit ကဒ်တွေကို ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်က ဈေးဝယ်စင်တာတွေနဲ့ ဟိုတယ်လ်တွေမှာပါ ငွေပေးချေနိုင်မယ်လို့ သိရပါတယ်။ 

အမ်ပီယူကဒ်နဲ့ အေတီအမ်စက်တွေကနေ ငွေထုတ်တဲ့အခါ တစ်ရက်ကို အနည်းဆုံးကျပ်တစ်ထောင်ကနေ အများဆုံး ကျပ်ဆယ်သိန်းအထိ ထုတ်ယူဖို့ ကန့်သတ်ထားတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရပိုင်ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ် (၁၇) ခု ပူးပေါင်းပြီး ရင်းနှီးငွေ အမေရိကန်ဒေါ်လာ
လေးသန်း မတည် ထူထောင်ထားတဲ့ Myanmar Payment Union ကနေ Debit Card ဘဏ်ကဒ် မိတ်ဆက်ပွဲအ
ခမ်းအနားကို ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ ဒီကနေ့ မနက်ပိုင်း က ကျင်းပခဲ့ပါတယ်။

မြစ်ဆုံဆည် ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်ဖို့ ကိုမင်းကိုနိုင် နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ကချင်ပြည်နယ်ကို ရောက်ရှိ

Photo: မြစ်ဆုံဆည် ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်ဖို့ အတွက် ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် နဲ့ ၈၈ မျိုးဆက်  
ကျောင်းသားခေါင်းဆောင်တွေဟာ ဒီကနေ့ မြစ်ဆုံဒေသ အခြေအနေတွေ ကို သွားရောက်လေ့လာခဲ့သလို  စီမံကိန်းကြောင့် နေရာရွှေ့ပြောင်းခံခဲ့ရတဲ့
 အောင်မြေသာ စံပြကျေးရွာကိုလည်း သွားရောက်ခဲ့ပါတယ်။

 ဒေသခံတွေအနေနဲ့ ကျောက်တောင်တွေ တည်ရှိရာနေရာကို  ပြောင်းရွှေ့ခံခဲ့ ရတဲ့အတွက် ထွန်ယက်စိုက်ပျိုး မရတာကြောင့် စားဝတ်နေရေးအခက်အခဲ
 တွေ့ရကြောင်း ၊ ကုမ္ပဏီက ဆောက်လုပ်ပေးထားတဲ့ နေအိမ်တွေဟာလည်း ကျိုးပဲ့ပျက်စီးနေတာတွေ့ခဲ့ရ ကြောင်း ၊ ကလေးတွေရဲ့ ပညာရေးမှာ အခက်အခဲ ရှိတာ တွေ့ရကြောင်း ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိင်က
 ပြောပါတယ်။ 

ဒီခရီးစဉ်မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ရွှေတွံတေးဆရာတော်၊  မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင် နဲ့ ရေအရင်းအမြစ် ပညာရှင်
 ဒေါက်တာ ခင်နီနီသိန်း တို့လည်း လိုက်ပါလာကြောင်း သိရပါတယ်။

 ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ မနက်ဖြန် ကျင်းပမယ့်  မြစ်ဆုံဆည်ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် အခမ်းအနားမှာ ကချင်စစ်ဘေးဒဏ်ခံပြည်သူတွေအတွက် အလှုငွေ သိန်း ၂၀၀ လှူဒါန်းမယ်လို့လည်း သိရပါတယ်။

မြစ်ဆုံဆည် ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်ဖို့ အတွက် ကချင်ပြည်နယ်ကို ရောက်ရှိ
နတဲ့ ကိုမင်းကိုနိုင် နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ဒီကနေ့ မြစ်ဆုံဒေသ အခြေအနေ
တွေ ကို သွားရောက်လေ့လာခဲ့သလို စီမံကိန်းကြောင့် နေရာရွှေ့ပြောင်းခံခဲ့ရတဲ့ အောင်မြေသာ စံပြကျေးရွာ
ကိုလည်း သွားရောက်ခဲ့ပါတယ်။

