Pages

Friday, September 14, 2012

ဂျပန် ထုတ်ကုန်ပစ္စည်းပြပွဲ ၂ဝ၁၂ ကို အောက်တိုဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည်

ဂျပန် ထုတ်ကုန်ပစ္စည်းပြပွဲ ၂ဝ၁၂ ကို အောက်တိုဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သည့် Myanmar Professioinal Services Company Limited မှ Executive Director ဒေါက်တာ ဇာနည်မောင်မောင်က ပြောသည်။
ထိုပွဲတွင် ဂျပန်နိုင်ငံမှ Sony, Fuji Films စသည် ကုမ္ပဏီ ၄ဝ ခန့်မှ လျှပ်စစ်ပစ္စည်း၊ ကင်မရာ၊ ပရင်တာ၊ အ
ဝတ်အထည်၊ ကားအပိုပစ္စည်း၊ အိုင်တီပစ္စည်းများ ပါဝင်ပြသ ရောင်းချမည်ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံမှ ကုမ္ပ
ဏီများနှင့် ချိတ်ဆက်လုပ်ကိုင်နေသော ပြည်တွင်းမှ ကုမ္ပဏီများလည်း ပါဝင်မည်ဖြစ်သည်။

ဂျန်ပန်နိုင်ငံ၏ မြန်မာနိုင်ငံတွင်း ဈေးကွက်ချဲ့တွင်မှု ခြေလှမ်းဖြစ်သည့် အဆိုပါ ပြပွဲသည် ၂ဝ၁၂ ခုနှစ်အ
တွင်း ဂျပန်ကုမ္ပဏီများ၏ ဒုတိယအကြိမ်မြောက် အရာင်းမြှင့်တင်ရေး အစီအစဉ်တစ်ခုဖြစ်သည်။

၂ဝ၁၂ ခုနှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံ၏ သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း
ပေါင်း ၃၃၇.၁၉ ရှိပြီး မြန်မာနိုင်ငံ၏ ဂျပန်နိုင်ငံသို့ ပို့ကုန်တန်ဖိုးမှာ ဒေါ်လာသန်းပေါင်း ၁ဝ၆.၄၆ သန်းရှိ
သည်။


ရန်ကုန် (မဇ္ဈိမ)

0 comments:

Post a Comment