Pages

Friday, September 14, 2012

"အလန်းလွန် အလွန်လန်း" ရုံတင်မည်


မိန်းကလေးအများစု ဝိုင်းဝိုင်းလည်အောင် အကြိုက်ခံရပြီးအမျိုးသမီးများ အလယ်တွင် အလွန်မျက်နှာပန်း
ပွင့်သည့် ဇာတ်ကောင်နေရာမှ နေတိုးသရုပ်ဆောင်ထားပြီး အဓိကသရုပ်ဆောင် မင်းသမီးခုနစ်ဦး ပါဝင်
သရုပ်ဆောင်ထားသော “အလန်းလွန်အလွန်လန်း” ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာလလယ်တွင် ရုံတင်ပြ
သတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မချစ်မနှစ်သက်သူနှင့် ပေါင်းသင်းရခြင်း၊ ချစ်သူနှင့် ကွေကွင်းရခြင်းတို့သာ မဟုတ်ဘဲ ချစ်ခင်သူပေါများခြင်း
သည်လည်းဒုက္ခ္ခရောက်စေနိုင်ကြောင်းပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပြီး ချစ်သူစွန့်ပစ်သွားသောကြောင့်ကိုယ်
ဝန်ရှိနေသည့် မိခင်က ဘဝကို အဆုံးစီရင်ရန်ကြံစည်စဉ် ရုက္ခစိုးက ကလေးငယ်ကို “မျက်နှာမြင်သူတိုင်း ချစ်
ခင်ပါစေ” ဆုပေးခဲ့ရာမှ ဆုတောင်းပြည့်ခဲ့သည့် နေတိုး (စွမ်းကမ္ဘာ) ကို အခြေပြုကာ အခြေပြုဟာသဇာတ်
လမ်းဆင်ကာ ရိုက်ကူးထားခြင်း ဖြစ်သည်။ 

ယင်းဇာတ်ကားတွင် နေတိုး၏ ချစ်သူရည်းစားများအဖြစ် သင်ဇာဝင့်ကျော်၊ မယ်လိုဒီ၊ စိုးပြည့်သဇင်၊ နန်းဆု
ရတီစိုး၊ ဝတ်မှုန်ရွှေရည်၊ ခရစ္စတီးနား၊ ချမ်းမီမီကိုတို့သရုပ်ဆောင်ထားပြီးချမ်းမီမီကိုမှာ ရေသူမဇာတ်ကောင်
ပုံစံဖြင့် ဇာတ်သိမ်းခန်းတွင် ကွန်ပျူတာအထူးပြုလုပ်ချက်များဖြင့် သရုပ်ဆောင်ရိုက်ကူးထားကြောင်း သိရ
သည်။ 

 “ဒီကားက ရုပ်ရှင်မှာ ရေသူမသရီးဒီနဲ့ ရိုက်ထားတာ ပထမဆုံးပါပဲ။ ရေသူမရုပ်ရဖို့ တစ်လလောက် အချိန်
ပေးရိုက်ခဲ့ရတယ်။ သရီးဒီဆွဲတဲ့ ကိုသူရသိန်းတင်နဲ့လည်း ဆွေးနွေးပြီး လုပ်ခဲ့ရတယ်။ 

HD နဲ့ ရိုက်ပြီးမှ ဘန်ကောက်က Technicolor စတူဒီယိုမှာ ဖလင်ပြန်ပြောင်းထားတာပါ”ဟု ယင်းဇာတ်ကား၏ ဇာတ်ညွှန်းရေးဆရာ သြရသက ဇာတ်ကားရိုက်ကူးရေးပိုင်းကို ပြောပြသည်။ 

အလန်းလွန်အလွန်လန်းဇာတ်ကားကို စက်တင်ဘာ၂၁ ရက်တွင်ရုံတင်ပြသမည်ဖြစ်ပြီးရန်ကုန်နှင့်ငွေဆောင်
ကမ်းခြေတို့တွင် ရိုက်ကူးထားသည်။

7Day News Journal

0 comments:

Post a Comment