Pages

Friday, September 14, 2012

သမ္မတအိမ်တော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့မှာ စစ်ပွဲများရပ်တန့်ရေးအတွက်ဆန္ဒထုတ်ဖော်ပွဲများ ကျင်ပသွားမည်ဟုသတင်းရရှိ

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဖြစ်သောစက်တင်ဘာ၂၁ရက်တွင် စစ်ပွဲများရပ်တန့်ရေးအတွက် မြန်မာ
နိုင်ငံတစ်ဝန်းလုံး၌ဆန္ဒထုတ်ဖော်ပွဲများကျင်ပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။"ရန်ကုန်က လူနှစ်ရာ့
ငါးဆယ်လောက်နဲ့နေပြည်တော်ကိုနေ့ချင်းပြန်သွားမယ်။သမ္မတအိမ်တော်ရယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ
့တွေမှာ လူထုဆန္ဒထုတ်ဖော်ပွဲလုပ်မယ်။ ကချင်ပြည်နယ်မှာဖြစ်နေတဲ့စစ်ပွဲတွေရပ်ဖို့တောင်းဆိုမယ်"ဟုကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်အက်တာ
က စက်တင်ဘာ ၁၄ ရက်တွင် မီဒီယာများအား ရှင်းလင်းပြော ကြားသည်။


အဆိုပါနေ့တွင်အင်းလျားကန်ပေါင်ရှိတံတားဖြူတွင်လည်းမိုးပျံပူဖောင်းလွှတ်ခြင်း၊စွန်လွှတ်ခြင်း၊ ဆူးလေစေ
တီတော်မှတံတားဖြူအထိလူဦးရေ၃၀၀ခန့်လမ်းလျှောက်ခြင်း၊လှည်းတန်းမီးပွိုင့်တွင် "တစ်နိုင်ငံလုံးစစ်ပွဲရပ်
" စာတန်းပါစတစ်ကာအား ကားများတွင် ကပ်ခြင်း၊
 
 အဆိုပါစာတန်းကိုအပြာရောင်အ၀တ်စပေါ်တွင်ရေးထိုးပြီးနဖူးစည်းအဖြစ်လည်းကောင်း၊ လက်ပတ်အဖြစ်
လည်းကောင်းတပ်ဆင်ဝတ်ဆင်ခြင်းစသည့်လုပ်ဆောင်မှုများကိုနေပြည်တော်အပါအ၀င် တိုင်းဒေသကြီး
နှင့်ပြည်နယ်အားလုံးရှိအနုပညာသမားများနှင့်လူမှုရေးအဖွဲ့အစည်းဝင်အားလုံး ပူးပေါင်းဆောင်ရွက်ရန်စီ
စဉ်နေကြောင်းလူမှုရေးလုပ်ငန်းများဆောင်ရွက်နေသောအဖွဲ့အစည်း၂၀ခန့်မှ တာဝန်ရှိသူများကပြောသည်။
7Day News Journal

0 comments:

Post a Comment