Pages

Friday, September 14, 2012

ညီကတရားခံ အကိုကတရားလိုသေသူကဇနီး ၀မ်းနည်းဖွယ်ရာ ကွင်းပေါင်းကျေးရွာမှ လူသတ်မှု

 
မကွေးတိုင်းဒေသကြီးမကွေးခရိုင်တောင်တွင်းကြီးမြို့နယ်ဆက်သွားရဲစခန်းပိုင်ရဲစခန်း အနောက်မြောက်
ဘက်၁၇မိုင်ခန့်အကွာယာကြီးတောအုပ်စုကွင်းပေါင်းကျေးရွာတွင်လူသတ်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့
သည်။
ဖြစ်စဉ်မှာ၁၁.၉.၂၀၁၂ နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့် က ဆက်သွားရဲစခန်းပိုင် ယာကြီးတောအုပ်စု ကွင်းပေါင်းကျေးရွာတွင်ဓားခုတ်မှုဖြစ်ပွားနေကြောင်းသတင်းအရဆက်သွားရဲစခန်းမှစခန်းမှူး ရဲအုပ်ထွန်း
ထွန်းအောင်ဦးစီးသောရဲတပ်ဖွဲ့ဝင်များသည်အခင်းဖြစ်ပွားရာအရပ်သို့သွားရောက်စုံစမ်းစစ်ဆေးရာ ယာ
ကြီးတောအုပ်စုကွင်းပေါင်းကျေးရွာနေဦးအောင်ဝင်းသည်ကျေးရွာအုပ်ချုပ်ရေးမှူးဦးဌေးအောင် ၊ ကျေးရွာ
လယ်သမားများနှင့်အတူရွာတောင်ဘက်ရှိကန်ကြီးကန်ဆည်ကျိုးပေါက်မည်ကိုစိုးရိမ်သဖြင့် သွားရောက်
ကြည့်ပြီးနေအိမ်သို့ပြန်လည်ရောက်ရှိစဉ်ညီဖြစ်သူမောင်နိုင်နှင့်ဇနီးဖြစ်သူမသိန်းကြည်တို့ စကားများရန်
ဖြစ်သံကြားရ၍ ဇနီးဖြစ်သူအား အကျိုးအကြောင်းမေးမြန်းရာ မောင်နိုင်မှ သားဆဲ ၊ မယားဆဲ ဆဲဆိုသဖြင့် စကားများခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ညီဖြစ်သူမောင်နိုင်အား ဆက်လက်မေးမြန်းရာမောင်နိုင်မှဖရုံခင်းနွားဝင်စားကြောင်း နှင့် အိမ်ဝိုင်းကိုရောင်း
မည် ပြောသံကြားရ၍ စကားများခြင်းဖြစ်ကြောင်းသိရသည်။

အခြေအနေတင်းမာလာသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးဌေးအောင်အား သွားရောက်ခ်ါပြီး ပြန်လာစဉ် ဇနီး
ဖြစ်သူ မသိန်းကြည်မှာ နေအိမ်အ၀င်ပေါက် အောက်တွင် ၀ဲနားရွက်အောက် ၊ မေးစေ့ နောက်စေ့အထိ ၈ လက်မခန့် အနက ၁ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်ရရှိပြီးသေဆုံးနေသည်ကိုတွေ့ရှိရသည်ဆို၏။

ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ ဦးအောင်ဝင်းမှ ၎င်း၏ ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်သူ၎င်း၏ ညီမောင်နိုင် ၄၂ နှစ် (ဘ) ဦးထွန်းတင်ယာကြီးတောအုပ်စု ကွင်းပေါင်းကျေးရွာနေသူအား ဥပဒေ နှင့် အညီ အရေးယူပေး
ပါရန် တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။

ထိုကြောင့်ဆက်သွား ရဲစခန်း(ပ)၁၄၀/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားပြီး အမှုစစ်ရဲအုပ်
စခန်းမှူးထွန်းထွန်းအောင်မှ အခင်းဖြစ်နေရာအား မြေပုံကြမ်းရေးဆွဲခြင်း ၊ ဓာတ်ပုံ မှတ်တမ်းရိုက်ကူးခြင်း ရဲ
လုပ်ငန်းများ ကုန်စဉ်အောင် စုံစမ်းစစ်ဆေး ဆောင်ရွက်လျှက်ရှိပြီး ရဲလုပ်ငန်းပြီးပြတ်ပါက အမှုအားခိုင်မာ
စွာတည်ဆောက်၍ သက်ဆိုင်ရာတရားရုံးသို့ အမြန်တရားစွဲတင်ပို့နိုင်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း
သတင်းရရှိပါသည်။


ဟင်္သာ(တောင်တွင်းကြီး)

From -HotNewsJournal

0 comments:

Post a Comment