ထိုင်းမြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည် ၁ သိန်း ၂ သောင်းခန့်ဟာ တနှစ် အတွင်း မြန်မာနိုင်ငံကို ပြန်ခွင့် ရနိုင်တော့မည်

Photo: ထိုင်းမြန်မာ နယ်စပ်တလျှောက်မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေက ဒုက္ခသည် ၁ သိန်း ၂ သောင်းခန့်ဟာ တနှစ်အတွင်း မြန်မာနိုင်ငံကို ပြန်ခွင့် ရနိုင်တော့မယ်လို့ ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက မနေ့က ကြေညာလိုက်ပါတယ်။

 မြန်မာအစိုးရ နေပြည်တော်မှာ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံ ဆွေးနွေးအပြီး ထိုင်း အမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် Wichean Potephosree က အခုလို ကြေညာချက်
ထုတ်ပြန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။ 

ဒုက္ခသည်တွေ ပြည်တွင်း ပြန်လာရင် အလုပ်အကိုင် အနေအထိုင်တွေ ရဖို့ မြန်မာအစိုးရ အနေနဲ့ နယ်စပ်တလျှောက် မြေမြုပ်မိုင်း ရှင်းလင်းရေး၊ လူနေ အဆောက်အဦးတွေ ဆောက်လုပ်ရေးနဲ့ တခြား အခြေခံ အဆောက်အဦတွေ ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ 

ထိုင်းအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီးက
 ပြောခွင့်ရသူ Sunai Phasuk ကတော့ မြန်မာဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ ထိုင်းလုပ်ငန်းရှင်တွေရဲ့ အခန်းကဏ္ဍလည်း ရှိပါတယ်လို့
 ပြောပါတယ်။

(Video) ထိုင်းလုပ်ငန်းရှင်တွေ အနေနဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်မှာ လုံခြုံချောမွေ့စွာ ပြန်လည် နေထိုင်နိုင်ရေး၊ နယ်စပ်တလျှောက် စက်ရုံ အလုပ်ရုံတွေ ဆောက်လုပ်ပြီး ရင်းနှီး မြုပ်နှံကြဖို့ မြန်မာအစိုးရက တောင်းဆို ထားတယ်လို့လည်း HRW ပြောခွင့်ရသူက ဆိုပါတယ်။ 

ထိုင်းမြန်မာနယ်စပ်မှာ မြန်မာဒုက္ခသည် စခန်း ၉ ခုရှိပြီး ရှမ်းနဲ့ကရင် တိုင်းရင်းသား ဒုက္ခသည်တွေက အများစုလို့ သိရပါတယ်။  

(Photo: TBBC)
(Photo: TBBC)
ထိုင်းမြန်မာ နယ်စပ်တလျှောက်မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေက ဒုက္ခသည် ၁ သိန်း ၂ သောင်းခန့်ဟာ တနှစ်
အတွင်း မြန်မာနိုင်ငံကို ပြန်ခွင့် ရနိုင်တော့မယ်လို့ ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက မနေ့က ကြေညာ
လိုက်ပါတယ်။

အသုံးရခက်တဲ့ အပေါင်မဲ့ချေးငွေ

 
ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး(၃၄)ရက်မြောက်အစည်းအဝေးမှာလသာမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်
စားလှယ် ဦးကြည်မြင့်မေးတဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်း အသေး စားနဲ့ အလတ်စားလုပ်ငန်းများ အတွက် အပေါင်မဲ့တစ်နှစ် ၁၅ ရာခိုင်နှုန်းအတိုးဖြင့် လုပ်ငန်းမည် မျှနဲ့ ချေးငွေမည်မျှထုတ်ချေးခဲ့ သည်ကို သိရှိလိုကြောင်းမေးခွန်းဟာကျွန်တော်တို့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အပေါင်မဲ့ ငွေထုတ်ချေးပေးတာနဲ့
ပတ်သက်တဲ့မေးခွန်းလို့ထင်ပါတယ်။

ပဲခူးမြို့ပေါ်မှ ခရီးသည်တင်သုံးဘီးကားနှင့် ဆိုင်ကယ်များ ယခု နှစ်မကုန်မီ ဖယ်ရှားမည်


ပဲခူးမြို့ပေါ်၌နှစ်ပေါင်း၃၀ နီးပါး ပြေးဆွဲလျက်ရှိသော ခရီးသည်တင်သုံးဘီးကားနှင့် သုံးဘီးဆိုင်ကယ်များအား ယခုနှစ်မကုန်မီ အပြီး ဖယ်ရှားရှင်းလင်းသွားမည်ဟု ပဲခူးမထသမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တောင်တွင်း-မကွေးကားလမ်းမကြီးပေါ်တွင် ဆိုင်ကယ် ၂ စီးမျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွား

 
မကွေးတိုင်းဒေသကြီးတောင်တွင်းမြို့နယ်တောင်တွင်း-မကွေးကားလမ်းမကြီး မိတ်ဆက်စားသောက်ဆိုင် 
ရှေ့တွင် ယာဉ်တိုက် မှုဖြစ်ပွားကြောင်း သတင်း ရရှိသည်။

အစိုးရတပ်ဖွဲ့များ မှားယွင်းစွာ ပစ်ခတ်မှုကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဒုက္ခသည် တဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရ

အစိုးရတပ်ဖွဲ့များမှားယွင်းစွာပစ်ခတ်မှုကြောင့်ကချင်ပြည်နယ်၊ဖားကန့်မြို့တွင်းမှော်ဝမ်း ရပ်ကွက်မှ နှစ်ခြင်း
အသင်းတော်ဘုရားကျောင်းတွင်ခိုလှုံနေသောစစ်ပြေးဒုက္ခသည်တဦးသေဆုံးကာခုနှစ်ဦးဒဏ်ရာ ရရှိသွား
ကြောင်း ဒေသခံများက ပြောသည်။

ဂျပန် ထုတ်ကုန်ပစ္စည်းပြပွဲ ၂ဝ၁၂ ကို အောက်တိုဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည်

ဂျပန် ထုတ်ကုန်ပစ္စည်းပြပွဲ ၂ဝ၁၂ ကို အောက်တိုဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သည့် Myanmar Professioinal Services Company Limited မှ Executive Director ဒေါက်တာ ဇာနည်မောင်မောင်က ပြောသည်။

စင်ပြိုင်အစိုးရတရပ် မလိုအပ်တော့၍ အမျိုးသား ညွှန်ပေါင်းအစိုးရ NCGUB အား ဖျက်သိမ်းလိုက်

လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းများအရ စင်ပြိုင်အစိုးရ တရပ် ထားရှိရန် မလိုအပ်တော့၍ အမျိုးသား ညွှန်ပေါင်းအစိုးရ NCGUB အား ဖျက်သိမ်းလိုက်ကြောင်း ပြန်ကြားရေးနှင့် လူထု ဆက်ဆံရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဒေါက်တာတင့်ဆွေ က ပြောသည်။ “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေရော၊ ကျောင်းသားတွေရော ပြည်ပကို ထွက်ပြီးမြန်မာပြည် အခြေအနေကို ပြောနိုင် ဆိုနိုင်ပြီ။ 

ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း)SSA နှင့် အစိုးရတပ် ဓားစာခံချင်း ဖလှယ်သော်လည်း ရွာသားတချို့ မလွတ်သေး

ဒေသခံရွာသားများကိုအစိုးရတပ်ကဖမ်းဆီးမှုကြောင့်အစိုးရတပ်သားများကိုရှမ်းပြည်တပ်မတော်(မြောက်ပိုင်း
)ဟုလူသိများသည့်SSPP/SSAက အပြန်အလှန် ဖမ်းဆီးခဲ့ပြီး တနင်္လာနေ့တွင်ပြန်လွှတ်ပေးလိုက်သော်လည်း ရွာသားများကို ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း SSA ဘက်က ပြောသည်။

ကျောင်းဆင်းချိန် KIA မှ မိုင်းခွဲမှုကြောင့် ကျောင်းသူ၊ ကျောင်းသားများ သေဆုံး ဒဏ်ရာရရှိ



ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်းရှိ မှော်ဝန်း ကလေးေ ကျးရွာနှင့် စွန့်ငိုင်ကျေးရွာ ကြား တွင် ကျောင်း
ဆင်းချိန် KIA အဖွဲ့မှ မိုင်းဖောက်ခွဲမှုကြောင့်  ကျောင်းသူ၊ ကျောင်းသား အများ အပြား ထိခိုက် ဒဏ်ရာ ရရှိ
ခဲ့ပြီး အသက်(၁၃)အရွယ်ရှိ စွန့်ငိုင်ရွာတွင်နေထို င်သော ကျောင်းသူမဆိုင်းဂျာအိမ် သည် အရေးပေါ်လူနာ
အဖြစ် ဖားကန့်ဆေးရုံသို့ရောက်ရှိလာကာ ခွဲစိတ်ဆရာဝန် များနှင့် သူနာပြုများမှ အစွမ်းကုန် ကုသပေးခဲ့
သော်လည်း ည(၁၀)နာရီခန့်တွင် သေဆုံးသွားခဲ့တယ် လို့ သိရပါတယ်။

မသွဲ့သွဲ့ဝင်း၊ မအေးနက်နှင့် မဖြူဖြူဝင်းတို့ ယနေ့ ညနေပိုင်းက ပြန်လည် လွတ်မြောက်



  
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရွာများမှ မုံရွာမြို့သို့ဘုရားဖူးသွားရောက်ရင်းထိန်းသိမ်းခံခဲ့ရသောဝက်မှေးရွာသူအမျိုးသမီးသုံးဦးဖြစ်သည့် မသွဲ့သွဲ့
ဝင်း၊မအေးနက်နှင့်မဖြူဖြူဝင်းတို့စက်တင်ဘာလ၁၄ရက်နေညနေပိုင်းတွင်ပြန်လည်လွတ်မြောက် လာခဲ့
ကြောင်း သိရပါသည်။

မသွဲ့သွဲ့ဝင်းတို့ ဒီနေ့ လွတ်မည်

  ဓါတ်ပုံ - ကိုအောင်နေမျိုး
မသွဲ့သွဲ့ဝင်းတို့ကို ယနေ့ လွှတ်ပေးတော့မည် ၈၈မျိုးဆက် ကျောင်းသား   ခေါင်းဆောင် ကိုဂျင်မီက အဖမ်းဆီးခံ ထားရသည့် မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်တို့ကို ယနေ့တွင်ပြန် လွတ်ပေးဖွယ် ရှိကြောင်း ယနေ့၁နာရီခန့်တွင်စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာအေးနှင့်တွေ့ဆုံအပြီး ဧရာဝတီကို ပြောကြားခဲ့
သည်။

သမ္မတအိမ်တော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့မှာ စစ်ပွဲများရပ်တန့်ရေးအတွက်ဆန္ဒထုတ်ဖော်ပွဲများ ကျင်ပသွားမည်ဟုသတင်းရရှိ

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဖြစ်သောစက်တင်ဘာ၂၁ရက်တွင် စစ်ပွဲများရပ်တန့်ရေးအတွက် မြန်မာ
နိုင်ငံတစ်ဝန်းလုံး၌ဆန္ဒထုတ်ဖော်ပွဲများကျင်ပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။"ရန်ကုန်က လူနှစ်ရာ့
ငါးဆယ်လောက်နဲ့နေပြည်တော်ကိုနေ့ချင်းပြန်သွားမယ်။သမ္မတအိမ်တော်ရယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ
့တွေမှာ လူထုဆန္ဒထုတ်ဖော်ပွဲလုပ်မယ်။